Anthrax ဒေါင့်သန်းရောဂါ
healthcare.com.mm
|
2019-05-08


• ဒေါင့်သန်းရောဂါဖြစ်ပါမယ်။ Bacillus anthracis ပိုးကနေ ကူးစက်တယ်။ တိရစ္ဆာန်တွေမှာဖြစ်တယ်။ လူကိုလည်း ကူးစက်နိုင်တယ်။ ဆိုးတယ်။ သေနိုင်တယ်။ ရှားတော့ရှားပါတယ်။ လူ-လူချင်းတော့ ကူးစက်တယ်လို့ မတွေ့သေးပါ။ • ရောဂါဖြစ်နေတဲ့အကောင်ရဲ့အသားကို ကိုင်မိရာကနေဖြစ်တာများတယ်။ ထိကိုမိတဲ့ရောမှာအနာတွေပေါက်မယ်။အနာကအလယ်မှာမဲနေမယ်။ ဘေးမှာရဲဖေါင်းကြွနေတယ်။ ဘေးမှာ ရောင်မယ်။ သိပ်မနာပါ။ တက်စေ့တွေရောင်မယ်။ • စားမိရာကနေအစာလမ်းမှာလဲ ဖြစ်မယ်။ ပျို့-အန်ချင်မယ်။ ဗိုက်နာမယ်။ ခေါင်းကိုက်မယ်။အစားပျက်မယ်။ ဖျားမယ်။ သွေးဝမ်းသွားမယ်။ လည်ချောင်းနာမယ်။ လည်ပင်းရောင်မယ်။ • ပိုးရဲ့ (စပိုး) ကို ရှူမိလို့ဖြစ်ဖြစ်ကနေ ကူးစက်တယ်။ ရှူမိလို့အဆုပ်ထဲရောက်တာကအကုရခက်ခဲ့တယ်။ သေနိုင်တယ်။ ဖြစ်ကာစမှာ တုပ်ကွေးလိုခံစားရာကနေစမယ်။ နောက် ဖျား၊အားယုတ်မယ်။ ကြွက်သားတွေ နာမယ်။ ရင်ပတ်အနေရခက်မယ်။အသက်ရှူခက်မယ်။ ပျို့အန်မယ်။ မြိုချရင်နာမယ်။ ချောင်းဆိုးမယ်။ သွေးပါနိုင်တယ်။ ပိုဆိုးလာရင်အဖျားပိုကြီးလာမယ်။အသက်ရှူပိုခက်လာမယ်။ (ရှော့ခ်) ရမယ်။ ဦးနှောက်အဖုံးလွှာရောင်မယ်။ • မူးယစ်ဆေးထိုးသုံးသူတွေ ဆေးထိုစရာထဲကနေ ဒေါင့်သန်းရောဂါကူးတာလည်းတွေ့လာရတယ်။ ဆေးထိုးတဲ့နေရာမှာ နီရဲရောင်လာမယ်။ (ရှော့ခ်) ရမယ်။အထဲအင်္ဂါတွေအလုပ်မလုပ်နိုင်ဖြစ်လာမယ်။ ဦးနှောက်အဖုံးလွှာရောင်မယ်။ • ကုသနည်း = ပိုးသေဆေး ရက်ပေါင်း ၆ဝ ပေးရတယ်။ Ciprofloxacin (Cipro) or Doxycycline (Monodox, Vibramycin) တမျိုးမျိုးသုံးတယ်။ levofloxacin (Levaquin) ဆေးလည်းသုံးတယ်။ လိုအပ်ရင် ဆေးတမျိုးမက ပေးတယ်။ • ၂ဝဝ၁ ကစပြီး ယူအက်စ်မှာတော့ Antitoxinအဆိပ်ဖြေဆေးသုံးတယ်။ • Anthrax vaccine ကာကွယ်ဆေးပေါ်နေပြီ။ ကလေးတွေနဲ့အသက်ကြီးသူတွေကို ထိုးမပေးပါ။ • မြို့သာမှာ တာဝန်ကျတုံးကအဲလိုလူနာတွေကို ကုသပေးခဲ့ရတယ်။အခုပြောတဲ့ဆေးတွေ မပေါ်သေးလို့ Injection Streptomycin ထိုးဆေးနဲ့သာ ကုပေးရမယ်။ ရှင်ကြပါတယ်။ Ref: ဒေါက်တာတင့်ဆွေ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..