ကိုယ်ဝန်ဆောင်နဲ့ နာနတ်သီး
hellosayarwon.com
|
2019-05-15




ကိုယ်ဝန်ဆောင်ေ နချိန်မှာ မေမေတိုင်း စိတ်ပူတတ်တဲ့အကြောင်းအရင်းတစ်ရပ်ရှိတယ်။ ဒါကတော့ ငါစားလိုက်ရင် ကလေးများထိခိုက်သွားမလားဆိုတဲ့အချက်ပါ။အခုတစ်ခေါက်လည်း နာနတ်သီးကြိုက်ပေမယ့်

ဘေဘီလေး ကို ထိခိုက်မှာစိုးလို့ မစားရဲဘူးဖြစ်နေတဲ့ မေမေဗိုက်တို့အတွက်

နာနတ်သီ းနဲ့ ပတ်သက်ပြီး ပြောပြပေးပါရစေနော်။

ကိုယ်ဝန်ဆောင်မေမေ နဲ့ နာနတ်သီး




နာနတ်သီးမှာ

ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မေမတေို့ကို ကျန်းမာစေနိုင်ပါတယ်။အဆီပါဝင်မှုနည်းပြီးအမျှင်ဒာတ်နဲ့

အာဟာရြ ကွယ်ဝတဲ့ စားစရာတစ်ခုပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ နာနတ်သီးကိုအများကြီးမဟုတ်ရင်တောင်အသင့်အတင့်လောက်စားပေးလို့ရပါတယ်နော်။



ဗီတာမင် စီ (

ဗီတာမင် C )  ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် မေမေကို ကိုယ်ခံအားတိုးစေနိုင်ပြီး ဆဲလ်တွေထိခိုက်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေးရဲ့အသားအရေ၊

အရိုးနု ၊အရိုး နဲ့အရွတ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ တစ်နေ့ကို နာနတ်သီး တစ်ကွင်းစာလောက်တော့ စားလို့ရပါတယ်နော်။ မဂ္ဂနိ့စ် အရိုးဖွံ့ဖြိုးမှုနဲ့အရိုးပါးမှုတွေမဖြစ်အောင် ကာကွယ်ပေးတဲ့အင်ဇိုင်းတစ်မျိုးပေါ့။ ကိုဝန်ဆောင်မေမေတို့ရော ဖိုးဖိုးဖွားဖွားတွေအတွက်ပါ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ ဗီတာမင် B1 ဗီတာမင် B1 (သီရာမင်း)က ကြွက်သား၊အာရုံကြောစနစ်နဲ့ နှလုံးကို ကျန်းမာစေနိုင်ပါတယ်။ ဗီတာမင် B6 ဗီတာမင် B6 (pyridoxine) ပဋိပစ္စည်းတွေကိုဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကိုအားပြည့်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာတွေ၊ ဖျားနာတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေးအားနည်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကော့ပါး ကော့ပါးပါဝင်တဲ့ နာနတ်သီးက ဘေဘီလေးရဲ့ နှလုံးဖွံ့ဖြိုးမှုအတွက်အထောက်အကူပြုပေးပြီး သွေးနီဥဆဲလ်တွေဖြစ်ပေးစေဖို့လည်းအထောက်အကူပြုပေးပါတယ်။





အမျှင်ဓာတ်




အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်

ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်တာ ကို သိသိသာသာသက်သာစေနိုင်ပါတယ်။



သံဓာတ်နဲ့ ဖောလစ်အက်ဆစ်

သံဓာတ်ပါဝင်တာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုကိုအားဖြည့်ပေးပြီး ဖောလစ်အက်ဆစ်ပါဝင်တာကြောင့် ကလေးမှာ မွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့ နာနတ်သီးလေးစားတာက မေမေရော ဘေဘီလေးအတွက်ပါ ကျန်းမာစေနိုင်တာပါ။

စိတ်ခံစားမ ှုကောင်းစေနိုင်တယ် နာနတ်သီးက စိတ်ကြည်လင်လန်းဆန်းစေနိုင်သလို စိတ်ခံစားမှုလည်း ကောင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှု၊အားငယ်မှုတွေကို သိသိသာသာသက်သာစေနိုင်မှာပါ။ သွေးပေါင်ကျစေနိုင်တယ် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့

သွေးတို းဝေဒနာကင်းဖို့အတွက်လည်း နာနတ်သီးကို စားပေးလို့ရပါတယ်။ နာနတ်သီးမှာပါတဲ့ bromelain က သွေးကျဲစေပြီး  သွေးတိုးကျစေနိုင်သလို သွေးခဲတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

စားပေးသင့်တဲ့ ပမာဏ
ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ နာနတ်သီးစားမယ်ဆိုရင်အခုပြောတဲ့ ပမာဏအတိုင်း စားပေးလို့ရပါတယ်။
ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ်အတွင်း လုံးဝမစားပါနဲ့။
ကိုယ်ဝန်ဆောင်ကာလ ဒုတိယ သုံးလပတ်အတွင်း တစ်ခါစားရင် ၅၀ ဂရမ်ကနေ ၁၀၀ ဂရမ်လောက်ပမာဏကို တစ်ပတ် ၂ ကြိမ်ကနေ ၃ကြိမ်အထိစားလို့ရပါတယ်။
ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ်အတွင်း တစ်ခါစားရင် နည်းနည်းချင်းစီနဲ့ တစ်ပတ်ကို ၂၅၀ ဂရမ်စားပေးလို့ရပါတယ်။ နာနတ်သီးက စိမ်းမနေဖို့နဲ့အမှည့်လွန်မနေဖို့တော့ သတိထားရပါမယ်။ ကိုယ်ဝန်ဆောင်တွေမေမေတို့ရေအရသာရှိတဲ့နာနတ်သီးလေးစားရင်းအခုပြောခဲ့တဲ့ ကျန်းမာရေဒအကျိုကျေးဇူးတွေကိုရယူလိုက်ပါနော်................




Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..