နွေရာသီမှာအုန်းရည်ပုံမှန်သောက်ပေးသင့်တဲ့အကြောင်းရင်း
trend.com.mm
|
2019-05-08




ပူပြင်းလှတဲ့နွေရာသီကိုဖြတ်သန်းရတဲ့ဘဝက တကယ်ကိုမလွယ်ကူလှပါဘူး။မနက်လည်းမနက်မို့လို့ နေ့ခင်းဆိုလည်း နေ့ခင်းမို့လို့ ညဘက်ဆိုပိုဆိုးသေး။ဒီလိုပူပြင်းလှတဲ့နွေရာသီကိုအံတုနိုင်ဖို့ သဘာဝနည်းလမ်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ခန္ဓာကိုယ်ကနေအပူဒဏ်ကိုခုခံဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့
အုန်းရည်သောက်ပေးတာပါပဲ။








ုအုန်းရည်သောက်တာက ခန္ဓာကိုယ်အတွက်ဘာတွေကောင်းလဲ
*ရေဓာတ်ဖြည့်ပေးတယ်
နွေရာသီဆို ခန္ဓာကိုယ်တွင်းရေဓာတ်ခြောက်သွေ့တာမျိုးအဖြစ်များတဲ့အတွက် ရေဓာတ်ကိုထိန်းသိမ်းနိုင်ဖို့အုန်းရည်သောက်ပေးဖို့လိုအပ်ပါတယ်။
အုန်းရည်က ခန္ဓာကိုယ်ရေဓာတ်ကိုအချိန်အတော်ကြာအောင် ထိန်းသိမ်းပေးနိုင်ပြီးအဆိပ်အတောက်တွေလည်းဖယ်ရှားပေးပါတယ်။


*ခွန်အားပြည့်ဝစေတယ်
ချွေးတွေကလည်းအမြဲထွက်ပြီး ခန္ဓာကိုယ်ထဲမှာရေဓာတ်ဆုံးရှုံးတဲ့အခါအားအင်ချည့်နဲ့လာတတ်ပါတယ်။အုန်းရည်မှာ ပိုတက်ဆီယမ်၊ဆိုဒီယမ်၊ကယ်လ်စီယမ်၊
မဂ္ဂနီဆီယမ်၊အမိုင်နိုအက်စစ်၊ဇင့် စတဲ့ ဓာတ်တွေပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်းအင်အားပြည့်ဝစေပြီး လန်းဆန်းလာစေပါတယ်။


*နှလုံးကျန်းမာစေတယ်
ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာအရေးကြီးဆုံးအစိတ်အပိုင်းက နှလုံးပဲဖြစ်ပါတယ်။အရမ်းပူပြင်းလာတဲ့အခါမှာ နှလုံးရှော့ခ်ဖြစ်တာ၊လေဖြတ်တာတွေ
အဖြစ်များလာပါတယ်။ဒီလိုရုတ်တရက်ဝေဒနာတွေမခံစားရအောင် သွေးတွင်းကိုလက်စထရောနဲ့သွေးဖိအားကို သင့်တင့်မျှတအောင်ထားနိုင်ဖို့လိုပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့အုန်းရည်သောက်ပေးတာပါပဲ။အုန်းရည်က နှလုံးကျန်းမာရေးကိုထိန်းသိမ်းပေးတဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့
မကောင်းတဲ့ကိုလက်စထရောတွေကိုဖယ်ရှားပေးပါတယ်။








*အစာချေစနစ်ကောင်းမွန်စေတယ်
ဝမ်းချုပ်တာ၊မူးမော်အော့အန်တာတွေဟာလည်း နွေရာသီအတွင်းအဖြစ်များပါတယ်။ဒါပေမဲ့အုန်းရည်ပုံမှန်သောက်ပေးမယ်ဆိုရင် ဒီလိုဝေဒနာ
တွေမခံစားရတော့ပါဘူး။အုန်းရည်ကအချိန်တိုအတွင်းအဆိပ်အတောက်တွေ၊မကောင်းတဲ့ဆဲလ်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။အစားအစာတွေကို
စားတဲ့အခါမှာလည်းအစာချေဖျက်အားပိုကောင်းတဲ့အတွက်အစာအိမ်နဲ့ပတ်သက်တဲ့ပြဿနာတွေကို ကြုံတွေ့ရမှာမဟုတ်တော့ပါဘူး။


*Hangover ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်
အရက်အသောက်များသွားလု့ိနောက်တစ်နေ့ရောက်တဲ့အခါအော့အန်တာတွေ၊ခေါင်းကိုက်တာတွေမဖြစ်အောင်အုန်းရည်သောက်ပြီး ကာကွယ်လို့ရပါတယ်။
မနက်နိုးလာတာနဲ့အုန်းရည်တစ်ခွက်သောက်ပေးလိုက်တာက ခန္ဓာကိုယ်တွင်းကုန်ဆုံးသွားတဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးလို့ နေရထိုင်ရ
ပိုကောင်းလာပြီး စိတ်ဖိစီးမှုတွေကိုပါလျော့ကျစေပါတယ်။








*ခေါင်းကိုက်ဝေဒနာကိုသက်သာစေတယ်
ဒီနေ့ခေတ်ကြီးထဲမှာ ခေါင်းကိုက်ဝေဒနာဟာ လူအများစုအမြဲလိုလိုဖြစ်တတ်တဲ့ဝေဒနာတစ်ခုလို့တောင်ဆိုရပါမယ်။အထူးသဖြင့် နွေရာသီမှာဆို
ပိုဖြစ်တတ်ပါတယ်။ဒါပေမဲ့အုန်းရည်ကို တစ်ပတ်သုံးလေးခါလောက်ပုံမှန်သောက်ပေးမယ်။တစ်နေ့တစ်ခွက်ပုံမှန်သောက်ပေးမယ်ဆိုရင် မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့
အုန်းရည်ကြောင့် ခေါင်းကိုက်ဝေဒနာကိုအမြန်ဆုံးသက်သာသွားစေနိုင်ပါတယ်။


ုခန္ဓာကိုယ်တွင်း pH ညီမျှစေတယ်
အစားအသောက်တွေအစားများသွားတဲ့အခါ ရင်တွေပြည့်ပြီးသက်တောင့်သက်သာမဖြစ်သလို ခံစား၇တတ်ပါတယ်။အဲ့ဒီအခါမှာအုန်းရည်ကိုေ
သာက်လိုက်ပါ။အုန်းရည်က ခန္ဓာကိုယ်တွင်း pH Level ကိုညီမျှစေပြီးအဆိပ်အတောက်တွေကိုဖယ်ရှားပေးလို့ မအီမသာဖြစ်ခြင်းကိုအမြန်ဆုံး
ပျောက်ကင်းစေပါတယ်။အစာမကြေတာတို့၊အော့အန်ချင်တာတို့၊ဝမ်းချုပ်တာတို့ဖြစ်လာရင်အုန်းရည်ကအကောင်းဆုံးဖြေဆေးတစ်ခုပါပဲ။








ဒါကြောင့် နွေရာသီမှာအေးချင်လို့အအေးတွေသောက်မယ်ဆိုရင် တစ်ခြားသောအအေးတွေထက်အရသာရှိပြီးခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့
အုန်းရည်ကိုသာ ပုံမှန်သောက်ပေးသင့်ပါတယ်။

့Source:bodyandbeans.com




Some text some message..