ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာအဆီပိုတွေစုနေသလဲ
myanmaplatform.com
|
2019-05-15



ခန္ဓာကိုယ်ဝတာနဲ့အဆီများနေတာက မတူပါဘူးနော်။ တချို့က ဝနေပေမယ့်လည်းအသား ကျစ်ပြီးတော့အဆီနည်းပါတယ်။ ပိန်တဲ့သူ တချို့ကျတော့လည်း ဗိုက်ခေါက်အဆီရှိနေတာတို့၊ ပေါင်နဲ့ လက်မောင်းမှာအဆီရှိနေတာမျိုး ရှိနေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းကအဆီပိုတွေက သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်နေစေတာပါ။ ဒီတော့… ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း နေရာ တွေမှာ စုနေတဲ့အဆီပိုတွေကိုအဓိကထားပြီး ချနိုင်ဖို့ ဖော်ပြပေးလိုက် ပါတယ်။

အောက်မှာ ပြထားတဲ့ ပုံကိုကြည့်ပီးတော့ သင့်ခန္ဓာကိုယ်အချိုးအစားက ဘယ်လိုပုံစံမျိုးလဲဆိုတာကို ရွေးလိုက်ပါနော်။




နံပါတ် ၁ မှာ ပြထားတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင့်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာအဆီတွေ စုနေတဲ့အတွက်ကြောင့် ဝတယ်ထင်နေရတာပါ။ ဒါဟာအလွန်အကျွံစားသုံးတတ်တဲ့ သူတွေရဲ့ ခန္ဓာကိုယ်အချိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။အာဟာရ မဖြစ်တဲ့ ဆီကြော်မုန့်တွေ၊အဆီအဆိမ့်တွေကို စားသုံးမှု များတဲ့သူတွေက ခါးအပေါ်ပိုင်း၊ ဝမ်းဗိုက်ပိုင်းတွေမှာအဆီပိုစုနေတတ်ပါတယ်။ ဒါ့ကြောင့်အဆီအဆိမ့်နဲ့ ဆီကြော်မုန့်တွေကို ရှောင်ကြဉ်သင့်ပြီး သင့်တင့်မျှတတဲ့ နေထိုင်စားသောက်မှု ပုံစံကို လိုက်နာသင့်ပါတယ်။




နံပါတ် ၂မှာ ပြထားတဲ့အတိုင်းဆိုရင်တော့ ဝမ်းဗိုက်နဲ့ခါးတစ်ဝိုက်နေရာမှာပဲအဆီစုနေတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပါ။ စိတ်ဖိစီးမှုများတဲ့သူတွေနဲ့ စိတ်ဓာတ်ကျသူတွေက ဒီလိုမျိုး ဝမ်းဗိုက်မှာအဆီစုလာတာမျိုး ဖြစ်နေတတ်ပါတယ်။ စိတ်ဖိစီးမှု လျော့ချဖို့အတွက်အစားအသောက်ကိုလည်းအထိန်းအကွပ်မဲ့ စားသုံးနေမိခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှု များလာတဲ့အခါ တခြားနည်းလမ်းနဲ့ စိတ်ကိုဖြေလျော့ပြီး ကျန်းမာလှပတဲ့ ဘဝကိုအရယူလိုက်ပါ။

နံပါတ် ၃ မှာ ပြထားတဲ့အတိုင်းအပေါ်ပိုင်းသေးပြီးအောက်ပိုင်းကြီးနေတယ် ဆိုရင်တော့ ဟော်မုန်းအပြောင်းအလဲကြောင့်နဲ့ လေ့ကျင့်ခန်း မပြုလုပ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ပြန်လည် ပြုပြင်ဖို့ လွယ်ကူပါ တယ်။အောက်ပိုင်းလေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပြီးအဆီပိုများကို လောင်ကျွမ်းစေနိုင်ပါတယ်။ နောက်ပြီး လိုအပ်တဲ့အာဟာရဓာတ်များကိုလည်း မှီဝဲသင့်ပါတယ်။




နံပါတ် ၄ မှာ ပြထားတဲ့ ပုံစံအတိုင်းကတော့ ယောကျာ်းလေးတွေ ပိုများမယ်ထင်ပါတယ်။အရက်၊ ဘီယာကို စွဲလန်းနှစ်ခြိုက်စွာ သောက်သုံးတတ်သူတွေအနေနဲ့ ဝမ်းဗိုက်မှာပဲအဆီပိုစုနေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါဟာအရက်၊ ဘီယာဖော ဖောတယ်လို့ လူအများက သတ်မှတ်ကြပါတယ်။အရက်၊ ဘီယာဖောတာကို လျော့ချချင်တယ်ဆိုရင်တော့ လျော့သောက်ဖို့လိုပြီးအားကစားပုံမှန် လိုက်စားမယ်ဆိုရင်တော့ နဂိုခန္ဓာကိုယ်ကို ပြန်လည်ရရှိနိုင်မှာပါ။

နံပါတ် ၅ မှာပြထားသလိုမျိုး ပေါင်နဲ့ ခြေထောက်တွေပဲ ကွက်ပြီးတော့ ဖောယောင်နေ တာမျိုးကတော့ ကိုယ်ဝန်ဆောင်မိခင်တွေအဖြစ်များတဲ့ လက္ခဏာရပ်ပါပဲ။ သွေးစီးဆင်းမှု နှောင့်နှေးတဲ့အခါမျိုးမှာလည်း ခြေထောက်တွေ ဖောယောင်နေတတ်ပါတယ်။ ဒါကို ကုသဖို့အတွက်ဆိုရင်တော့ ခြေထောက်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးလို့ ရပါတယ်။




နံပါတ် ၇ မှာပြထားတဲ့အတိုင်း ဝမ်းဗိုက်၊ ခါးနဲ့ နောက်ကျောမှာအဆီတွေ စုနေတယ်ဆိုရင် သင်ဟာအပျင်းကြီးသူတစ်ယောက်ပါပဲ။ ကျန်းမာတဲ့နေထိုင်စားသောက်မှု ပုံစံလည်း မရှိသလို၊အားကစားလိုက်စားမှု မရှိတဲ့သူတွေမှာ ဒီလိုမျိုးအဆီတွေ တစ်နေရာတည်း စုနေတတ်ပါတယ်။ ဒီတော့… ကျန်းမာတဲ့ နေထိုင်စားသောက်မှု ပုံစံအတိုင်း လိုက်နာနိုင်မယ်ဆိုရင်တော့ ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။




Some text some message..