ကိုယ်အလေးချိန်တိုင်းတာရာမှာ လူတိုုင်းလိုလိုလုပ်မိနေတတ်တဲ့ နည်းလမ်းအမှား ၆ ခု
shwemom.com
|
2019-05-09

ဝိတ်ချိန်တယ်ဆိုတာ လူူအများစုအတွက်တော့ ပုံမှန်မလုပ်ဖြစ်တဲ့အရာတစ်ခုပါ။ သို့ပေမယ့် ကိုယ်အလေးချိန်လျှော့ချနေသူတွေ၊အလေးချိန်တက်အောင် ကြိုးစားနေသူတွေအတွက်ကတော့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့မှတ်တမ်းတင်ရာမှာ မိုင်တိုင်လေးတွေလိုပါပဲ။ သို့ပေမယ့် ဒီလိုမျိုးအလေးချိန်တိုင်းတာတဲ့နေရာမှာ မှားယွင်းနေတဲ့အချက်လေးတွေရှိနေပါတယ်။အဲဒီလိုမှားယွင်းမှုတွေကြောင့်ပဲ ကိုယ့်ရဲ့ ကိုယ်အလေးချိန်အစစ်အမှန်ကို တိတိကျကျမသိရဘဲ တစ်ခါနဲ့တစ်ခါကွာဟမှုတွေရှိနေတတ်ပါတယ်။ ဘယ်လိုအမှားမျိုးတွေလည်းဆိုတာ ကြည့်လိုက်ရအေင်ပါနော်။


(၁) နေ့တိုင်းပေါင်တက်ချိန်နေခြင်း

ဒီအမှားဟာ ဝိတ်လျှော့နေတဲ့လူတိုင်းလိုလို မသိဘဲကျူးလွန်တတ်ကြတဲ့အမှားမျိုးပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်၊အစားကိုလည်းနေ့တိုင်းလျှော့စားပါရက်နဲ့ နေ့တိုင်း ဝိတ်တက်ချိန်နေတတ်တဲ့အတွက် ကိုယ်အလေးချိန်က မျှော်မှန်းသလောက် လျော့မသွားတာတို့၊ တိုးလာတာတို့နဲ့ ကြုံရတတ်ပါတယ်။ ဒါဟာကိုယ့်ကိုစိတ်အနှောက်အယှက်ဖြစ်စေပြီး စိတ်ဓာတ်ကျစေကာ ကိုယ်အလေးချိန်လျှော့ချတဲ့ခရီးတစ်လျှောက်မှာ ဆူးခလုတ်အကြီးကြီးဖြစ်နေတတ်ပါတယ်။ ဖြစ်သင့်တာကတော့ ကိုယ့်ဟာ တကယ်ဝိတ်ကျမကျသိရဖို့အတက် တစ်လမှာ တစ်ကြိမ်သာချိန်တဲ့ နံပါတ်တွေကိုသာအတည်ယူသ့်ပါတယ်။


sutterstock


(၂) ရာသီဥတုကိုထည့်မတွက်ခြင်း

ဝိတ်ချိန်တဲ့အခါ ရာသီဥတုနဲ့လည်း သက်ဆိုင်တယ်ဆိုတာ သင်သိပါသလား။ ပူအိုက်တဲ့အချိန်မျိုးမှာတော့ စိုစွတ်မှုတွေများတဲ့အတွက်ကြောင့် နံပါတ်တွေကို တိုးစေနိုင်ပါတယ်။ လေ့လာချက်တွေအရ ၃ ပေါင်၄ှ ၄ ပေါင်အထိတောင် တိုးနိုင်တာမို့အရမ်းကြီးပူပြင်းလွန်းတဲ့ ပတ်ဝန်းကျင်မျိုးမှာဆိုရင် ကိုယ်အလေးချိန်တိုင်းခြင်းကို ရှောင်ကျဉ်ကြပါနော်။


