ရှားစောင်းလက်ပတ်ရဲ့တမူထူးခြားအသုံးဝင်တဲ့ဆေးဖက်ဝင်နည်းလမ်းများ
trend.com.mm
|
2018-10-26

ရှားစောင်းလက်ပတ်ဟာ ဈေးသက်သက်သာသာနဲ့ဝယ်ယူလို့ရသလိုအိမ်မှာလည်းအလွယ်တကူစိုက်ပျိုးထားလို့ရတဲ့အပင်တစ်မျိုးပါ။အလှအပအတွက်လည်းသုံးလို့ရသလို ဆေးဝါးတစ်ခုအဖြစ်လည်းသုံးလို့ရလို့ မရှိမဖြစ်ပါပဲ။ရှုားစောင်းလက်ပတ်နဲ့ပတ်သက်လို့ တော်တော်များများကအလှအပနဲ့ပတ်သက်ပြီးပဲ သိတာများပါတယ်။ဒါကြောင့်အခုရှားစောင်းကို ဆေးဖက်ဝင်အပင်အဖြစ်ဘယ်လိုသုံးလဲ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။


*အရိုးအဆစ်နာကျင်မှုများအတွက် ဆေးတစ်လက်







ရှားစောင်းလက်ပတ်မှာ glucosamine လို့ခေါ်တဲ့အင်ဇိုင်းဓာတ်တစ်မျိုးပါဝင်တာကြောင့် ရှားစောင်းလက်ပတ်အနှစ်ကိုအရိုးအဆစ်ပေါ်မှာဖြည်းဖြည်းချင်းလိမ်းပေးရင် နာကျင်မှု၊ယောင်ယမ်းမှုကိုလျော့ကျလာစေပါတယ်။အရိုးအဆစ်တွေနာကျင်တဲ့အခါ ရှားစောင်းလက်ပတ်ကိုသတိတရလိမ်းပေးကြည့်ပါ။


*အညိုအမည်းစွဲနာကျင်မှုတွေကိုပျောက်ကင်းစေတယ်







တစ်ခုခုနဲ့တိုက်မိလို့ ဒူးခေါင်းအညိုအမဲစွဲသွားတယ်၊လက်တွေရောင်ကိုင်းပြီးအကွက်လိုက်ညိုမဲနေတယ်။ဒီလိုဒဏ်ရာအနာတရဖြစ်တဲ့အခါ ရှားစောင်းလက်ပတ်အနှစ်ကို ဒဏ်ရာတစ်ဝိုက်လိမ်းကျံပေးပါ။ရှားစောင်းမှာပါတဲ့ဗီတာမင်အေနဲ့ဗီတာမင်အီးကြောင့်အနာကျက်မြန်စေပြီးရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။အမာရွတ်လည်းမကျန်စေပါဘူး။


*အစာအိမ်အတွက် ဆေးဝါးကောင်း
ရှားစောင်းလက်ပတ်ဖျော်ရည်ဟာအစာအိမ်နဲ့ပတ်သက်လို့ ဝမ်းမှန်စေတယ်။အစာခြေစနစ်ကောင်းမွန်စေတယ်။ဗိုက်အောင့်ဗိုက်နာခြင်းမဖြစ်စေပါဘူးတဲ့။ရှားစောင်းလက်ပတ်မှာ ဘတ်တီးရီးယားပိုးတွေတိုက်ဖျက်နိုင်တဲ့အစွမ်းထက်ဓာတ်တွေပါဝင်လို့အစာအိမ်အတွင်းအလုပ်လုပ်ဆောင်ပုံကို ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပေးပါတယ်။နေ့တိုင်းရှားစောင်းလက်ပတ်ဖျော်ရည်တစ်ခွက်သောက်ပေးရင် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးလို့ မကြာခဏဖျားနာခြင်း၊နေထိုင်မကောင်း၊မအီမသာဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။


*အရေပြားနီမြန်းမှုနဲ့ဝက်ခြံတွေကိုလျှော့ချပေးတယ်







အရေပြားနီမြန်းမှုနဲ့ဝက်ခြံတွေဆိုတာလည်းခန္ဓာကိုယ်အတွင်းအင်္ဂါအစိတ်အပိုင်းတွေလုပ်ဆောင်ပုံမမှန်ကန်တာကြောင့်ပါ။အစားအသောက်မျှတအောင်မစားဖြစ်ဘူး၊ရေများများမသောက်ဖြစ်ဘူး၊အပူအစပ်အငန်လျှော့မစားဖြစ်ဘူးစတဲ့အချက်တွေကိုရှားစောင်းလက်ပတ်ဖျော်ရည်နဲ့ ချေဖျက်နိုင်ပါတယ်။ရှားစောင်းလက်ပတ်အနှစ်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရေတစ်ဖန်ခွက်၊သံပုရာသီးစိတ်လေးအနည်းငယ်ညှစ်ပြီးပုံမှန်သောက်ပေးမယ်ဆိုရင်အရေပြားနီမြန်းမှုကိုလျှော့ချပေးနိုင်သလို ဝက်ခြံတွေကိုလည်းလျော့ပါးလာစေပါတယ်။ခန္ဓာကိုယ်အတွင်းမှာသန့်စင်မှ မျက်နှာလည်းကြည်လင်ဝင်းပမှာပါ။မျက်နှာကိုလည်း တစ်ပတ်ကို ၂ခါ ၃ခါလောက်ရှားစောင်းလက်ပတ်နဲ့ပေါင်းတင်ပေးရင်ပိုပြီးကောင်းမွန်စေပါတယ်။


