Intestinal obstruction (အူပိတ်ခြင်း)
healthcare.com.mm
|
2018-10-22

အကျဉ်းရှင်းလင်းချက်         အူပိတ်ခြင်းဆိုသည်မှာအူသိမ် (သို့)အူမကြီးပိုင်းတွင်အစာ(သို့)ရေဖြတ်သန်းသွားနိုင်ခြင်းမရှိတော့ပဲ့ ပိတ်ဆို့နေခြင်းကိုခေါ်သည်။အများအားဖြင့်အမျှင်တစ်ရှုးများကြောင့်ဖြစ်စေ၊ ပိုးဝင်ယောင်ခြင်းကြောင့်ဖြစ်စေ ၊အူကျခြင်း၊အူမကြီးကင်ဆာကြောင့်ြ့ဖစ်စေ ဖြစ်လေ့ရှိတတ်သည် ။ လက္ခဏာများဗိုက်မအီမလည်ဖြစ်ခြင်း၊ ဗိုက်နာခြင်းခံတွင်းပျက်ခြင်းဝမ်းချုပ်ခြင်း ၊အန်ခြင်း လေမလည်ခြင်း ဗိုက်ဖောင်းလာခြင်း တို့ဖြစ်တတ်သည် ဖြစ်ပွားရသောအကြောင်းရင်းများလူကြီးများတွင်အဖြစ်အများဆုံးအကြောင်းအရင်းမှာအူကပ်ခြင်း(ဗိုက်ခွဲပြီးနောက်ပိုင်းတွင်အမျှင်တစ်သျှူးများကြောင့်) နှင့်အူမကြီးကင်ဆာ တို့ကြောင့်ဖြစ်ပြီး ကလေးများတွင်တော့အူထပ်ခြင်းကြောင့်အဖြစ်များပြီးအူကျခြင်း၊အူယောင်ခြင်း၊ ပိုးဝင်ခြင်း ၊အူလိမ်ခြင်း၊ ဆမြင်းတုန်းများကြောင့် ဖြစ်ပွားရတတ်သည် ။ ဖြစ်နိုင်ချေများသူများဝမ်းဗိုက် ခွဲစိတ်မှုလုပ်ထားဖူးသူများအူယောင်ရောဂါရှိသူများဝမ်းဗိုက်တွင်းအင်္ဂါတစ်ခုခု ကင်ဆာရောဂါရှိနေသူများ၊ ဓာတ်ကင်နေရသူများနောက်ဆက်တွဲ ပြဿနာများမကုသပဲထားလျှင်အသက်အန္တရာယ်ထိခိုက်မှုမျိုးပါဖြစ်နိုင်သည်အူပိတ်ခြင်း ဖိမိသောကြောင့်အူကိုသွားသော သွေးကြောများပိတ်မိပြီးအူပုတ်ခြင်းအူပေါက်ခြင်းများဖြစ်တတ်ပြီး ပိုးဝင်ပျံ့နှံ့လျှင်သေစေနိုင်ပါသည် ။ ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များစစ်ဆေးမှုများဆရာဝန်စမ်းသပ်စစ်ဆေးခြင်းရင်ဘတ်ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် ၊အာထရာဆောင်း များဖြင့်သိရှိနိုင်သည်။ ဆေးသွင်းပြီးဓာတ်မှန်ရိုက်ခြင်းလဲပြုလုပ်နိုင်သည် ။ ကုသခြင်းပိတ်သည့်အူနေရာ ပမာဏပေါ်မူတည်၍ စောင့်ကြည့်ကုသခြင်း ၊ ဆေးပေးခြင်း ၊ ခွဲစိတ်ခြင်း ၊ မှန်ပြောင်းနှင့်ပြွန်ချောင်းထည့်ချဲ့ခြင်း များကုသနိုင်သည်။ Ref: Mayo Clinic သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..