သရက်သီးစားခြင်း ဖြင့်ရလာမယ့် ကျန်းမာရေးအကျိုးကျေးဇူး(၇) မျိုး
shwemom.com
|
2019-06-03

“အသားမှာ ဝက် ၊အသီးမှာ သရက်၊အရွက်မှာ လက်ဖက်” ဆိုတဲ့ မြန်မာဆိုရိုးစကားတစ်ခုရှိပါတယ်။အသားထဲမှာဆိုရ င်တော့ ဝက်သားကအကောင်းဆုံးဖြစ်ပြီးအသီးထဲမှာဆိုရင်တော့ သရက်သီးကအကောင်းဆုံး၊အရွက်ထဲမှာ ဆိုရင်ေ တာ့ လက်ဖက်ကအကောင်းဆုံး လို့အဓိပ္ပါယ်ရပါတယ်။မြန်မာနိုင်ငံမှာဆိုရင်တော့ မိုးဦးကျရာသီဟာ သရက်သီးတွေအရမ်းကို ပေါတဲ့ ရာသီပါ။စိန်တလုံး၊မြကျောက်၊မချစ်စု၊ဒေါ်သာဖြူ…..အစရှိတဲ့ သရက်သီးအမျိုးအစားတွေကအရမ်း ကို နာမည်ကြီးပါတယ်။စိန်တလုံးကတော့ လူကြိုက်အများဆုံးပါ။သရက်သီးချစ်သူတွေအတွက် သရက်သီးက ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကို ဖော်ပြ ပေးချင်ပါတယ်။


(၁)ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျှော့ ချပေးနိုင်


Photo By Photobac (shutterstock)


သရက်သီးမှာဆိုရင် antioxidants တွေအများကြီး ပါဝင်ပါတယ်။သရက်သီးမှာဆိုရင် ပါတဲ့ antioxidants တွေက ကင်ဆာ ဖြစ်ပွားနိုင်ချေ ကို လျှော့ ချပေးနိုင်ပါတယ်။အထူးသဖြင့််အူမကြီးကင်ဆာ နဲ့ ရင် သား ကင်ဆာ ဖြစ်ပွား နိုင်ချေ ကို လျှော့ ချ ပေးနိုင်ပါတယ်။သူ့မှာဆိုရင် Beta carotene ဆိုတဲ့ antioxidant ပါဝင် ပါတယ်။အဲ့ဒီအရာ က ရင်သားကင်ဆာ၊အူမကြီးကင်ဆာနဲ့ သွေးကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ချေ တွေကို လျှော့ ချ ပေးနိုင်ပါတယ်။


(၂)အမြင်အာရုံကောင်းစေ


သရက်သီးမှာဆိုရင်တော့ Vitamin-A  ၊ Beta carotene ၊α-carotene,  β-cryptoxanthin ဆိုတဲ့  ကျန်းမာ ရေးအတွက်အထောက်အကူဖြစ်စေတဲ့အရာတွေအများကြီး ပါဝင်ပါတယ်။vitamin-A မျက်လုံး ကျန်းမာရေးနဲ့အမြင်အာရုံအတွက်အရမ်းကို ကောင်းတဲ့အာဟာရဓါတ်ပါ။သရက်သီးမှာဆိုရင်တော့ Vitamin A ပေါ ကြွ ယ် ဝစွာ ပါဝင် တာမို့အမြင်အာရုံအတွက်အများကြီးအကျိုးကျေးဇူးဖြစ်စေပါတယ်။အမြင်အာရုံကောင်းချင်ရင် သရက်သီး ကို စားပေးပါ။


(၃)အရိုးကျန်းမာရေးအတွက် ကောင်း


Photo By Tanya_mtv (Shutterstock)

Vitamin A နဲ့ C တို့ သရက်သီးမှာ ပေါကြွယ်၀ စွာ ပါဝင်ပါတယ်။အဲ့ဒီဓါတ် တွေကအရိုး ကျန်းမာ ရေးအတွက်အရမ်းကို ကောင်းပါတယ်။ဒါ့အပြင် သူ့မှာပါတဲ့ ပရိုတင်းက လည်းအရိုးကျန်းမာရေးအတွက်အထောက်အကူ ဖြစ်စေပါတယ်။အရိုးကျန်းမာရေးအတွက်အရေးပါတဲ့ Vitamin A ပါဝင် နေတာမို့ သရက်သီးကို စား ပေးသင့်ပါတယ်။ သတိပြုရမယ့်အချက်တစ်ခု ရှိပါတယ်။ဘယ်အရာကို မဆိုအလွန်အကျွံဖြစ်ရင် မကောင်းပါဘူး။အရမ်း စားတာများ လွန်းရင် vitamin A သိပ်များရင် လည်းအရိုးကို ထိခိုက်ပျက်စီးစေပါတယ်။အလွန်အကျွံ့ တော့ မစားပါနဲ့။


