အသီးလေးတွေကသီးစမှာအစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါအနီရောင် လေးတွေဖြစ်လာပါတယ်။အခွံကခပ်ပျော့ပျော့ရှိပြီးတစ်လုံးလုံးကိုစားလို့ရပါတယ်။အခုတစ်ခေါက် ဒီအသီးလေးတွေကဘယ်လိုဆေးဖက်ဝင်လဲဆိုတာကိုပြောပြပေးပါရစေ။ ဒီအပင်ကဖိလစ်ပိုင်နဲ့မက္ကဆီကိုမျိုးရင်းပင်တွေပါ။
သကြားသီးနီနီလေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တယ်
သကြားသီးက ခန္ဓာကိုယ်ထဲကို ပြင်ပကဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြားသီးမှာဘက်တီးရီးယားတွေကိုတိုက်ဖျက်နိုင်တဲ့အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ် တဲ့ကူးစက်ရောဂါတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။
ရောင်ရမ်းမှုကိုသက်သာစေတယ်
သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ သဘာဝအရောင်ကျဆေးတစ်မျိုးလို့လည်းဆိုလို့ရပါတယ်။ သကြားသီးကအရောင်ကျဆေးတွေနီးပါးထိရောက်မှုရှိပါတယ်။အဖျားကိုလည်းသက်သာစေနိုင်ပါတယ်။
ဂေါက်ရောဂါကိုသက်သာစေနိုင်ပါတယ်
ဂေါက်ရောဂါဆိုတာကအဆစ်တွေရောင်ရမ်းပြီးနာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။အဆစ်ထဲကနေတဆစ်ဆစ်နာပြီးနီရဲရောင်ရမ်းနေတတ်ပါတယ်။
ဂေါက်ရောဂါကအမျိုးသားတွေမှာအဖြစ်များပြီးအဆစ်တွေ၊အရွတ်တွေနဲ့အခြားတစ်ရှုးတွေကိုထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကိုဂေါက်ရောဂါသက်သာစေဖို့အတွက် စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကိုသကြားသီး ၉ လုံးကနေ ၁၂ လုံးအထိစားသုံးပေးမယ်ဆိုရင်အရိုးအဆစ်တွေထိခိုက်နာကျင်တာကိုသက်သာစေနိုင်မှာပါ။
ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုကောင်းစေနိုင်တယ်
ဖလေဗာနွိုက်ကြွယ်ဝတဲ့အစားအစာတွေကဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်မှုတွေကောင်းမွန်အောင်အထောက်အကူပြုပေးပါတယ်။ သကြားသီးမှာဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီးလူကြီးတွေမှာဖြစ်တတ်တဲ့အသက်အရွယ်ရလာလို့မေ့တတ်တာကိုလည်းသက်သာစေနိုင်ပါတယ်။
ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်
သကြားသီးမှာပါတဲ့ CytoxicFlavnoids က ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်ရာမှာတော်တော်လေးအသုံးဝင်ပါ တယ်။အသီးတင်မကဘဲသကြားသီးပင်ရဲ့အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့အာနိသင်ရှိနေတာပါ။ ရင်သားကင်ဆာကလွဲလို့အခြားကင်ဆာတွေကိုတိုက်ဖျက်ရာမှာသကြားသီးကအထောက်အကူပြုပေးပါတယ်။
ယူရစ်အက်ဆစ်ကိုလျှော့ချပေးတယ်
သကြားသီးမှာ ခန္ဓာကိုယ်တွင်းမှာယူရစ်အက်ဆစ်တွေပိုလျှံနေတာမျိုးမဖြစ်အောင် ကာကွယ်ရာမှာအထောက်အကူပြုပေးတဲ့ Anthrosyaninလို့သိကြတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပါတယ်။ သကြားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်တွင်းယူရစ်အက်ဆစ်ပမာဏကိုကျဆင်းစေနိုင် ပါတယ်။
ကင်ဆာကျိတ်ကိုလျော့ပါးစေတယ်
သကြားသီးမှာပါတဲ့ ဖလေဗာနွိုက်က ခန္ဓာကိုယ်မှာကင်ဆာကျိတ်တွေဖြစ်ပေါ်မှုကိုတားဆီးပေးပါတယ်။ သကြားသီးရဲ့အရွက်နဲ့ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကိုတားဆီးနိုင်တဲ့အာနိသင်ရှိတာပါ။
အစာအိမ်ဝေဒနာကိုသက်သာစေနိုင်တယ်
သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းကအစာအိမ်ထဲမှာလေထတာကိုသက်သာစေနိုင်ပါတယ်။ သကြားသီးကလေသက်စေနိုင်သလို၊ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီးရောင်ရမ်းမှုကိုလည်းလျော့ပါးသက်သာစေ နိုင်ပါတယ်။
ဆီးချိုသက်သာစေတယ်
သကြားသီးက ချိုတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေနဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်မှာဖြစ်ပါတယ်။
ရာသီလာစဉ်ကိုက်ခဲတာကိုသက်သာစေနိုင်တယ်
သကြားသီးရောသကြားသီးပင်ရဲ့အပွင့်ကပါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
အမျှင်ဓာတ်ရရှိစေနိုင်တယ်
သကြားသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ သကြားသီးကသွေးတွင်းအဆီနဲ့ကိုလက်စထရောကိုကျဆင်းစေနိုင်ပြီးဝမ်းလည်းမှန်စေပါတယ်။
အစာအိမ်အနာကိုသက်သာစေနိုင်တယ်
အစာအိမ်အနာရှိသူတွေအနေနဲ့ သကြားသီးစားသုံးပေးသင့်ပါတယ်။ သကြားသီးကအစာအိမ်အနာကိုသက်သာစေနိုင်တဲ့ သဘာဝဆေးတစ်ခုပါ။ သကြားသီးပင်ကရောင်ရမ်းနာကျင်မှုကိုလျော့ပါးသက်သာစေနိုင် တာကြောင့်အစာအိမ်ထဲကအနာတွေကိုလည်းသက်သာစေနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေတယ်
သကြားသီးမှာဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက်အထူးသင့်တော်ပါတယ်။ သွေးအားနည်းသူတွေလည်းစားသုံးပေးသင့်ပါတယ်။
သကြားသီးမှာဗီတာမင် C ပါဝင်တာကြောင့်အအေးမိ၊ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုးကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
သကြားသီးပင်အရွက်မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးရောဂါတွေကိုသက်သာစေနိုင်ပါတယ်။ သကြားသီးက နှလုံးဆိုင်ရာဝေဒနာတွေဖြစ်မလာအောင်လည်းကာကွယ်ပေးနိုင်ပါတယ်။
ခေါင်းကိုက်သက်သာစေတယ်
သကြားသီးရောအရွက်ကပါအအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကိုသက်သာစေနိုင် ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကိုစားပေးတာဖြစ်ဖြစ်အရွက်ကိုရေစင်အောင်ဆေးပြီးရေနွေးထဲခတ်သောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများမပြုလုပ်ပါ။