ဖျော်ရည်ဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း
hellosayarwon.com
|
2018-10-20

ကိုယ်အလေးချိန်လျှော့ချဖို့ ထိရောက်တဲ့ နည်းလမ်းကိုရှာရတာဟာလူအတော်များများကြားမှာထင်ရှားတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာလူတွေဟာဖျော်ရည်သောက်ပြီးကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားလာကြပါတယ်။ သို့သော်ဒါဟာထိရောက်မှု ရှိမရှိကိုတွေဝေနေကြတုံးပါပဲ။ သင့်မှာအလားတူမေးခွန်းရှိနေရင် ဒီဆောင်းပါးဟာအသုံးဝင်တဲ့အချက်အလက်တွေ ပြောပြမှာဖြစ်ပါတယ်။  

အဝလွန်ခြင်းနဲ့ ကျန်းမာရေး ပြဿနာများ
ကိုယ်အလေးချိန် တစ်ပေါင် ပိုတက်လာလေလေမတူညီတဲ့ ကျန်းမာရေး ပြဿနာတွေအခု၅၀လောက် ပိုရင်ဆိုင်ရလာလေလေ ဖြစ်ပါတယ်။ ပာားဗတ် တက္ကသိုလ်မှလေ့လာမှုတစ်ခုအရကိုယ်အလေးချိန်များတဲ့ (သို့)အဝလွန်တဲ့သူတွေဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာနဲ့ စိတ်ကျရောဂါတို့ကိုပိုမိုခံစားရဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။ ကိုယ်အလေးချိန်နဲ့ စိတ်ကျခြင်း - ၂၀၁၀မှာ ထုတ်ဝေခဲ့တဲ့ စိတ်ကျန်းမာရေးလေ့လာမှုတစ်ခုအရအဝလွန်ခြင်းဟာပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေနဲ့ ယှဉ်ရင် စိတ်ကျရောဂါဖြစ်နိုင်ခြေကို ၅၅ရာခိုင်နှုန်းပိုမိုဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။ ကိုယ်အလေးချိန်နှင့် ကင်ဆာ -အင်္ဂလန် ဆေးပညာဂျာနယ်တစ်ခုမှာထုတ်ဝေခဲ့တဲ့လေ့လာမှုတစ်ခုကအဝလွန်ခြင်းနဲ့ ကင်ဆာအတော်များများရဲ့ ဆက်နွယ်မှုကိုဖော်ပြခဲ့ပါတယ်။အမျိုးသားရောအမျိုးသမီးမှာပါအဝလွန်ခြင်းဟာအစာပြွန်၊အူမကြီး၊အစာပောာင်းအိမ်၊အသည်းနဲ့ ကျောက်ကပ်ကင်ဆာတို့ကို ဖြစ်နိုင်ချေ ပိုမိုများပြားစေပါတယ်။အမျိုးသားတွေမှာအစာအိမ် (သို့) ဆီးကျိတ်ကင်ဆာအပြင်းအထန် ခံစားနေရသူတွေဟာကိုယ်အလေးချိန်များသူ (သို့)အဝလွန်သူတွေ ဖြစ်ကြပါတယ်။အမျိုးသမီးတွေမှာတော့အဝလွန်ခြင်းဟာရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ကနေသေနှုန်းပိုမို မြင့်မားစေပါတယ်။ ကိုယ်အလေးချိန်နဲ့ ဘဝသက်တမ်း -အဝလွန်ခြင်းဟာသင့်ဘဝရဲ့ နှစ်ပေါင်းများစွာကိုယူဆောင်သွားမှာပါ။အင်္ဂလန် ဆေးပညာဂျာနယ်ကလေ့လာမှုတစ်ခုအရအသက် ၅၀ ကနေ၇၁နှစ်အရွယ်မှာကိုယ်အလေးချိန်များတဲ့လူတွေဟာအခြားသူတွေထက် ပိုမိုမြန်ဆန်တဲ့ သေဆုံးခြင်းကိုကြုံရတတ်တယ်လို့ ဆိုပါတယ်။အဝလွန်တဲ့ လူတွေကြားမှာလည်းသေနှုန်းဟာ နှစ်ဆကနေသုံးဆအထိပိုမိုများပြားပါတယ်။  