(၄)ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးစေ

သရက်သီးမှာ ဦးနှောက်ဉာဏ်ရည် ဖွံ့ ဖြိုးစေတဲ့အစွမ်းသတ္တိလည်း ပါရှိပါတယ်။သူ့မှာပါတဲ့ Vitamin B6 က ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုအများကြီးအထောက်အကူဖြစ်စေပါတယ်။လူတစ်ယောက်မှာ Vitamin B6 လုံ လုံ လောက် လောက်မရဘူးဆိုရင်တော့ သိမြင်နိုင်တဲ့ စွမ်းရည်လည်း နည်းပါး လျှော့ ကျတတ်ပါတယ်။Vitamin B6 ကတော့ ပန်းနာနဲ့အမျိုးသမီးတွေ ရာသီမလာခငခံစားရတဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းစေတဲ့အစွမ်းလည်း ရှိပါတယ်။


(၅)အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို သက်သာစေ


Phot By Jiang Zhongyan (shutterstock)

သရက်သီးကိုအလှအပအတွက်လည်း စားပေးသင့်ပါတယ်။သရက်သီးမှာဆိုရင် ကိုလက်စထရော ပါဝင်မှုက မရှိသလောက် ကို နည်းပါးပါတယ်။သရက်သီးမှာကအမျှင်ဓါတ်၊vitamin C ၊pectin (သရက်သီးမှည့် တွင် ပါတဲ့ သစ်သီးယိုတို့ကို ခဲစေတဲ့ သကြားနဲ့ တူတဲ့ဒြပ်)တို့ ပါဝင်ပါတယ်။ဝိတ်ကျချင်သူတွေလည်း စားပေးသင့်တယ်။နောက် တစ်ခု ကတော့ သူ့မှာပါတဲ့ Collagen က မျက်နှာပေါ်မှာအရေးအကြောင်းတွေ ပေါ်တာ ကိုလည်း သက်သာ လျော့ ပါးစေပါတယ်။အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။သရက်သီးကို သခွားသီးတို့ လိုပဲ ပေါင်းတင်တဲ့ ပစ္စည်းအဖြစ်လည်း သုံးလို့ရပါတယ်။


(၆)နှလုံးရောဂါဖြစ်ပွားနိုင်ချေ ကိုလည်း လျှော့ချပေးနိုင်

အမျှင်ဓါတ်တွေအများကြီးပါဝင်ပြီး ကိုလက်စထရော မပါသလောက် နည်းတာမို့ သရက်သီးက သင့်ရဲ့အဆီ နဲ့ ကိုလက် စထရောပမာဏ ကို ထိန်းပေးနိုင်တဲ့အကောင်းဆုံးအရာပါ။သရက်သီးကိုစားပေးခြင်းအားဖြင့် တခြားအ ဆီများတဲ့ ကိုလက် စထေရော ပမာဏအများကြီးပါတဲ့အရာတွေကို စားတာ လျော့ နည်း သွားမယ်ဆိုရင် မလိုအပ်ပဲ ဝိတ်တတ်တာ၊ခန္ဓာကိုယ်မှာအဆီတွေ စုပုံတာကို လည်း လျော့ကျသက်သာသွားစေမှာပါ။ဒါကြောင့် သင့်ရဲ့ နှလုံး ကျန်းမာရေးအတွက်လည်းအများကြီးအထောက်အကူဖြစ်စေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုပါ လျော့ ကျစေမှာပါ။


(၇)အိမ်ထောင်ရေးသုခ ပြည့်စုံစေ


photo -shutterstock


အိမ်ထောင်ရှင်တွေအနေနဲ့လည်းအိမ်ထောင်ရေးသုခပြည့်စုံဖို့ သရက်သီးကို စားပေးသင့်ပါတယ်။Vitamin E ဟာ ဆိုရင်အိမ်ထောင်ရေးသုခ ပြည့်စုံစေဖို့အတွက်အရေးပါတဲ့အရာတစ်ခုပါ။လေ့လာ စမ်း စစ်မှု တွေအရ သရက် သီးမှာ တွေ့ရတဲ့  beta-carotene( V Eအဖြစ် ပြောင်းလဲ ပေးနိုင်တဲ့  antioxidant ) နဲ့ vitamin E  တို့ဟာ အမျိုးသားတွေရဲ့ Sperm(သုတ်ကောင်) ကျန်းမာရေးအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။Sperm ပျက်စီးတာတွေကိုလည်း သရက်သီးစားခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

#SHWEMOM (ref;naturalfoodseries./linkedin/timesofindia)




Some text some message..