ကိုယ်ဝန်ဆောင်ကာလအော့အန်ခြင်းကို သက်သာစေဖို့
hellosayarwon.com
|
2019-05-15

ကိုယ်ဝန်ဆောင် တာက မေမေတစ်ယောက်အတွက် ကြီးမားတဲ့စွန့်စားမှုကြီးပါ။ ဒီအချိန်မှာ

ခန္ဓာကိုယ် ကပြောင်းလဲမှုတွေကတော်တေ်ာများပါတယ်။ သိသိသာသာပြောင်းလဲမှုတွေလည်းဖြစ်မှာဖြစ်သလို

စိတ်ခံစားမှု နဲ့ ကိုယ်တွင်းမှာ မအီမသာဖြစ်တာတွေလည်း ခံစားရနိုင်ပါတယ်။ ဒီထဲမှာအဆိုးဆုံးတစ်ခုက ကိုယ်ဝန်ဆောင်ကာမှာ ပျို့အန်တာပါ။ စားချင်တိုင်းစားလို့မရသလိုအနံ့ရရင်တောင်အန်ချင်နေတာမျိုးပေါ့။ တော်တေ်ာလေးနေရခက်တဲ့ ပြဿနာတစ်ခုပါ။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့

ပျို့အန်တာ ကို သက်သာစေမယ့် နည်းလမ်းလေးတွေ ဝေမျှပေးပါရစေနာ်။

ကိုယ်ဝန်ဆောင်ကာလပျို့အန်တာကို သက်သာစေဖို့
ကိုယ်ဝန်ဆောင်ကာလမှာ ပျို့အန်ရတာက တော်တေ်ာလေးခံရခက်ပါတယ်နော်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အခုပြောပြမယ့်နည်းလမ်းလေးတွေကအသုံးဝင်မှာပါနော်။ နည်းနည်းစီနဲ့အကြိမ်ရေများများစားပေးပါ

အစာအိမ် ထဲမှာဘာမှမရှိတာက  ကိုယ်ဝန်ဆောင်ပျို့အန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်

စားချင်စိတ် မရှိဘူးဆိုရင်တောင်မှ နည်းနည်းချင်းစီအကြိမ်ရေများများလေးစားပေးပါ။ ဒါမှ

သွေးတွင်းသကြားဓာတ် ကိုထိန်းညှိရာရောက်မှာဖြစ်သလို အော့အန်တာကိုလည်း သက်သာစေနိုင်မှာပါ။




ပရိုတင် းဓာတ်ကြွယ်ဝတဲ့အစားအစာတွေစားပေးပါ 

ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ မိခင်ရောကလေးပါကျန်းမာစေဖို့အာဟာရပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။ ဒီတော့ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေနဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝတဲ့အစားအစာတွေစားပေးပါ။အာဟာရလည်းပြည့်မှာဖြစ်သလို ပျို့အန်တာကိုလည်း သက်သာစေမှာပါ။ ပူစပ်တဲ့အစားအစာတွေ၊အချဉ်ကဲတဲ့အစားအစာတွေ၊အဆီများတဲ့အစားအစာတွေ၊ ဆီကြော်စာတွေကိုရှောင်ပါ။






အေးတဲ့အစားအစာလေးတွေပိုစားပေးပါ




ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အဖို့ ကိုယ်ဝန်ဆောင်နေချိန်မှာ မကြာခဏဆိုသလို ပျို့အန်တာမျိုးမဖြစ်ဖို့ဆိုရင် ချက်ပြုတထားတဲ့ ပူပူနွေးနွေးအစားအစာတွေထက် အေးအေးလေးစားလို့ရတဲ့

သစ်သီးတွေ ၊အရွက်သုပ်တို့လိုမျိုးအရာတွေကို စားပေးပါ။









ရေသောက်ပါ

အစားတစ်ခုခုစားပြီးတိုင်းရေသောက်တာက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်နေချိန်မှာ ရေကို ပြည့်ဝအောင်သောက်ဖို့ မမေ့ပါနဲ့။



ပြည့်ပြည့်ဝဝအနားယူပါ





စိတ်ဖိစီးမှု နဲ့ပင်ပန်းမှုဒဏ်တွေက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကိုပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာစေဖို့ မမေ့ပါနဲ့။











သံပရာသီ းရှုပေးပါ




သံပရာသီးနံ့က

မအီမသာဖြစ်တာ ကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သံပရာရည်သောက်ပေးတာမျိုးဖြစ်ဖြစ်အိပ်ရာနားမှာ သံပရာခြမ်းလေးတွေထားတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။














ကိုယ်ဝန်ဆောင်အားဆေး တစ်ခုခုသောက်ပါ



ကိုယ်ဝန်ဆောင်အားဆေးက ကိုယ်ဝန်ဆာင်ချိန်မှာ မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ပျို့အန်တာကို သက်သာစေဖို့ ကိုယ်ဝန်ဆောင်အားဆေးတစ်ခုခုမှီဝဲပေးပါ။


လတ်ဆတ်တဲ့လေကို ရှုရှိုက်ပါ

အိမ်မှာ လေဝင်လေထွက်ကောင်းအောင်လုပ်ထားပြီး သဘာဝလေနုအေးလေးကိုရှုရှိုက်ပေးတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပျို့အန်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းအိမ်အပြင်ဘက်မှာ လမ်းလျှောက်ပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်မှုတွေဖြစ်နေလို့ စိတ်ညစ်မနေနဲ့နော်။အခုပြောခဲ့တဲ့ နည်းလေးတွေကို လုပ်ကြည့်ပြီးအကောင်းဆုံးကျော်လွှားလိုက်ပါ။







Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..