မေ့ဆေး၏ ဘေးထွက်ဆိုးကျိုးများ ခွဲစိတ်မှုပြီးရင်ဘာတွေမျှော်လင့်ပြင်ဆင်ထားရမလဲ
hellosayarwon.com
|
2018-10-21
မေ့ဆေးဆိုတာ ခွဲစိတ်မှုတစ်ခုပြုလုပ်စဉ်မှာပဲ ဖြစ်စေ၊ မေ့ဆေး ကိုအသုံးပြုရတဲ့ လုပ်ငန်းစဉ်တစ်ခုမှာပဲ ဖြစ်စေ နာကျင်မှုကို ထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါက သင့်ရဲ့အသက်ရှူခြင်း၊ နှလုံးခုန်နှုန်း၊ သွေးလည်ပတ်မှု (သွေးဖိအား)၊အစာခြေစနစ်ရဲ့လှုပ်ရားမှု တွေနဲ့ လည်ချောင်းလှုပ်ရှားမှုတွေ ဥပမာ -မျိုချခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ်အဆုတ်တွေထဲ ထူးဆန်းတဲ့ပစ္စည်းတွေ မရှူမိနိုင်အောင် ကာကွယ်ပေးတဲ့ ဟပ်ခြင်း စတာတွေကို ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။ မေ့ဆေးဟာအခြားသောဆေးတွေနဲ့ တွဲသုံးနိုင်ပြီး ဒီလိုသုံးစွဲခြင်းက မေ့ဆေး ရဲ့ ဆိုးကျိုးတွေကို သက်သာလျော့နည်းစေပါတယ်။ ဘေးထွက်ဆိုးကျိုးများ ကံကောင်းထောက်မစွာနဲ့ပဲ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့အခြားသော ပြဿနာတွေဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့အပြင် ဖြစ်လာခဲ့ရင်တောင်အလွယ်တကူဖြေရှင်းလို့ရနေတာပါပဲ။အထူးသဖြင့် ကျန်းမာရေးကောင်းတဲ့သူတွေမှာဆိုရင်ပေါ့။ ဒါပေမယ့် မေ့ဆေးတွေအားလုံးမှာတော့ ကျွန်တော်တို့ စိတ်ပူမယ်ဆို စိတ်ပူလို့ရမယ့်အချို့သော ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ ဥပမာ- • မေ့ဆေး ကိုသုံးစွဲထားတဲ့ ခွဲစိတ်မှုပြီးတဲ့အခါမျိုးမှာအဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးက ပျို့အန်တာပါပဲ။ ဒါပေမယ့် ဒါကိုကုသနိုင်ပြီး သိပ်လည်း ကြာကြာဖြစ်လေ့မရှိပါဘူး။အလားတူပဲအချို့သူတွေဟာ သတိလည်လာပြီးနောက်ပိုင်းမှာ လည်ချောင်းနာတာ သို့မဟုတ်အသံကွဲအက်တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ • နမိုးနီးယား (အဆုတ်ရောင်ရောဂါ) သို့မဟုတ်အခြားသောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ • မေ့ဆေး ထဲမှာအသုံးပြုခဲ့တဲ့ ဆေးဝါးတွေအတွက် တုံ့ပြန်မှုများ • ကြွက်သားပျက်စီးခြင်းနဲ့ ကိုယ်အပူချိန် မကြာခဏတိုးလာခြင်း • ခွဲစိတ်မှုအပြီး ရက်ပေါင်းများစွာ ကြာသည်အထိ ဝမ်းချုပ်ခြင်း • ထုံဆေး ကို မြောက်မြားစွာ သုံးစွဲခဲ့မယ်ဆိုရင် ဒီဆေးတွေဟာ ခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းတွေကိုပါ ရောက်ရှိနိုင်ပြီး သင့်ဦးနှောက်နဲ့ နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ • ခါးရိုးထုံဆေး ပြီးတဲ့နောက်မှာလည်းအချို့သူတွေက ခေါင်းကိုက်ခြင်းကို ခံစားရစေနိုင်ပါတယ်။ သင့်ပေါ်မှာအသုံးပြုခဲ့တဲ့ မေ့ဆေးအမျိုးအစားတွေဟာ သင့်ရဲ့အခြေအနေ၊ ကျန်းမာရေး၊အသက်အရွယ်နဲ့ သုံးစွဲခဲ့တဲ့ဆေးတွေအပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကိုအကျိုးသက်ရောက်စေပါတယ်။ တကယ်လို့သင့်မှာ ကျန်းမာရေး ပြဿနာတစ်ခုခုရှိခဲ့မယ်ဆိုရင် ဥပမာ- နှလုံး သို့မဟုတ်အဆုတ် ရောဂါတစ်ခုခုရှိခဲ့မယ်ဆိုရင်ဒါတွေက မေ့ဆေး၊ ထုံဆေး သက်ရောက်မှုကို ပိုတိုးလာစေနိုင်ပါတယ်။အခြားသောဆေးဝါးများသောက်သုံးခြင်း၊အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ တရားမဝင်ဆေးဝါးတွေသုံးစွဲခြင်းဟာ သင့်အတွက် ပြဿနာဖြစ်နိုင်ချေကို ပိုပိုတိုးလာစေနိုင်ပါတယ်။ သင်သုံးစွဲရမယ့် မေ့ဆေး၊ထုံဆေး ပေါ်မှာတော့ သိပ်ပြီး စိုးရိမ်ကြောင့်ကြမနေပါနဲ့။ ဆရာဝန်တွေက သင့်အတွက်အကောင်းဆုံးဖြစ်ပြီး ကောင်းကျိုးတွေ၊ ထိရောက်မှုတွေနဲ့အန္တရာယ်ဖြစ်စေနိုင်တာတွေကို ပြောပြပေးနိုင်ပါတယ်။
ခွဲစိတ်မှုအပြီးမှာ ဘာတွေကို မျှော်လင့်ပြင်ဆင်ထားရမလဲ။
ခွဲစိတ်မှုပြီးတဲ့နေ့မှာပဲအိမ်ပြန်လာတယ်ဆိုရင် ပျို့အန်ခြင်းတွေကို ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာအရင်ေတွေးထားပါ။ တကယ်လို့ သင်က ချက်ချင်းကြီးအိမ်ပြန်လာချင်တယ်ဆိုရင် ပျို့အန်ခြင်းမရှိဘဲအရည်များများသောက်နိုင်ရပါမယ်။ မူးလဲခြင်းမရှိဘဲ တည့်တည့်မတ်မတ်ရပ်နိုင်ပါမယ်။ ပြီးရင်တော့ ကိုယ့်ဖာသာဆီးသွားနိုင်ရပါလိမ့်မယ်။ ဒါတွေအားလုံး လုပ်ပြီးရင် သူနာပြုတွေက သင့်ကိုအခြားပြဿနာတွေမဖြစ်စေဖို့အတွက် လေ့ကျင့်ခန်းတွေနဲ့အသက်ရှူနည်းတွေကို သင်ကြားပေးလိုက်မှာပါ။အသေးငယ်ဆုံးသော ခွဲစိတ်မှုတွေမှာဆိုရင် သူနာပြုတွေကအထက်ပါပြဿနာတွေမဖြစ်စေဖို့အတတ်နိုင်ဆုံး