Lotayamm

ဆေးရုံမှ ဆင်းခဲ့သော်လည်း ဘောလုံး ဆက်ကစားရန် ကက်ဆီးလက်စ် မသေချာ
yangonmedia.com
|
2019-05-08




ပေါ်တိုဂိုးသမားကက်ဆီးလက်စ် သည် နှလုံးရောဂါကြောင့် ဆေးရုံသို့ တင်ရောက်ကုသမှုခံယူခဲ့ရအပြီးတွင် ပြန်လည်သက်သာလာခြင်းကြောင့် ဆေး ရုံမှပြန်ဆင်းခဲ့သော်လည်း ဘောလုံး ဆက်ကစားရန် မသေချာသေးကြောင်း ဖွင့်ဟခဲ့သည်။ ကက်ဆီးလက်စ်သည် ပြီးခဲ့သော သီတင်းပတ်က လေ့ကျင့်ခန်းဆင်းစဉ် နှလုံးရောဂါခံစားခဲ့ရခြင်းကြောင့် ဆေးရုံ သို့တက်ရောက်ကာ ခွဲစိတ်မှုခံယူခဲ့ရ ခြင်းဖြစ်ပြီး တနင်္လာနေ့က ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့ခြင်းဖြစ်သည်။


ကက်ဆီးလက်စ်က ''ဒီလိုအဖြစ် မျိုးတွေက လောကမှာ ဘယ်သူမဆိုကြုံ တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်း ငယ်အတွင်း ကျွန်တော့်အပေါ် အား ပေးထောက်ခံမှုတွေက အံ့အားသင့်စရာ ကောင်းပြီး အမှန်တကယ်လည်း ကျေး ဇူးတင်မိပါတယ်။ နေလို့ပိုကောင်းလာ ပြီဆိုပေမယ့် အနားယူရမှာ သီတင်းပတ် အနည်းငယ်လား၊ လအနည်းငယ်လား ဆိုတာ မသိသေးလို့ အနာဂတ်ဘယ်လို ရှိမလဲဆိုတာလည်း မသိသေးပါဘူး''ဟု ပြောကြားခဲ့သည်။



KKW

#democracytoday




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..