အဝလွန်ခြင်းရဲ့အကြောင်းရင်းများ
အဝလွန်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများစွာရှိပါတယ်။
လေ့ကျင့်ခန်း (သို့) ကိုယ်ခန္ဓာ လှုပ်ရှားမှု မလုပ်ခြင်း
မှားယွင်းသောလူမှုဘဝနေထိုင်ပုံရွေးချယ်ခြင်းများ
မျိုးရိုးဗီဇ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံ

ကိုယ်အလေးချိန် လျော့ကျစေရန် နည်းလမ်းများ
ကာဘိုဟိုက်ဒရိတ်နည်းပါးတဲ့အစားအစာစားသုံးခြင်း၊ ဘီယာနှင့်အရက် စွဲလမ်းမှုမှ ရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ သောက်သုံးခြင်းနဲ့ တရားထိုင်ခြင်းအစရှိတဲ့အရာတွေနဲ့ ကိုယ်အလေးချိန်ကို ကြိုးစားလျှော့ချ နိုင်ပါတယ်။



ဖျော်ရည်ဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း
လူသိများတဲ့အခြားကိုယ်အလေးချိန်လျှော့နည်းကတော့အစာစိမ်းလို့ လူသိများတဲ့ ဖျော်ရည်သောက်ခြင်းပဲ ဖြစ်ပါတယ်။အသီးဖျော်ရည်ကိုသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ကအဆိပ်အတောက်တွေ ထွက်စေပြီးလိုအပ်တဲ့အာဟာရတွေ ပြန်လည်ရရှိတာမို့ကောင်းမွန်တဲ့ကျန်းမာရေးအခြေအနေကိုပြန်လည်ထိန်းသိမ်းထားနိုင်ပါတယ်။ The Miracle of Fastingစာအုပ်ရေးသူ Paul and Patricia Bragg ကအစားမစားဘဲနေခြင်းဟာ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကိုရှင်းထုတ်သန့်စင်ခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။အောက်ဖော်ပြပါ စာရင်းကတော့ ကိုယ်အလေးချိန်လျှော့ချဖို့ သောက်သုံးနိုင်တဲ့အသီးဖျော်ရည်တွေဖြစ်ပါတယ်။
သခွားသီးဖျော်ရည်
တရုတ်နံနံဖျော်ရည်
မုန်လာဥနီဖျော်ရည်
ဂေါ်ဖီရွက် ဖျော်ရည်
ကြက်ပာင်းခါးသီးဖျော်ရည်
Wheatgrassဖျော်ရည်
ရှားစောင်းလက်ပပ်ဖျော်ရည်
ဖရဲသီးဖျော်ရည်
ဆီးဖြူသီးဖျော်ရည်
တလည်းသီးဖျော်ရည်
သံပုရာရည်
ဘယ်ရီသီးဖျော်ရည် ကိုယ်အလေးချိန်များခြင်း (သို့)အဝလွန်ခြင်းဟာကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကိုဆိုးကျိုးတွေအများကြီးသယ်ဆောင်လာတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ရမယ် (သို့) ဘယ်လိုအသီးဖျော်ရည်ကသင့်ကျန်းမာရေးအတွက်အသင့်တော်ဆုံးဖြစ်တယ် ဆိုတာကိုသေချာရွေးချယ်သင့်ပါတယ်။ တကယ်လို့ မသေချာဘူးဆိုရင်တော့ ဆရာဝန်ဆီကအကြံဉာဏ်ကိုတောင်းခံသင့်ပါတယ်။  

သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..