ကြမ်းပိုးတွေကို နှိမ်နင်းနိုင်တဲ့အထိရောက်ဆုံး နည်းလမ်း(၅)မျိုး
shwemom.com
|
2019-05-21

ကြမ်းပိုးဟာ ကပ်ပါးအင်းဆက်တစ်မျိုးဖြစ်ပြီး၊ သွေးကိုစုပ်ယူ စားသောက်ကြတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။အလွန်မြန်တဲ့ သတ္တဝါတွေဖြစ်ပြီး၊ ပုန်းခိုရာမှာလည်း တော်ကြပါတယ်။ ကြမ်းပိုးတွေ များလာလေအိပ်စက်ရတဲ့အရသာက လွတ်လပ် မှု မရှိလေ ဖြစ်ပါတယ်။ ဒီတော့ ကြမ်းပိုးတွေကိုအမြန်ဆုံး နှိမ်နှင်းဖို့အတွက်အောက်ပါ နည်းလမ်းတွေကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁)အိပ်ယာခင်းအသုံးအဆောင်တွေကို ရေနွေးဖြင့် လျှော်ဖွပ်ပါ
အိပ်ယာခင်းအသုံးအဆောင်တွေကို ရေနွေးနဲ့ ပြုတ်ပါ။ ကုတင်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ကျက်ကျက်ဆူနေတဲ့ ရေနွေးနဲ့ နေရာအနှံ့ လောင်းပြီး နေပူလှန်းထားလိုက်ပါ။ ကြမ်းပိုးတွေဟာ ရေအပူချိန်အနည်းငယ်ရှိရုံနဲ့ သေနိုင်ပါတယ်။

(၂) ကြမ်းပိုးထောင်ချောက် တပ်ဆင်ပါ







အခြားနိုင်ငံတွေမှာတော့ ကြမ်းပိုးထောင်ခြောက်တွေကိုအိပ်ယာအောက်မှာ ထားကြပါတယ်။ ကြမ်းပိုးတွေဟာအလွန်
ချောင်ကျိုးချောင်ကြား ကြိုက်သူတွေဖြစ်ပြီး၊ ပုန်းဖို့အတွက်လည်းအဲဒီလိုနေရာတွေကို ရွေးကြပါတယ်။ ကုတင်အော က်မှာ ကြမ်းပိုးထောင်ခြောက် ထားရှိပေးခြင်းနဲ့ ကြမ်းပိုးတွေကို ဖမ်းဆီးနိုင်ပြီး၊အပြင်ကို ပြန်မထွက်နိုင်အောင် တီထွင်ထားတဲ့အရာ ဖြစ်ပါတယ်။

(၃)အင်းဆက်သတ်ဆေးအမှုန့်ကို သုံးပါ
Diatomaceous Earth လို့ခေါ်တဲ့အင်းဆက်သတ်ဆေးမှုန့်ကိုအသုံးပြုပါ။ ကုတင်ရဲ့ ကြမ်းပိုးအောင်းနိုင်တဲ့ နေရာတွေမှာအဲဒီဆေးမှုန့် ဖြန်းပေးပါ။အဲဒီဆေးမှုန့်ဟာ သေးငယ်လှတဲ့ ရေနေသတ္တဝါရုပ်ကြွင်းတွေကနေ ဖော်စပ်ထားပြီး၊ ကြမ်းပိုး၊ ခြနဲ့ ပုရွက်ဆိတ်တွေကို သတ်ပေးနိုင်ပါတယ်။ ဒီဆေးမှုန့်အလူးခံလိုက်ရတဲ့အင်းဆက်တွေဟာ မကြာမီမှာ ရေငတ်ပြီး၊အင်းဆက် ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီနဲ့အားအင်တွေကို ဆုတ်ယူပြီး သေဆုံးစေတာပါ။

(၄) လက်ဖက်ဆီနဲ့ ဖြန်းပါ




လက်ဖက်ဆီဟာ သောက်မိရင်အန္တရာယ်ရှိပါတယ်။ ဒီတော့ကလေးတွေ ရှိတယ်ဆိုရင် ဝေးဝေးမှာ ထားပါ။ လက်ဖက် ဆီကို ပုဝါ၊ ရေမြှုပ်အစရှိတဲ့အရာနဲ့ တို့ပြီး ကုတင်နဲ့ ကြမ်းပိုးရှိနိုင်မည့်နေရာတွေကို သုတ်လိမ်းပေးပါ။အင်းဆက်နဲ့ ကြမ်းပိုးတွေဟာ လက်ဖက်အဆီကိုအလွန်ကြောက်ကြပါတယ်။ ဒီလိုမဟုတ်ရင်လည်း လက်ဖက်အဆီအစက် 20 လောက်ကို Spray ဘူးထဲကို ထည့်ပြီး ရေနဲ့ရောစပ် ဖြန်းမယ်ဆိုလည်း ဖြန်းနိုင်ပါတယ်။

(၅) လာဗင်ဒါအဆီနဲ့ ဖြန်းပါ




လာဗင်ဒါအဆီကိုအစက် 40-50 ကို ရေ 1.5အောင်စခန့်နဲ့ ရောပါ။ ပြီးတာနဲ့အိပ်ယာနဲ့ ကြမ်းခင်းအနှံ့ လိုက်ဖြန်းပါ။ လာဗင်ဒါအဆီဟာ ကြမ်းပိုးကိုတော့ မသတ်နိုင်ပါဘူး။ ဒါပေမယ့် မလာအောင်တားနိုင်တဲ့ ဓာတ်ပြုပစ္စည်းတွေတော့ မြောက်များစွာ ပါဝင်ပါတယ်။


နတ်စည်တော် (Shwemom)

source : organiclesson.com




Some text some message..