Lotayamm

အိပ်ပျော်နေစဉ်အတွင်း ခန္ဓာကိုယ်က အလိုအလျောက်လုပ်ဆောင်နေတဲ့ အရာများ
shwemom.com
|
2019-05-08

လူအများစုဟာ အိပ်စက်ရခြင်းကို နှစ်သက်ကြပါတယ်။ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကို စွမ်းအင်ဖြည့်တင်းဖို့ အခွင့်အရေးပေးတဲ့သဘောပါ။ အိပ်စက်ခြင်းဟာ လူသားတစ်ဦးအတွက် မဖြစ်မနေလိုအပ်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာခြင်းနဲ့ ပြည့်စုံဖို့ အိပ်ရေးဝရန် လိုအပ်ပါတယ်။ လူတွေဟာ ဘ၀ရဲ့ သုံးပုံတစ်ပုံအချိန်ကို အိပ်စက်ခြင်းနဲ့ပဲ ကုန်ဆုံးစေတာကြောင့် တကယ်လို့များ လူတစ်ယောက်ဟာ ကောင်းကောင်းအနားမယူဘူးဆိုရင် ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်ပေါ်စေနိုင်ပါတယ်။ လူတစ်ယောက် အိပ်ပျော်သွားတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ အောက်ပါ အခြင်းအရာတွေ အလိုအလျောက်ဖြစ်ပေါ်နေပါတယ်။

မျက်လုံးလှုပ်ရှားခြင်း

rvcj

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားပြီဆိုရင်တော့ မျက်လုံးတွေဟာ ဆတ်ခနဲတွန့်တာ၊ လှုပ်ရှားတာတွေ ဖြစ်ပါလိမ့်မယ်။

အရေပြားဆဲလ်တွေ အသစ်ပြန်ဖြစ်ခြင်း

rvcj

အသားအရည်ကောင်းဖို့အတွက် အိပ်စက်ခြင်းဟာ အရေးကြီးပါတယ်။ အရေပြားရဲ့ အပေါ်ဆုံးအလွှာမှာ ဆဲလ်သေတွေရှိပါတယ်။ နေ့အချိန်မှာတော့ ၄င်းအရေပြားဆဲလ်တွေဟာ ပြိုကွဲပြီး ညအချိန်မှာတော့ ကိုယ်တွင်းဇီဝစွမ်းအင်ဖြစ်ပွားနှုန်း မြန်ဆန်ကာ သူ့အလိုအလျောက် အရေပြားကို အားဖြည့်ပေးပါတယ်။

ခန္ဓာကိုယ် ဆတ်ကနဲတုန်ခြင်း

rvcj

အိပ်နေတုန်း ခန္ဓာကိုယ်ဆတ်ကနဲတုန်ပြီး နိုးလာတာကို ခံစားဖူးမှာပါ။ ဒီအဖြစ်မျိုးဟာ လူတွေ အိပ်ပျော်နေစဉ်မှာ မကြာခဏဖြစ်လေ့ရှိပြီး အန္တရာယ်မရှိပါဘူး။

ဟော်မုန်းတွေထွက်လာခြင်း

rvcj

လူ့ခန္ဓာကိုယ်ဟာ ကြီးထွားမှုနဲ့ ဆဲလ်မျိုးပွားခြင်းစတဲ့ ကြီးပွားမှုနှုန်းဆိုင်ရာ ဟော်မုန်းတွေကို အိပ်နေတဲ့အခါ ထုတ်ပေးပါတယ်။

အသုံးမ၀င်တဲ့အချက်အလက်တွေကို ဦးနှောက်က မေ့ပစ်ခြင်း

rvcj

လူဟာ အိပ်ပျော်နေတာတောင်မှ ဦးနှောက်ဟာ ဆက်ပြီး အလုပ်လုပ်နေပါသေးတယ်။ ဒါ့အပြင် အရေးမပါတဲ့ အရာတွေကိုလည်း အိပ်နေစဉ်မှာ ဦးနှောက်ဟာ မေ့ပစ်လိုက်ပါတယ်။

အရပ်ရှည်လာခြင်း

rvcj

အိပ်နေစဉ်မှာ ခန္ဓာကိုယ်ဟာ သက်တောင့်သက်သာဖြစ်နေပါတယ်။ ဒါကြောင့် ကျောရိုးတွေဟာလည်း အနားရပြီး သက်တောင့်သက်သာဖြစ်နေတာပါ။ ဒါကြောင့်လည်း လူတွေဟာ မနက်ခင်းပိုင်းမှာ အရပ်ပိုရှည်တယ်လို့ ထင်ရပါတယ်။

အိပ်နေစဉ်ယောင်ပြီး လမ်းလျှောက်ခြင်း




အိပ်နေတုန်း ယောင်ပြီး လမ်းလျှောက်တာကတော့ လူအချို့မှာသာ ဖြစ်ပွားနိုင်ပါတယ်။ ယောင်တဲ့အချိန်ကတော့ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတုန်း အခိုက်မှာပါ။ အိပ်ပျော်ရင်း လမ်းလျှောက်တာဟာ အန္တရာယ်မရှိပေမယ့်လည်း အခန့်မသင့်ရင်တော့ ဘေးဖြစ်စေနိုင်ပါတယ်။

လင်းလင်း (ShweMom)

Ref: rcvj





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..