*သွားနဲ့ခံတွင်းအတွက်ကောင်းမွန်စေတယ်







ရှားစောင်းလက်ပတ်ကို သွားနဲ့ခံတွင်းအတွက်သုံးပေးနိုင်ပါတယ်။လေ့လာချက်တွေအရ ရှားစောင်းလက်ပတ်ဟာ သင်ရဲ့ ခံတွင်းကို သန့်စင်ပေးနိုင်သလို ခံတွင်းထဲမှာရှိတဲ့ပိုးမွှားတွေကိုလည်းကင်းရှင်းစေတဲ့ သဘာဝဓာတ်ပစ္စည်းတွေအများကြီးပါဝင်နေပါတယ်။သွားကိုက်သွားနာတာမျိုးလည်းမဖြစ်စေပါဘူး။တစ်ရက်ကိုတစ်ကြိမ် ရှားစောင်းလက်ပတ်အရည်နဲ့ ခံတွင်းကိုသန့်စင်ပေးရင်ထူးခြားတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။


* စိတ်ဖိစီးမှုတွေကိုတိုက်ထုတ်ပေးပြီး ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်စေတဲ့ သဘာဝဆေး
Nutritional Neuroscience ရဲ့ လေ့လာချက်အရကြွက်တွေနဲ့စမ်းသပ်ကြည့်တဲ့အခါ ရှားစောင်းလက်ပတ်ဟာ စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျဆင်းမှုတွေကိုလျှော့ချပေးနိုင်ပြီး သင်ယူမှုစွမ်းရည်တိုးတက်ကောင်းမွန်လာစေတယ်လို့တွေ့ရှိလာရပါတယ်။ကြွက်တွေနဲ့စမ်းသပ်ကြည့်ပြီးတဲ့နောက် လေ့လာချက်တော်တော်များများအရ ဒီသက်ရောက်မှုအကျိုးကျေးဇူးဟာ လူသားတွေလည်းအလားတူရရှိတယ်လို့ တွေ့ရှိလာခဲ့ပါတယ်။ရှားစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့တစ်ခွက်သောက်ပေးရင်
သိသာတဲ့ရလဒ်တစ်ခုမြင်တွေ့ရမှာအသေအချာပါပဲ။







Unicode

ရှားစောင်းလက်ပတ်ဟာ စျေးသက်သက်သာသာနဲ့ဝယ်ယူလို့ရသလို အိမ်မှာလည်းအလွယ်တကူစိုက်ပျိုးထားလို့ရတဲ့အပင်တစ်မျိုးပါ။အလှအပအတွက်လည်းသုံးလို့ရသလို ဆေးဝါးတစ်ခုအဖြစ်လည်းသုံးလို့ရလို့ မရှိမဖြစ်ပါပဲ။ရှုားစောင်းလက်ပတ်နဲ့ပတ်သက်လို့ တော်တော်များများက အလှအပနဲ့ပတ်သက်ပြီးပဲ သိတာများပါတယ်။ဒါကြောင့် အခုရှားစောင်းကို ဆေးဖက်ဝင်အပင်အဖြစ်ဘယ်လိုသုံးလဲ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

*အရိုးအဆစ်နာကျင်မှုများအတွက် ဆေးတစ်လက်

ရှားစောင်းလက်ပတ်မှာ glucosamine လို့ခေါ်တဲ့အင်ဇိုင်းဓာတ်တစ်မျိုးပါဝင်တာကြောင့် ရှားစောင်းလက်ပတ်အနှစ်ကိုအရိုးအဆစ်ပေါ်မှာဖြည်းဖြည်းချင်းလိမ်းပေးရင် နာကျင်မှု၊ယောင်ယမ်းမှုကိုလျော့ကျလာစေပါတယ်။အရိုးအဆစ်တွေနာကျင်တဲ့အခါ ရှားစောင်းလက်ပတ်ကိုသတိတရလိမ်းပေးကြည့်ပါ။

