ရှိမှန်းတောင်မသိကြတဲ့ တချို့လူတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအပို (၄) ခုအကြောင်း
shwemom.com
|
2019-05-07

လူ့ခန္ဓာကိုယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ဖွဲွဲ့စည်းပုံခြင်းတူပေမယ့်အနေအထားချင်းကျတောာ့ ကွဲပြားခြားနားတတ်ကြပါတယ်။ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါပေမယ့်လည်း တချို့လူတွေမှာကျတော့အဲဒီအစိတ်အပိုင်းအရေအတွက်ထက် ပိုပြီး ပါရှိနေတတ်သူများလည်းရှိကြပြန်ပါတယ်။ ကိုယ့်မှာအပိုအစိတ်အပိုင်းတွေ ပါနေတာကိုတချို့ကျတော့လည်း သိကြပေမယ့် တချို့ကျတော့လည်း မမြင်ရတဲ့ခန္ဓာကိုယ်တွင်းမှာ ဖြစ်နေတတ်ကြတဲ့အတွက် သိတာမျိုးတွေရှိပါသေးတယ်။

အခုဖော်ပြပေးချင်တာကတော့ လူတွေတော်တေ်ာများများ သူတို့ဆီမှာရှိမှန်းမတောင်မသိတတ်ကြတဲ့ ခ္ဓာကိုယ်အစိတ်အပိုငးတချို့အကြောင်းဖြစ်တာကြောင့် ကိုယ့်မှာရောအောက်မှာဖော်ပြထားသလိုတွေ ရှိနေလားဆိုတာ ဖတ်ကြည့်ပြီး စမ်းစစ်လိုက်ပါဦးနော်။


(၁) The fabella

Fabella ဆိုတဲ့အရိုးသေးသေးဟာ ၁၉၁၈ ခုနှစ်အရှေ့ပိုင်းတုန်းက လူတွေရဲ့ ၁၁.၂၈% လောက်မှာ ရှိတတ်ကြတဲ့အရိုးလေးပဲဖြစ်ပါတယ်။ ဒူးရဲ့အနောက်နား၊ ဒူးကောက်ခွက်လောက်မှာ ရှိနေတတ်ပြီး ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုတော့ ဘယ်လိုမျိး ကောင်းကျိုးဆိုးကျိုးမှ မသက်ရောက်ပါဘူး။အခုအချိန်မှတော့ ဒီအရိုးလေးကို ကမ္ဘာ့အရွယ်ရောက်ပြီးသားလူဦးရေရဲ့ ၃၉% လောက်မှာ တွေ့ရှိရတယ်လို့ Imperial College London မှ သုတေသီတွေက ထုတ်ပြန်ခဲ့ပါတယ်။ Fabella လေးတွေဟာ မျိုးရိုးလိုက်နိုင်သလို ပတ်ဝန်းကျင်အနေအထားတွေနဲ့ ရှိသင့်ရှိထိုက်တဲ့အရိုးတွေကို သန္ဓေသားဘဝမှာ လုပ်ဆောင်ရင်း မအောင်မြင်တဲ့အခါမျိုးတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။


the Sun


(၂) သွားများ

သွားထပ်ရှိတဲ့လူတွေဟာ သာမန်ထက် သွားအရေအတွက် ပိုကြတယ်ဆိုတာ သိပြီးကြလောက်မှာပါ။ လူတွေဟာ သွားတွေအကုန်လုံးမလဲခင်မှာ သွားအချာင်း ၂၀ ရှိကြပါတယ်။အဲဒီနောက်မှာတော့ သွားတွေ တစ်ချောင်းပြီးတစ်ချောင်းကျိုးကုန်ကာအသစ်တွေလဲရင်းအရွယ်ရောက်လာတဲ့အချိန်မှာတော့ သွား ၃၂ ချောင်းတိတိရှိလာခဲ့ကြတာပါ။ သို့ပေမယ့် ၃၂ ချောင်းထက်ပိုတဲ့သွားတွေကို ပိုင်ဆိုင်ထားသူတွေဟာ ကမ္ဘာမှာ ၂% တိတိရှိနေပါတယ်။ Supernumerary လို့ခေါ်တဲ့သွားတွေဟာ သွားအသစ်တွေထွက်ပြီးတာတောင်မှပဲ သွားဖုံးနဲ့အထက်ပိုင်းတွေမှာကျန်ရှိနေသေးတဲ့ သွားတွေကို ဆိုလိုတာပါ။ ဒီဓာတ်မှန်ပိုင်ရှင်အမျိုးသမီးကတော့ ဆေးပညာအရ ရှာဖွေတွေ့ရှိခဲ့တဲ့အထဲအပိုသွား ၁၉ ချောင်းနဲ့ သွားအများဆုံးပိုင်ရှင်ဖြစ်နေခဲ့တာပါ။


the Sun


(၃) သားမြတ်ခေါင်း

အမျိုးသားရောအမျိုးသမီးမှာပါ ပါရှိကြတဲ့ သားမြတ်ခေါင်းတွေဟာ လူတွေဆီမှာတော့ ဘယ်တစ်ဖက်ညာတစ်ဖက်သာ ရှိကြတာပါ။ တခြားသောနို့တိုက်သတ္တဝါတချို့မှာတော့ တစ်စုံထက်ပိုတဲ့ သားမြတ်ခေါင်းများရှိလို့နေပါတယ်။ သာမန်အရဆိုရ်ငတော့ လူအပါအဝင်ဘယ်သတ္တဝါမှာမဆို သားမြတ်ခေါင်းဟာ စုံကဏန်းသာရှိရမှာပါ။ သို့ပေမယ့် တချို့သောလူတွေဆီမှာတော့ polythelia လို့ခေါ်တဲ့ သားမြတ်ခေါင်းအပိုတွေရှိတတ်ကြပါတယ်။ ကျန်းမာရေးစစ်တမ်းအရဆိုရင်တော့ ပုံမှန်မဟုတ်ဘဲ သားမြတ်ခေါင်း ၇ ခုအထိ ရှိနေတဲ့လူတွေတောင် ရှိတယ်လို့သိရပါတယ်။


shutterstock


(၄) သားအိမ်

ပုံမှန်အရသားအိမ်ဆိုတာအမျိုးသမီးတွေမှာပဲ ရှိတတ်ကြတယ်လို့ သိထားကြပေမယ့် တချိုု့သောအမျိုးသားများကတော့ သားအိမ်ပါပြီး မွေးလာခဲ့ကြပါတယ်။အဲဒလိုအပိုပါလာတဲ့ သားအိမ်တွေဟာအမျိုးသားများအရွယ်ရောက်တဲ့အချိန်ကျမှ ဖွံ့ဖြိုးတတ်ကြတာပါ။ ရာသီသွေးလည်း ပုံမှန်လာပြီးအမျိုးသားအင်္ဂါမှအပေါ့စွန့်သလိုစွန့်လေ့ရှိကြပါတယ်။ သို့ပေမယ့်အယောက် ၁ သောင်းမှာ ၁ ယောက်တောင်မရှိတဲ့အတွက် စိုးရိမ်စရာတော့မရှိလှပါဘူး။


pixabay


Source: The Sun


Penny

 




Some text some message..