ရုပ်ရှင် ၊ ဗွီဒီယိုသရုပ်ဆောင် ဦးဖိုးဖြူ ဆန္ဒသုခပရဟိတဆေးခန်းမှာအသည်းရောင်အသားဝါ ဘီပိုး ၊ စီပိုးကိုအခမဲ့ကုသနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
အဆိုပါရောဂါခံစားနေရတဲ့သူတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောဂါကုသမှုကိုအခမဲ့စမ်းသပ် ပေးသွားမှာဖြစ်ပြီး ဝယ်ယူတဲ့ဆေးဖိုးသာကုန်ကျမှာဖြစ်ကြောင်းလည်းသိရပါတယ်။
ကုသရန်စုံစမ်းချင်သူများအနေနဲ့ ဒေါက်တာဇာနည်ဇင်အမည်နဲ့ Facebook Page စာမျက်နှာမှာ ဆေးခန်းဖွင့်လှစ်ချိန်နဲ့နေ့ရက်များကိုအသေးစိတ်စုံစမ်းနိုင်သလို ဖုန်းနံပါတ် ၀၉-၅၁၈၃၉၁၇ ကို လည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။
အဆိုပါဆန္ဒသုခပရဟိတဆေးခန်းမှာအသည်းရောင်အသည်းဝါဘီပိုး ၊ စီပိုးကိုအဓိကထားကုသပေး နေတာဖြစ်ကြောင်းလည်းသိရပါတယ်။
#Pissaya_News
photo;UPP’s FB