ကိုယ်ဝန်ဆောင်ကာလ ၄၁ ပတ်မြောက်မှာ သိကောင်းစရာများ
hellosayarwon.com
|
2019-05-15

ကိုယ်ဝန် ၄၁ ပတ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတို့ ဘာတွေသိသင့်သလဲ။


သန္ဓေသား ဖွံံဖြိုးမှု


ဗိုက်ထဲက ကလေး ဘယ်လို ကြီးထွားလာပါသလဲ။ ။
ကိုယ်ဝန်ပတ် ၄၁ ပတ်မှာဆို သင့်ဗိုက်ထဲက ကလေးက ပိန္နဲသီးအရွယ်လောက် ရှိလာပါပြီ။အရှည်က ၅၀ စင်တီမီတာလောက်ရှိပြီး ကိုယ်အလေးချိန်က ၃.၆ ကီလိုဂရမ်လောက် ရှိနေပါပြီ။ သင့်ကလေး ဘယ်လောက်ပဲ ဖွံ့ဖြိုးမှုကောင်းတယ်ပြောပြော ဗိုက်ထဲမှာအမြဲ နေလို့မရဘူးလေနော်။ မွေးရမယ့်ရက်ဆိုအပြင်ထွက်ကို ထွက်လာရပါမယ်။ ဆရာဝန်တွေကတော့ မွေးရမယ့်ရက်ထက် ၁ပတ်ကျော်တဲ့အထိတော့ ကလေးထွက်လာမလားစောင့်နေတတ်ပါတယ်။ ။အမေရော ကလေးမှာပါအန ္တရာယ်ရှိနိုင်တာကြောင့် မွေးရမယ့်ရက်ထက် ၂ ပတ်ကျော်သွားရင်တော့ မစောင့်တော့ပါဘူး။ ကိုယ်ဝန်ပတ် ၄၂ ပတ်ထက်ကျော်ပြီး မွေးလာတဲ့ ကလေးတွေမှာအသားခြောက်တာ၊ ကိုယ်ပေါ်မှာအဖြူဖတ်တွေကပ်နေတာ၊ လက်သည်းတွေရှညိနေတာ၊ ဆံပင်ထူနေတာ ၊အရေပြားမစိုပြေတာ၊ မျိုးတွေဖြစ်တတ်ပါတယ်။အပြင်ကို ၂ ပတ်နောက်ကျရောက်တဲ့အတွက် လိုအပ်တွေအာဟာရတွေလည်း မရတော့လို့ ကလေးကအာဟာရပြတ်နေတတ်ပြီးအရေပြားပါးနေတတ်ပါတယ်။

ကိုယ်ခန္ဓာပြောင်းလဲမှု။ ။


သင့်ကိုယ်ခန္ဓာမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ။ ။
မွေးရမယ့်ရက်ကကျော်နေပြီး ကလေးကလည်း ထွက်မလာသေးဘူး ဗိုက်ကလည်း ဆက်ပူနေတုန်းပဲဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုမှ စိတ်အေးအေး မနေနိုင်ပါဘူး။အရမ်းကြီးလည်း စိတ်မပူပါနဲ့။ ကိုယ်ဝန်ဆိုတာ တစ်ချိန်ကျ ရင် မွေးကိုမွေးမှာပါ။ ကိုယ်ဝန်ပတ် ၄၂ ပတ်မှာတင် သူ့ဟာသူဗိုက်နာပြီး မွေးသွားနိုင်ပါတယ်။ မမွေးခဲ့ရင်တောင် ဆရာဝန်တွေက သင့်နှင့် သင့်ကလေး လုံခြုံမှုရှိစေဖို့ ဗိုက်နာလာအောင် လုပ်ပေးပြီး မွေးပေးမှာပါ။

သင်ဘာတွေ မှတ်ထားသင့်သလဲ။
မွေးရမယ့်ရက်ထက် ၃ပတ် ( ဒါမှမဟုတ်) ၃ပတ်ထက်ကျော်သွားတာတောင် ကလေးမမွေးသေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဦးရောဟာ ၅ ရာခိုင်နှုန်း ကနေ ၆ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။  ကိုယ်ဝန်ပတ် ၄၂ ပတ်ကျော်မှ မွေးတဲ့ ကလေးတွေမှာအသားအရေခြောက်တာ၊ ကိုယ်အလေးချိန်များနေတာ မျိုးတွေ ဖြစ်နိုင်ပါတယ်။ မွေးရမယ့်ရက်မှာ မမွေးဘဲ  ဗိုက်ထဲမှာကလေးဆက်ရှိနေသေးရင် သားအိမ်ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ သားအိမ်ပိုးဝင်တာက သင်ရော သင့်ကလေးအတွက်ရောအန ္တရာယ်ရှိပြီး ကလေးအသေလေးတွေမွေးနိုင်ပါတယ်။