sutterstock


(၃) ညဖက်ကျမှဝိတ်ချိန်ခြင်း

အမျးစုဟာ ပေါင်ချိန်တဲ့အခါမှာ ညဘက်အိပ်ခါနီး ကြုံကာမှ ပေါင်ချိန်စက်ပေါ်တက်ကြည့်တတ်ကြပါတယ်။ ဒါဟာတကယ်တော့ မှားယွင်းတဲ့ ကိုယ်အလေးချိန်ချိန်နည်းတစ်မျိုးပါပဲ။ ညဘက်မှာ ကိုယ်အလေးချိန်ချိန်မယ်ဆိုရင်တော့ သေချာပေါက် သင့်ရဲ့ရှိရင်းစွဲအလေးချိန်ထက် ပိုတက်နေမှာအသေအချာပါပဲနော်။ တစ်နေ့သုံးနပ်စားထားတဲ့အစားအစာတွေကို ညအိပ်ချိန်ကျမှအစာအိမ်နေအပြီးတိုင်အစာချေတတ်တဲ့အတွက်အစာတွေအားလုံးစုနေချိန်မှာ ဝိတ်ချိန်တာဟာ သင့်အတွက် တိကျတဲ့ကိုယ်အလေးချိန်ကို သိစေမှာမဟုတ်ပါဘူး။အကောင်းဆုံးကတော့ နံနက်အိပ်ယာစောစာထပြီး နီုးနီုးချင်းဘာမှမလုပ်ခင်မှာ ဝိတ်ချိန်ကြည့်ပါ။


sutterstock


(၄) ရေချိုပြီးချိန်မှာတိုင်းတာခြင်း

အရေပြားဟာ သင့်ရဲ့ကိုယ်ခန္ဓာမှာအကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီးအရည်မှန်သမျှကို စုတ်ယူဖို့အတွက်အားကောင်းတဲ့လုပ်ဆောင်ချက်လည်းရှိနေပါတယ်။ ရေကူးပြီးချိန် သို့မဟုတ် ရေချိုးပြီးခါစအချိန်တွေမှာဆိုရင် သင့်ရဲ့အရေပြားထဲ ခိုအောင်းနေတဲ့ ရေပမာဏဟာအနည်းဆုံး ၁ ခွက်စာမှ ၃ ခွက်အထိရှိနေနိုငတာမို့ ဒီလိုအချိန် ဝိတ်သွားချိန်မယ်ဆိုရင်တော့ သေချာပေါက်ကို ၂ ပေါင်လောက်အနည်းဆုံး တက်နေမှာဖြစ်ပါတယ်။


sutterstock


(၅)အားကစားလုပ်ပြီးခါစမှာ ကိုယ်အလေးချိန်တိုင်းခြင်း

လေ့ကျင့်ခန်းလုပ်တာဟာ ကယ်လိုရီတွေကိုလောင်ကျွမ်းစေတာကို သင်သိထားပြီးမှာပါ။ လေ့ကျင့်ခန်းလုပ်ပြီးခါစအချိန်မှာ ပေါင်ချိန်စက်ပေါ်တက်မယ်ဆိုရင်တော့ သင့်ရဲ့ရှိရင်းစွဲအတိုင်းအတာအစစ်ထက်ကို ပိုလျော့ပြီး ပြနေမှာပါ။။ သို့ပေမယ့် ဒါဟာ ကယ်လိုရီကြောင့်မဟုတ်ဘဲ သင့်ချွေးတွေအရမ်းထွက်ထားလို့ ရေဓာတ်ဆုံးရှုံးပြီးအချိန်ခဏအထိ လျော့ကျနေတာဖြစ်ပါတယ်။


sutterstock


(၆) ဓမ္မတာဆက်ဝိုင်းပတ်ဝန်းကျင်ရက်များမှာ ဝိတ်ချိန်ခြင်း

အမျိုးသမီးတွေဟာ ဓမ္မတာလာခါနီးအချိန်၊ လာနေစဉ်နဲ့ လာအပြီးရက်အတော်အကြာအထိ ခန္ဓာကိုယ်တွင်းမှာအရည်ဓာတ်တွေအများကြီးသိုလှောင်ထားလေ့ရှိတတ်ပါတယ်။အနည်းဆုံး ၇ ပေါင်မှ ၈ ပေါင်အထိကို ရှိနေနိုင်ပြီး PMS ဖြစ်နေတုန်းအာသီသတောင်းတမှုကြောင့် စားထားတဲ့အစားတွေရဲ့ ကယ်လိုရီတွေမပါသေးပါဘူးနော်။


shutterstock


Source: Shared


Penny

 





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..