ဒီနေ့ခေတ်အမျိုးသားတွေ ဘာကြောင့် ရင်သားခွဲစိတ်မှုတွေကိုအားကိုးလာကြသလဲ?
shwemom.com
|
2019-05-07

ကိုယ်အလေးချိန်၊အသွင်အပြင်နဲ့ ပတ်သက်လို့အမျိုးသမီးတွေပဲ ပူပန်တတ်ကြတာမဟုတ်ပါဘူး။အမျိုးသားတွေမှာလည်း သူတို့နည်း သူတို့ဟန်နဲ့ ကျန်းမာကြံခိုင်အောင် ထိန်းသိမ်းကြပါတယ်။


shutterstock

ပုံမှန်အားဖြင့် များစွာသောအမျိုးသားတွေဟာ သူတို့ရဲ့ ရင်သားကြီးထွားလာမှာကို သိပ်စိုးရိမ်ကြပါတယ်။ တစ်ခါတစ်ရံ ဟော်မုန်းအမျှတမှု၊ မျိုးရိုးလိုက်ခြင်း၊ ကိုယ်အလေးချိန်အတက်အကျဖြစ်ခြင်းတို့ကြောင့် သားမြတ်အကျိတ်တွေ ကြီးထွားလာတတ်ပါတယ်။ ကျန်းမာတဲ့ ၃၀ နဲ့ ၅၀ ခိုင်နှုန်းကြားအမျိုးသားတွေမှာ ဒီလို ပြဿနာ သက်ရောက်နေတယ်လို့ Cleveland Clinical ဆေးဘက်ဆိုင်ရာ ဂျာနယ်ရဲ့ ဖော်ပြမှုအရသိရပါတယ်။


instagram

ပုံမှန်မဟုတ်တဲ့အဆီချတဲ့ နည်းလမ်းတွေကလည်း ရင်သားအပေါ် သက်ရောက်မှုတွေရှိပါတယ်။အဲ့ဒီလိုတွေကြောင့်နဲ့ ဒီကိစ္စပတ်သက်ရင်အမျိုးသားတွေဟာ ရှုပ်ထွေးမှုတွေ တိုးပွားလာကြတယ်၊ မဝံ့မရဲ ခံစားလာကြရတယ်၊ မိမိကိုယ်မိမိလည်းအထင်သေးလာတတ်ကြပါတယ်။


instagram

တစ်ချို့ကလည်အလွယ်လမ်းလိုက်တယ်လို့ ဆိုရမလားအားကစားခန်းမကို မသွားဘဲ ပလတ်စတစ် ဆာဂျရီလုပ်ပြီး ဖယ်ရှားပစ်ကြပါတယ်။ ဒီလိုနဲ့ပဲအမျိုးသားတွေမှာလည်း ပလတ်စတစ် ဆာဂျင်တွေရဲ့ ခေတ်သစ် ကုသထုံးတွေကိုအားကိုးလာကြတာကို တွေ့ရပါတယ်။

တကယ်လို့များ သင့်ရဲ့ ရည်းစား၊အမျိုးသားမှာ ဒီလို ပြဿနာမျိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုရင် သူတို့ကို ရင်ဘက် ပျံ့ကားစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ခိုင်းတာ၊ စက်ဘီးနင်း၊ ရေကူး၊ လမ်းလျှောက်တာနဲ့ ဖြေးဖြေးမှန်မှန်ပြေးတာတွေ လုပ်ခိုင်းပါ။

























View this post on Instagram






























#vulnerable post ahead The last picture is of me shirtless and that’s never been an easy thing for me to do, especially on the internet because people can be harsh. I have kind of big and oddly shaped nipples because of having #gynocomastia as a teenager. The surgery to remove it left my nipples in an interesting state, but it’s so much better than it was and I’m so #grateful my parents made it possible for me to get. . . Took my measurements today and they were: Chest 50 Stomach 51 Waist 47 Hips 52.5 This is down from about a month ago, so that’s way cool too. Guys, my buddy Forrest (@jazzmine488) is a natural at #pull workouts. He’s killing it! Also, his girlfriend has joined us and we are so glad to have her! Our team is awesome. Gym: @performancefitness247 Workout fueled by: @forcefactor #fuego #preworkout Recovery fueled by: @forcefactor #bcaa #tropicalfreeze #fitness #fitnessmotivation #fitnessjourney #cardio #forcefactor #bcaa #fueledbydesire #triceps #chest #thestrengthwithin #muscle #eggsaredelicious #hardboiledwithtapatio #weightlossjourney #weightlosstransformation #weightloss #weightlifting #healthylifestyle #healthyliving #beastmode #becomingabetterme #beast #kahuku


A post shared by

Steve Buckholz Jr. (@stevebuckholzjr) on




Gym တွေ ဘာတွေ သွား၊ ထရိန်နာနဲ့ ဆွေးနွေးတိုင်ပင်ပြီး လေ့ကျင့်ခန်းတွေ လုပ်ပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ကာယလှုပ်ရှားမှုနဲ့ ကျန်းမာတဲ့အာဟာရ ဖြည့်စွက်မှုကအမြဲအထောက်အကူဖြစ်စေတဲ့ နည်းလမ်းတွေပါ။အမှန်တကယ်လိုအပ်တာကတော့ တက်ကြွဖို့၊ ထကြွလှုပ်ရှားမှုရှိဖို့နဲ့၊ စိတ်ပိုင်းဖြတ်ထားဖို့ပဲ ဖြစ်ပါတယ်။

Ref: Fabiosa

Matthew (ShweMOM)



Some text some message..