ဆေးလိပ်သောက်သူတွေကို ဂျပန်ကုမ္ပဏီတွေအလုပ်မခန့်တော့
popolay.com
|
2019-05-15

ဂျပန်နိုင်ငံမှာ ဆေးရွက်ကြီးသောက်သုံးမှုကို ပြင်ပြင်းထန်ထန် ဆန့်ကျင်တဲ့အနေနဲ့ ဆေးလိပ်သောက်သူတွေကိုအလုပ်မခန့်ကြဖို့ လှုပ်ရှားမှုမှာ ဂျပန်ပြည်တွင်း လုပ်ငန်းကုမ္ပဏီကြီးတွေ သဘောတူပါဝင်လာမှု များပြားလာနေပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ပိုကောင်းလာအောင် မြှင့်တင်ပေးရာရောက်သလို ဆေးလိပ်သောက်သူတွေဆီကနေ တစ်ဆင့်ပြန်လည် ရှုရှိုက်နေကြရတဲ့အန္တရာယ်ကိုလည်း တားဆီးကန့်သတ်ပြီးသား ဖြစ်သွားပါတယ်။

ကုမ္ပဏီတွေမှာ ရာထူးရာခံနဲ့အလုပ်ဝင်မယ့်သူတွေဟာအလုပ်ချိန်အတွင်းမှာ ဆေးလိပ်မသောက်ပါဘူးဆိုတဲ့ ကတိစာချုပ်ကိုအလုပ်မဝင်မီမှာ သဘောတူ လက်မှတ်ထိုးကြရမှာဖြစ်ပါတယ်။ Rohto Pharmaceutical Co ကုမ္ပဏီကတော့ ၂၀၂၀ မှာ သူ့ရဲ့ဝန်ထမ်းတွေအားလုံး ဆေးလိပ်ဖြတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။အောင်မြင်စွာ ဆေးလိပ်ဖြတ်နိုင်တဲ့ ဝန်ထမ်းတွေကို ဆုချတဲ့အနေနဲ့ ကော်ဖီဆိုင်နဲ့အခြားနေရာတွေမှာ ပြန်သုံးလို့ရတဲ့ တိုကင်တွေ ပေးသွားမှာဖြစ်ပါတယ်။

နာဂါဆာကီတက္ကသိုလ်ကလည်း ဆေးလိပ်သောက်တဲ့ နည်းပြဆရာ/ဆရာမတွေကို ငှားရမ်းတော့မှာ မဟုတ်ဘူးလို့အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။အကယ်၍ လောရောက်လျှောက်ထားသူတွေထဲက လက်ရှိမှာ ဆေးလိပ်သောက်တဲ့လူတွေပါလာရင်လည်း ဆေးလိပ် ဖြတ်ဖို့ ကတိပြုမှသာအလုပ်ခန့်အပ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ကျန်းမာရေး၊အလုပ်သမားနဲ့ လူမှုဖူလုံရေး ဝန်ကြီးကလည်းအလုပ်ခန့်အပ်တာနဲ့ ပက်သက်ပြီး ကုမ္ပဏီတွေရဲ့ သဘောထားကို လက်တွေ့ကျင့်သုံးဖို့အားပေးလိုက်ပါတယ်။





Some text some message..