ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပက်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ ။ ။
hellosayarwon.com
|
2019-05-15




ကိုယ်ဝန်ဆောင် ချိန်ဆိုတာအမျိုးသမီးတွေအတွက် တကယ်ကို ကြီးကျယ်တဲ့ စွန့်စားခန်းတစ်ခုပါ။ ကိုယ့်ရင်သွေးလေး ဗိုက်ထဲမှာ ရှိစဉ်တည်းက ကောင်းကောင်းဖွံဖြိုးဖို့၊အာဟာရတွေအပြည့်ရဖို့အတွက်အချိန်တိုင်း မေမေတို့ ခေါင်းထဲ မှာ စဉ်းစားနေကြတယ်မလား။အဲဒီအထဲမှာ

ကိုယ်ဝန်ဆောင် ဖြည့်စွက်အားဆေ းတွေ သောက်ဖို့အတွေးက ထိပ်ဆုံးကပေါ့။ ဒါပေမယ့်လည်း မေမေတို့ ခေါင်းထဲမှာ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးသောက်ဖို့ ဆိုတဲ့အကြောင်းအရာတစ်ခုအပြင် အခြား မေးခွန်းတွေ လည်း ရှိနေဦးမယ်လို့ ထင်ပါတယ်။ ဒီတော့ ခေါင်းထဲကအတွေးတွေ ရှင်းသွားအောင် ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော် ။ ။၏

ကိုယ်ဝန်ဆောင်အားဆေးတွေ ထဲမှာမှ ဘယ်ဗီတာမင် နဲ့ သတ္တုဓာတ်ကအရေးအကြီးဆုံးလဲ ။





ဗီတာမင်နဲ့ သတ္တုဓာတ်ေ တွ ထဲမှာမှ ကိုယ်ဝန်ဆောင်တွေအတွက်အရေးကြီးဆုံးနဲ့အလိုအပ်ဆုံးကတော့

Folic acid

သံဓာတ် နဲ့ ကယ်လ်ဆီယမ်တို့ပဲ ဖြစ်ပါတယ် folic acid က ဦးနှောက်ရဲ့အာရုံကြောစနစ်တို့ တည်ရှိရာနေရာဖြစ်တဲ့ ကျောရိုး ဖွံ့ဖြိုးမှုကိုအားပေးပါတယ်။    

သံဓာတ် ကတော့ ဗိုက်ထဲက ရင်သွေးလေးတွေ လိုအပ်တဲ့အောက်ဆီဂျင်ကို သယ်ပေးပြီး မိခင်တွေကို သွေးအားမနည်းအောင် ကာကွယ်ပေးပါတယ်။ ကယ်လ်ဆီယမ်ကတော့ ရင်သွေးလေးတွေရဲ့အရိုးကို သန်မာစေပြီး မိခင်တွေမှာအရိုးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေအကုန်လုံးကအတူတူပဲလား ။ ။



ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတိုင်းက မတူပါဘူး။ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်အချိုးအစားနဲ့ ပေါင်းစပ်ပုံတို့က တံဆိပ်တစ်ခုနဲ့ တစ်ခုချင်းဆီမှာ မတူကြပါဘူး။ တစ်ချို့မှာ ဗီတာမင်အစုံပမာဏ နည်းနည်းနဲ့ ပါတတ်ပေမယ့် တစ်ချို့ကျတော့အရေးကြီးတာတွေလောက်ကိုပဲ ပမာဏအများကြီးထည့်ထားတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေး တွေကို ကိုယ့်ဘာသာဝယ်သောက်လို့ရလား။



ဆေးဝါးထောက်ခံချက်အမှတ် FDA ရထားတဲ့ ဘယ်ဆေးကိုမဆို စိတ်ချစွာ ဝယ်သောက်လို့ရတယ်ဆိုပေမယ့် ကိုယ့်ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်တာကသာအကောင်းဆုံးပါ။ ဘာ့ကြောင့်လဲဆိုတော့ကိုယ့်ဘာသာ ဝယ်သောက်တဲ့အခါကျတော့ ဝယ်သောက်တဲ့ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးရဲ့ ပါဝင်ပစ္စည်းနဲ့အချိုးအစားကို သေချာမသိတဲ့အတွက် ကလေးဖွံဖြိုးမှုကို ထိခိုက်စေနိုင်တဲ့

ဗီတာမင် A လိုမျိုးအရာတွေ ပါသွားတတ်လို့ပါ။

ကိုယ်ဝန်စဆောင်တည်းက ပျို့အန် နေတတ်တော့ ဆေးသောက်လည်း ဆေးတွေအန်တဲ့အထဲ ပါသွားတယ်။ ဘယ်လိုလုပ်ရမလဲ ။။



ဒါဆိုရင်အားဆေးသောက်တဲ့အချိန်ကို ပြောင်းလိုက်ပါ။ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ မနက်ပိုင်း ပြန်အန်ထွက်ခြင်းကို ကာကွယ်ဖို့အတွက် ညအိပ်ရာ မဝင်ခင်သောက်ပေးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေး တွေအပြင်အခြား ဘာတွေ သောက်ပေးဖို့ လိုသေးလဲ။ ။



ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ တော်တော်များများမှာ ကယ်လ်ဆီယမ်သတ္တုဓာတ် ၁၅၀ ကနေ ၂၅၀ မီလီဂရမ်လောက်ပဲပါပါယတ်။

ကိုယ်ဝန်ဆောင် တစ်ယောက်အတွက် တစ်နေ့ကို ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ်လောက်တောင် လိုအပ်တာဆိုတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေးတွေ လိုအပ်ရင် ထပ်သောက်ပေးလို့ရပါတယ်။


ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ ပါတတ်တဲ့

ဗီတာမင် D ပမာဏက 400 IU ကိုယ်ဝန်ဆောင်တွေ တစ်နေ့လိုအပ်တဲ့ ဗီတာမင် D ပမာဏက 600 IU ဆိုတော့ မလုံလောက်ဘူးဖြစ်နေတတ်တာပေါ့နော်။ ဒါပေမယ့် လိုနေတဲ့

ဗီတာမင် D ပမာဏအနည်းငယ်ကိုအစားအစာတွေ နေရောင်ခြည်တွေကနေ ရရှိနိုင်လို့အများကြီးစိတ်ပူစရာတော့မရှိပါဘူး။


ကလေးဦးနှောက်နဲ့အမြင်အာရုံ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲံအိုမီဂါ 3 fatty acid တစ်မျိုးဖြစ်တဲ့

DHA ကိုတော့

ပင်လယ်င ါးတွေ စားပေးလိုက်ရင် ရမှာပါ။ ငါးကြီးဆီတွေ သောက်ပေးလို့လည်း ရပါတယ်။ တစ်ခုမှတ်ထားရမှာက ကိုယ်ဝန်ဆောင်အတွင်းဘာဆေးပဲသောက်သောက် ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်တာကသာအကောင်းဆုံးပါ။

သတ်သတ်လွတ်သမား ကိုယ်ဝန်ဆောင်တွေရော ဖြည့်စွက်အားဆေးတွေ သောက်ပေးဖို့လိုလား ။ ။



အသားမစားတဲ့ သတ်သတ်လွတ်သမားတွေ လိုအပ်တဲ့အာဟာရဓာတ်တွေကတော့ vitamin B12, zinc, iron နဲ့ omega-3 fatty acids ထဲက DHA တိုပဲ ဖြစ်ပါတယ်။ဒါ့ကြောင့်

သတ်သတ်လွတ် ကိုယ်ဝန်ဆောင်တွေအားဆေးရှာဝယ်တဲ့အခါ ဒီလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါတဲ့အားဆေးကို ရွေးဝယ်သင့်ပြီး ငါးကရတဲ့ DHA မဟုတ်ဘဲ ရေညှိကရတဲ့ DHA ကို သောက်ပေးလို့ရပါတယ်။

ကိုယ်ဝန်ရှိနေပြီး ဖြည့်စွက်အားဆေး မသောက်ရင်ရော ဆိုးကျိုးတွေ ဖြစ်နိုင်လား ။ ။



ကိုယ်ဝန်ဆောင်တဲအချိန်အရေးအကြီးဆုံးကတော့

အစာအာဟာရ ပြည့်ပြည့်ဝဝစားသုံးတာနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာပဲ ဖြစ်ပါတယ်။ ကု ိယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ က သောက်ဖို့ လိုအပ်တယ်ဆိုပေမယ့်အာဟာရ ပြည့်ပြည့်ဝဝ မစားဘဲအားဆေးတွေချည်းကိုပဲအားကိုးနေလို့ကတော့ လုံးဝမရပါဘူး။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေး သောက်ဖို့မေ့သွားရင် ဘာလုပ်ရမလဲ။



တစ်ရက်သောက်ဖို့မေ့သွားလို့ဆိုပြီး နောက်တစ်ရက်မှာ ပြန်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။ သွေးတွင်း ပမာဏထဲက အချိုးအစားတွေ ပြောင်းသွားနိုင်လို့ပါ။ ဒါ့ကြောင့် ဆေးသောက်ဖို့ မမေ့အောင် မြင်သာတဲ့နေရာမှာ ထားတာမျိုး၊ ဖုန်းထဲ ဆေးသောက်ဖို့ alarm ပေးထားတာမျိုး လုပ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ ကို ဘယ်အချိန်မှာ စသောက်သင့်တာလဲ ။ ။



အခြား သတ္တုဓာတ်တွေကတော့ ဘယ်အချိန် စသောက်သောက် ကိစ္စမရှိပေမယ့်

Folic acid ကိုကျတော့ ကိုယ်ဝန် မရခင် ၁ လလောက်အလိုတည်းက ကြိုသောက်ထားတာအကောင်းဆုံးပါ။ ဒါ့အပြင် ကိုယ်ဝန် စစချင်းအပတ်ဆိုတာ ဗိုက်ထဲက ရင်သွေးလေးဖွံ့ဖြိုးဖို့အားယူနေတဲ့အချိန်ဖြစ်တာကြောင့်အဲဒီအချိန်မှာ ကု ိယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ သောက်ပေးရင်အကောင်းဆုံးပါ ။ ။ Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။





































Some text some message..