ဒံပေါက်ဆန်လို့လည်း သိထားကြတဲ့ ဘက်စမာတီဆန် (basmati rice) ဆိုတာကို ဆီးချိုဆန်လို့အမည်တပ်ပြီး ဈေးဝယ်စင်တာတစ်ခုမှာ ရောင်းချနေတာတွေ့လိုက်တယ်။ တလောကလည်း ဖေ့စ်ဘုတ်ကအဆီကျကျစ်လျစ်လိုသူတွေရဲ့ဂရုတစ်ခုမှာ dietအဖြစ်ပါဝင်နေတာလည်း တွေ့လိုက်ရတယ်။အဆီမတက် ၊ ကယ်လိုရီမတက်တဲ့ ဆန်တဲ့။ ဒါနဲ့ ဆေးပညာအထောက်အထားတွေရှာကြည့်တော့ ဒီလိုတွေ့ရပါတယ်။ ဘက်စမာတီဆန်ကအဖြူနဲ့အညိုနှစ်မျိုးရှိတယ်။ သူ့ရဲ့အပေါ်ယံလွှာကနေအညိုရောင်ဖြစ်စေတာပါ။ သူ့ရဲ့အာဟာရဓာတ်တွေအများစုကအဲဒီအလွှာထဲမှာပါ။ ဘက်စမာတီဆန်လုံးညိုကအဖြူထက်အမျှင်ဓာတ် ၂၀ ရာခိုင်နှုန်းပိုများလို့အဆီကျချင်သူတွေအတွက် ပိုကိုက်ညီပါတယ်။ ဒါပေမယ့် တခြားဆန်တွေနဲ့ယှဉ်ရင်တော့ ဘက်စမာတီဆန်လုံးဖြူကလည်း ပိုကောင်းပါတယ်။ ဘာလို့ဆို ဘက်စမာတီဆန်က ကယ်လိုရီပိုနည်းပြီးအဆီနဲ့ကိုလက်စထရောနည်းတဲ့အပြင် တခြားအာဟာရဓာတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ဝိတ်ချချင်ရင် diet plan မှာထည့်သွင်း စားကြတာပေါ့။
ဘက်စမာတီဆန် မှာပါဝင်တဲ့အာဟာရတန်ဖိုး
ထမင်း တစ်ပန်းကန်လုံးစာမှာ -
၁၉၁ ကယ်လိုရီ
ကာဗိုဟိုက်ဒရိတ် ၃၉.၈၅ ဂရမ်
အမျှင်ဓာတ် ဝ.၆ ဂရမ်
သကြားဓာတ် ဝ.၀၇ ဂရမ်
အသားဓာတ် ၅.၅၉ ဂရမ်
အဆီဓာတ် ဝ.၆၁ ဂရမ်
ကယ်လ်စီယမ် နဲ့ သံဓာတ်အနည်းငယ် ပါဝင်ပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ -
လိပ်ခေါင်းကာကွယ်တယ် ရေသောက်နည်းတာ၊အမျှင်ဓာတ်များတဲ့အစားအစာတွေကို မစားတာတို့ကြောင့်ဝမ်းချုပ်နိုင်တယ်။အထိုင်များပြီး ဝမ်းချုပ်တာကြာလာရင် လိပ်ခေါင်းဖြစ်လာတတ်ပါတယ်။ ဘက်စမာတီထမင်းမှာပါတဲ့အမျှင်ဓာတ်ကြောင့် ဝမ်းကိုပျော့စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ ဒါ့ကြောင့် လိပ်ခေါင်းဖြစ်နေတယ်ဆိုရင်လည်း ဘက်စမာတီပြောင်းစားကြည့်ပါ။ အူမကြီးကင်ဆာကာကွယ်တယ် အမျျင်ဓာတ်ကို လုံလောက်တဲ့ပမာဏအထိစားသုံးသူတွေဟာအူမကြီးကင်ဆာဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလျော့နည်းတယ်လို့ သိရပါတယ်။ ဒီဆန်မှာပါတဲ့အမျျင်ဓာတ်နဲ့ဆို ကွက်တိပဲပေါ့။ ဆီးချိုအတွက် သင့်တော်တယ် ဒီဆန်မှာပါဝင်တဲ့ ပျော်ဝင်အမျှင်ဓာတ်တွေကအင်ဆူလင်လုပ်ဆောင်ချက်ကိုအားပေးတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်လာစေနိုင်စွမ်းရှိပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ပရိုတင်းစားသုံးနေချိန် ပန်ကရိယာရဲ့ဘီတာဆဲလ်တွေဆီကအင်ဆူလင်ထုတ်ပေးလာအောင်အမျှင်ဓာတ်က ထောက်ပံ့အားပေးပါတယ်။အထူးသဖြင့်အမျိုးအစား၂ ဆီးချိုရောဂါအတွက် သင့်တော်ပါတယ်။ အဆီချတဲ့အစီအစဉ်တွေမှာ သုံးလို့ရတယ် အဆီချ diet plan လုပ်နေတဲ့သူတွေအတွက် တချို့က ထမင်းရှောင်ပေမယ့် တချို့ကတော့ ထမင်းကိုအချိုးကျထည့်စားတဲ့အခါ ဘက်စမာတီကို သုံးပါတယ်။ ဘက်စမာတီမှာအစာချေဖျက်ဖို့ကြာတဲ့ amylase ဓာတ်တွေပိုပါလို့ နည်းနည်းစားပြီး တော်တော်နဲ့မဆာတော့ပါဘူး။ ကယ်လိုရီလည်းနည်းတော့ ရိုးရိုးထမင်းဖြူအစား သူ့ကိုအစားထိုးကြပါတယ်။အားကစားလုပ်နေတဲ့သူတွေလည်း စားလို့ရပါတယ်။ ဦးနှော်က်ကျန်းမာစေတယ် ဘက်စမာတီမှာပါဝင်တဲ့ Thiamine က မှတ်ဉာဏ်နဲ့အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းဖို့အာရုံကြောစနစ်အတွက်အရေးပါပါတယ်။ ဒီဓာတ်ကြောင့်အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်တယ်လို့ လေ့လာမှုတွေက တွေ့ရှိထားပါတယ်။ သွေးတိုးကျစေတယ် ဒီဆန်မှာ ပိုတက်စီယမ်နဲ့မဂ္ဂနီဆီယမ်ပါဝင်ပါတယ်။ ပိုတက်စီယမ်ကြောင့် ကြွက်သားပြေလျော့စေပြီး သွေးကြောတွေကိုပြန့်ကားစေတယ်ဆိုတော့ သွေးလည်ပတ်မှုပိုကောင်းပြီး သွေးဖိအားကိုကျစေပါတယ်။ အာဟာရဓာတ်တွေရတယ် ဘက်စမာတီထမင်းမှာအထက်မှာပါခဲ့တဲ့ဓာတ်တွေအပြင် ဗီတာမင် B1၊ B6 ၊ ဗီတာမင် E၊ ဗီတာမင် K တို့လည်းပါဝင်လို့အာဟာရဓာတ်တွေပါ တပါတည်းရရှိနိုင်ပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေရှိနေတယ်ဆိုတော့ တစ်ခါတလေတော့ လိုအပ်ရင် ပြောင်းစားကြည့်ပေါ့နော်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။