ဆရာဝန်ဆီ သွားပါ။


ဆရာဝန်ဆီ သွားပြီး သင်ဘာတွေ ဆွေးနွေးရမလဲ။
မွေးရမယ့် ရက်ထက်ကျော်နေရင်၊ ( ဒါမှမဟုတ်) ကလေးမှာ၊အမေမှာ တစ်ခုခုဖြစ်နေလို့ စောမွေးရတာမျိုးရတဲ့အခါမျိုးတွေမှာ ဗိုက်နာအောင်၊ သားအိမ်ညှစ်အောင်လို့ ဆေးထိုးလို့ရကြောင်း ဆရာဝန်မှ ရှင်းပြပါလိမ့်မယ်။ သင်နဲ့ သင့်ကလေးအန ္တရာယ်ရှိနိုင်တာကြောင့်  မွေးရမယ့်ရက်ထက် ၂ပတ်နောက်ကျတဲ့အထိတောင် တစ်ချို့ ဆရာဝန်တွေက မစောင့်ကြပါဘူး။

ကလေးမမွေးခင် ကြိုတင်စစ်ဆေးရမယ့်အချက်များ။
သင့်သားအိမ်ခေါင်းပွင်တဲ့အခြေအနေပေါ်မူတည်ပြီး ကလေးမွေးချင်အောင်လို့ သုံးရတဲ့ နည်းတွေ ကွာသွားတတ်ပါတယ်။ သားအိမ်ခေါင်းက ပွင့်မလာသေးဘူးဆိုရင် ကလေးမွေးအောင် လုပ်လို့မရသေးပါဘူး။ ဒီလိုအခါမျိုးမှာ ဗိုက်နာအောင်ဆေးမထိုးခင် ဆရာဝန်တွေက လက်နဲ ( ဒါမှမဟုတ်)၊ ဟော်မုန်းဆေးတွေပေးပြီး သားအိမ်ခေါင်းပွင့််အောင် လုပ်ကြပါတယ်။အခြေအနေပေါ်မူတည်ပြီး ရေမွှာဖောက်လိုက်တာမျိုး၊ oxytocin လို့ခေါ်တဲ့ သားအိမ်ညှစ်ဆေးပေးတာမျိုးတွေ ဆရာဝန်တွေက လုပ်ပေးပါလိမ့်မယ်။အပေါ်မှာပြောထားတဲ့အချက်တွေအလုပ်မဖြစ်ဘူးဆိုရင် ကလေးကို ဗိုက်ခွဲမွေးရပါလိမ့်မယ်။

ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှု။ ။


ကိုယ်ဝန်ဆောင် မိခင်နဲ့ မွေးလာတဲ့ကလေးကို ဘယ်လိုစောင့်ရှောက်ရမလဲ။


ကလေးအနှီးများလျှော်ခြင်း။
ကလေးအသုံးအဆောင်တွေဖြစ်တဲ့အဝတ်တွေ၊ စောင်တွေ၊ ကလေးအသားနဲ့ထိတဲ့အသုံးအဆောင်တွေကို ကလေးမမွေးခင်တည်းက ကြိုျလျှော်ထားသင့်ပါတယ်။ ဒါတွေက မလိုပေမယ့်လည်း တစ်ချို့ဆရာဝန်တွေကတော့ ကလေးအနှီးကို ကလေးမဝတ်ခင်တည်းက ကြိုလျှော်ထားတာ ပိုကောင်းတယ်လို့ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့အနှီးအသစ်တွေရဲ့အဝတ်စက ကြမ်းနေတဲ့အတွက် သင်ကလေးကို ဖက်လိုက်ရင် ကလေးရဲ့ နူးညံ့တဲ့အသားအရေကို ထိခိုက်မိတတ်လို့ပါ။

ရက်လွန်ကိုယ်ဝန်
ကိုယ်ဝန်ရက်လွန်တာနဲ့ ပက်သက်လို့တော့ သင့်ဘာမှထိန်းချုပ်လို့မရပါဘူး။  ကလေးမွေးချင်အောင်လို့ တိုင်းရင်းဆေးတွေသောက်တာ၊ နို့သီးခေါင်းကို ဆွပေးတာ၊ ကြက်ဆူဆီတွေ သုံးတာတွေက ဗိုက်နာလာစေပြီး သားအိမ်ညှစ်အားကို ကောင်းစေပေမယ့်လည်း သင်နဲ့သင့်ကလေးအပေါ်ကို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ်။ ကိုယ်ဝန်ပတ် ၄၁ ပတ်နဲ့ ၄၂ ပတ်ကြားမှာ ကလေးမြန်မြန်မွေးအောင်လို့ ဆရာဝန်တွေက ဗိုက်နာအောင် လုပ်ပေးပါလိမ့်မယ်။ နောက်တစ်ပတ်ထပ်ကြာရင်ရော သင့်ကလေး ဘယ်လိုဆက်ကြီးထွားဦးမလဲ ။

Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါ ရှာဖွေခြင်း နဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။  




Some text some message..