Pressure sore (or) bed sore (အိပ်ယာနာ)
healthcare.com.mm
|
2019-05-28


အခုဖော်ပြပေးမယ့်အကြောင်းကတော့အိပ်ယာထဲ ကြာမြင့်စွာနေရင် ရနိုင်တဲ့အိပ်ယာနာအကြောင်းဖြစ်ပါတယ်။  - Coma (သတိလစ်မေ့မြောနေတဲ့သူများ) - လေဖြတ်နေသူများ - ခွဲစိတ်ပြီးအရိုးကျိုးပြီး နာကျင်၍အိပ်ယာထဲလဲနေသူများ -အရက်သမားများ - နောက်ဆုံးအဆင့် ကင်ဆာရောဂါခံစားနေရသူများ တို့တွင်အဖြစ်များတတ်ပါတယ်။  ဘယ်လိုလူမျိုးတွေမှာ ပိုဆိုးတတ်လဲသွေးချိုဆီးချို ရောဂါရှိသူများ၊ Steroid စတီးရွိုက်ပါသော ဆေးများသောက်သုံးနေသူများတွင်အနာဖြစ်ခြင်း ပိုဆိုးတတ်၊ ပိုကုရခက်တတ် ပါတယ်။ အိပ်ယာထဲ နှစ်ရှည်လများ လှဲရင်ဘာကြောင့်အိပ်ယာနာဖြစ်တာလဲလေးလံတဲ့ခန္ဓာကိုယ်နဲ့အကြာကြီး ဖိထားတဲ့အခါအဖိခံထားရတဲ့ နေရာမှာ သွေးစီးဆင်းမှု လျော့နည်းသွားပြီး ဒီလိုအဖိခံထားရတဲ့ နေရာတိုင်းမှာအနာဖြစ်နိုင်ပါတယ်။အချိန်မှီ မကုသပါကအနာမှာပို၍ ကြီးလာပြီး ပိုးဝင်ကာအသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့လည်းရပါတယ်။ ဘယ်လိုတွေလွယ်ကူစွာ ကာကွယ်လို့ရနိုင်လဲ- လူနာကိုအနည်းဆုံး နှစ်နာရီခြားတစ်ခါ ဟိုဘက်၊ ဒီဘက် စောင်းပေးပါ။ (wheelchair လက်တွန်းလှည်းအသုံးပြုသူများ နာရီဝက်တစ်ခါ စောင်းပေးရန်လိုအပ်ပါတယ်) - လေဝင်လေထွက်ကောင်းသောအိပ်ရာမျိုးသုံးနိုင်ပါတယ်။(ဥပမာ လေဖောင်းအိပ်ယာ) -အာဟာရကောင်းမွန်အောင် ကျွေးပါ။ ဂရုစိုက်ပါ။ ပရိုတင်းဓာတ်များများ ပါလေပိုကောင်းလေ ဖြစ်ပါတယ်။ ဝမ်းမချုပ်စေရန်အသီးအရွက်စားဖို့လည်း တိုက်တွန်းပါရစေ။ - နေ့စဉ်အိပ်ယာနဲ့ ထိနေတဲ့အရေပြားနေရာများကိုအနာရှိ၊ မရှိစစ်ဆေးပေးပါ။ - တစ်ကိုယ်ရည်သန့်ရှင်းမကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ (အချို့လူနာတွေမှာ ဆီးဝမ်းမထိန်းနိုင်ဘဲ ထွက်ကျပြီး ဆီးပူ၊ ဝမ်းပူလောင်ပြီးအနာပေါက်နိုင်ပါတယ်) ဒါကြောင့် ဂရုစိုက်ပြီး ပြုစုသန့်ရှင်းပေးဖို့ရန်အရေးကြီးပါတယ်။အနာဖြစ်ပြီးသွားရင်ရော ဘယ်လိုလုပ်ရမလဲကုသခြင်းဟာ ဖြစ်နေတဲ့အနာအရွယ်အစား၊ ဘယ်လောက်ထိ ပိုးဝင်နေသလဲပေါ် မူတည်ပြီး ကွာခြားပါတယ်။  - ဆိုးဝါးပျက်စီးနေသောအနာနေရာများကို ပြန်လည်သန့်စင်ပေးခြင်း။ - ပိုးသတ်ဆေးပေး၍ ကုသခြင်း -အနာကျက်အောင်ပြုလုပ်ပေးခြင်း - ပရိုတင်းဓာတ်များစွာ ဖြည့်တင်းပေးခြင်း -အနာအလွန်ကြီးမားပါကအရေပြားအစားထိုး ကုသခြင်းများအထိ ပြုလုပ်ရနိုင်ပါတယ်။အိပ်ယာထဲလှဲနေရသော လူနာတွေဟာ ကိုယ်တိုင် ဘာမှမလုပ်ဆောင်နိုင်တဲ့အတွက်၊ စိတ်ရှည်သည်းခံပြုစုပေးခြင်းဖြင့် ကူညီနိုင်ပါတယ်ရှင်။အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ Credit : Dr. hpသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..