တက်တက်ကြွကြွနေဖို့ ညွှန်ကြားကြပါလိမ့်မယ်။ ဝမ်းချုပ်ခြင်းကို ရပ်တန့်ပစ်နိုင်ဖို့ ပုံမှန်စားသောက်ပါ။အစားအစာတွေက သင့်ရဲ့အစာခြေစနစ်ကို ရှင်းလင်းပေးနိုင်တယ်လေ။ ဆရာဝန်က နာကျင်မှုကို သက်သာစေမယ့် ဆေးမျိုးလည်း ပေးနိုင်ပါသေးတယ်။ တကယ်လို့သင်က ဆေးရုံမှာနေမယ်ဆိုရင် နာကျင်မှုကို ချုပ်ထိန်းနိုင်ဖို့က ခွဲစိတ်မှုပြီးတဲ့နောက်မှာတော့အရေးအကြီးဆုံးအချက်ပါ။အချို့သောခွဲစိတ်မှုတွေမှာ ဖြစ်တတ်တဲ့ ရောင်ရမ်းခြင်းနဲ့အာရုံကြောထိခိုက်ဒဏ်ရာရခြင်းတွေကလည်း နာကျင်မှုကိုဖြစ်ပေါ်စေပါတယ်။ သင့်ဆရာဝန်က နာကျင်မှုကို သက်သာစေဖို့ ဆေးတစ်မျိုးနဲ့အထက်ပေးနိုင်ပါတယ်။ သူတို့ဟာအများအားဖြင့်တော့ ဘိန်းပါသောဆေးတွေ ပေးလေ့ရှိပါတယ်။ တစ်ခါတလေမှာ သင်လိုအပ်တဲ့အချိန်မှာ နာကျင်မှုသက်သာစေတဲ့ဆေးတွေရရှိနိုင်ဖို့အတွက် Pain pump ကိုလည်းအကြံပြုတတ်ပါသေးတယ်။ ပုံမှန်အားဖြင့်ဆိုရင် ဆေးရုံကမဆင်းခင်မှာ ဆရာဝန်နဲ့ သူနာပြုတွေကအောက်ပါအချက်တွေကို သေချာအောင် စစ်ဆေးပါလိမ့်မယ်။ • သင်ကအပြည့်အ၀ လေရှူနိုင်ပြီလား • စားနိုင်ပြီလား • နာကျင်မှုတွေကို ချုပ်ထိန်းနိုင်ပြီလား။ ဒါမှသာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုအနှောင့်အယှက်ကင်းကင်း လုပ်နိုင်မှာမဟုတ်လား။ ဆရာဝန်ကို ဘယ်အချိန်မှာခေါ်သင့်သလဲ။ သင့်မှာ မမျှော်လင့်ထားတဲ့ လက္ခဏာ သို့မဟုတ် ပြဿနာတွေဖြစ်နေပြီဆိုရင် ခွဲစိတ်ဆရာဝန်ကို ခေါ်သင့်ပါပြီ။ ဘယ်လိုပြဿနာတွေလဲဆိုတော့ ဥပမာ- • ပျို့ခြင်း၊အန်ခြင်း။ တကယ်လို့သင်ကအရည်တွေကို မြိုမချနိုင်ဘူးဆိုရင် သင်ဟာ ရေဓာတ်ခန်းခြောက်တဲ့အခြေအနေမျိုးဖြစ်နေမှာပါ။ • မြိုချဖို့ခက်ခဲနေလျှင် • နာကျင်မှုကို သက်သာစေတဲ့ဆေးတွေသောက်ပြီးတာတောင်မှအနာမသက်သာသေးလျှင် • ခန္ဓာကိုယ်အပူချိန်က 101 ံF(38 ံC) ထက်ကျော်လွန်မြင့်မားနေခဲ့လျှင် • ဆီးသွားရခက်ခဲခြင်း သို့မဟုတ်အူလမ်းကြောင်းလှုပ်ရှားမှုတွေမှာ ခက်ခဲနေခြင်း •အနာကနေ ပြည်တွေထွက်လာရင် သို့မဟုတ် ချုပ်ရိုးနေရာက နီနေခဲ့ရင် • ဖုတွေထွက်နေခဲ့ရင် စတာတွေဖြစ်လာရင်တော့ သင့်ရဲ့ခွဲစိတ်ဆရာဝန်ကို ချက်ချင်းခေါ်ပါ။