မျိုးရိုးဗီဇ စစ်ဆေးခြင်းအကြောင်းရင်းများ
hellosayarwon.com
|
2018-10-21

ကလေးအများစုမှာ မွေးရာပါချို့တဲ့မှုမပါရှိဘဲ ကျန်းမာစွာ မွေးဖွားလာကြပါသည်။ သို့သော် ကလေး ၃မှ ၅% မှာ မွေးရာပါချို့ယွင်းချက်များ ပါလာတတ်ကြသည်။အကြောင်းရင်းမှာ မျိုးရိုးဗီဇ Gene တွင် ချို့ယွင်းချက်ပါလာသောကြောင့်ဖြစ်ပါသည်။ ဒါကြောင့်မျိုးရိုးဗီဇ စစ်ဆေးခြင်းများကို ကိုယ်ဝန်မဆောင်ခင် သို့ မယူခင် စစ်ဆေးသင့်ပါသည်။

(၁) ဘယ်သူတွေစစ်ဆေးသင့်လဲ?
ကိုယ်ဝန်ယူလိုသူအမျိုးသမီးတိုင်းအထူးသဖြင့် ၃၅နှစ်ကျော်သူတိုင်းစစ်ဆေးသင့်ပါသည်။ တခါတရံ ကလေးအဖေပါစစ်ရန်လိုပါသည်အကြောင်းမှာ မျိုးရိုးဗီဇ ချို့ယွင်းခြင်းဟာ ရောဂါအချို့နှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ လူဖြူများတွင် cystic fibrosisအာဖရိကလူမျိုးများတွင် သွေးရောဂါ ပိုမို ဖြစ်ပွားတတ်ပါသည်

(၂) ဘာစစ်ဆေးချက်ပါဝင်သလဲ?
ဆရာဝန်များစွာက မတူသောစစ်ဆေးချက်များ လုပ်လေ့ရှိပါသည်။အများအားဖြင့်အမေ့ဆီက သွေး၊ ultrasound ကိုယ်ဝန်ဆောင် ကွန်ပြုတာ မှန်ပေါင်း၍ ကလေး၏ ကျန်းမာရေးကို စစ်ဆေးပါသည်။

(၃)ဘယ်လိုစစ်မှာလဲ?
သူနာပြုဆရာမမှ သွေးသို့ တံတွေးနမူနာ ယူ၍ စစ်ဆေးခြင်းဖြစ်ပြီး ကလေးထိခိုက်ခြင်းမရှိနိုင်ပါ။

(၄) ဘာအကျိုးရှိလဲ?
ဗိုက်ထဲရှိကလေး၏ မွေးရာပါချို့ယွင်းချက်ပါချို့ယွင်းချက်ပါ မပါကြိုသိနိုင်ပါသည်။

(၅)ဘာဆိုးကျိုးရှိနိုင်လဲ?
မျိုရိုးဗီဇ စစ်ဆေးရုံနှင့်ရောဂါရှိသည်အတိအကျမပြောနိုင်ပါ။ ဖြစ်နိုင်ချေရှိသည်ဟုသာ တွက်ဆနိုင်သည်၊ သေချာစေလိုပါလျှင် အခြားစစ်ဆေးချက်များ ( ရေမွာရေစစ်ဆေးခြင်း။ ) မျိုးထပ်စစ်ဆေးသင့်ပါသည်။

(၆) ဘယ်လိုစစ်ဆေးမှုမျိုးလဲ?
စဉ်ဆက်မပြတ်စစ်ဆေးခြင်း။ ဤနည်းဖြင့် Down's syndrome, Trisomy 21, တ်ု့ကို ပထမ ၃လ၊ ဒုတိယ ၃လတို့တွင်စစ်ဆေးနိုင်ပါသည်။ Quad screen၁၅ပတ်မှ ၂၀ပတ်အတွင်း ပြုလုပ်နိုင်သည်၂၀ပတ် ကွန်ပြူတာဓာတ်မှန် ultrasound ဤနည်းဖြင့် ကေ လး၏      နှလုံးမကောင်းခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ ကျောက်ကပ်မကောင်းခြင်း ကိုယ်လက်၊ဦးခေါင်းမကောင်းခြင်းတို့ တွေ့ရတတ်ပါသည်

(၇) ဘယ်နခါစစ်ဆေးရမလဲ?
ကိုယ်ဝန်ဆောင်ချိန် တစ်ကြိမ်သာ စစ်ဆေးသင့်ပါသည်။

(၈)အခြားစစ်ဆေးခြင်းများ
ရောဂါအတိအကျရှာဖွေရန် ရေမွှာစစ်ဆေးခြင်း၊ မျိုးရိုးဗီဇ ချို့ယွင်းချက်သယ်ဆောင်လာသူစစ်ဆေးခြင်း သယ်ဆောင်သူ မိဘ၂ယောက်ဖြစ်ပါက ကလေးတွင်ရောဂါဖြစ်နိုင်ပါသည်။ဒါကြောင့် သယ်ဆောင်သူကို စစ်ဆေးသင့်ပါသည်။ ဖစ်နိုင်ခြေရောဂါများကို ကိုယ်ဝန်ဆောင်စဉ် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

 သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။




Some text some message..