*အညိုအမည်းစွဲနာကျင်မှုတွေကိုပျောက်ကင်းစေတယ်

တစ်ခုခုနဲ့တိုက်မိလို့ ဒူးခေါင်းအညိုအမဲစွဲသွားတယ်၊လက်တွေရောင်ကိုင်းပြီးအကွက်လိုက်ညိုမဲနေတယ်။ဒီလိုဒဏ်ရာအနာတရဖြစ်တဲ့အခါ ရှားစောင်းလက်ပတ်အနှစ်ကို ဒဏ်ရာတစ်ဝိုက်လိမ်းကျံပေးပါ။ရှားစောင်းမှာပါတဲ့ဗီတာမင်အေနဲ့ဗီတာမင်အီးကြောင့် အနာကျက်မြန်စေပြီးရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။အမာရွတ်လည်းမကျန်စေပါဘူး။


*အစာအိမ်အတွက် ဆေးဝါးကောင်း
ရှားစောင်းလက်ပတ်ဖျော်ရည်ဟာ အစာအိမ်နဲ့ပတ်သက်လို့ ဝမ်းမှန်စေတယ်။အစာခြေစနစ်ကောင်းမွန်စေတယ်။ဗိုက်အောင့်ဗိုက်နာခြင်းမဖြစ်စေပါဘူးတဲ့။ရှားစောငး်လက်ပတ်မှာ ဘတ်တီးရီးယားပိုးတွေတိုုက်ဖျက်နိုင်တဲ့အစွမ်းထက်ဓာတ်တွေပါဝင်လို့ အစာအိမ်အတွင်း အလုပ်လုပ်ဆောင်ပုံကို ပုံမှန်ဖြစ်အောင်ထိန်းသိမ်းပေးပါတယ်။နေ့တိုင်းရှားစောင်းလက်ပတ်ဖျော်ရည်တစ်ခွက်သောက်ပေးရင် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးလို့ မကြာခဏဖျားနာခြင်း၊နေထိုင်မကောင်း၊မအီမသာဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

*အရေပြားနီမြန်းမှုနဲ့ဝက်ခြံတွေကိုလျှော့ချပေးတယ်

အရေပြားနီမြန်းမှုနဲ့ဝက်ခြံတွေဆိုတာလည်းခန္ဓာကိုယ်အတွင်းအင်္ဂါအစိတ်အပိုင်းတွေလုပ်ဆောင်ပုံမမှန်ကန်တာကြောင့်ပါ။အစားအသောက်မျှတအောင်မစားဖြစ်ဘူး၊ရေများများမသောက်ဖြစ်ဘူး၊အပူအစပ်အငန်လျှော့မစားဖြစ်ဘူးစတဲ့အချက်တွေကိုရှားစောင်းလက်ပတ်ဖျော်ရည်နဲ့ ချေဖျက်နိုင်ပါတယ်။ရှားစောင်းလက်ပတ်အနှစ်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရေတစ်ဖန်ခွက်၊သံပုရာသီးစိတ်လေးအနည်းငယ်ညှစ်ပြီးပုံမှန်သောက်ပေးမယ်ဆိုရင် အရေပြားနီမြန်းမှုကိုလျှော့ချပေးနိုင်သလို ဝက်ခြံတွေကိုလည်းလျော့ပါးလာစေပါတယ်။ခန္ဓာကိုယ်အတွင်းမှာသန့်စင်မှ မျက်နှာလည်းကြည်လင်ဝင်းပမှာပါ။မျက်နှာကိုလည်း တစ်ပတ်ကို ၂ခါ ၃ခါလောက်ရှားစောင်းလက်ပတ်နဲ့ပေါင်းတင်ပေးရင်ပိုပြီးကောင်းမွန်စေပါတယ်။

*သွားနဲ့ခံတွင်းအတွက်ကောင်းမွန်စေတယ်

ရှားစောင်းလက်ပတ်ကို သွားနဲ့ခံတွင်းအတွက်သုံးပေးနိုင်ပါတယ်။လေ့လာချက်တွေအရ ရှားစောင်းလက်ပတ်ဟာ သင်ရဲ့ ခံတွင်းကို သန့်စင်ပေးနိုင်သလို ခံတွင်းထဲမှာရှိတဲ့ပိုးမွှားတွေကိုလည်းကင်းရှင်းစေတဲ့ သဘာဝဓာတ်ပစ္စည်းတွေအများကြီးပါဝင်နေပါတယ်။သွားကိုက်သွားနာတာမျိုးလည်းမဖြစ်စေပါဘူး။တစ်ရက်ကိုတစ်ကြိမ် ရှားစောင်းလက်ပတ်အရည်နဲ့ ခံတွင်းကိုသန့်စင်ပေးရင်ထူးခြားတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။

*စိတ်ဖိစီးမှုတွေကိုတိုက်ထုတ်ပေးပြီး ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်စေတဲ့ သဘာဝဆေး

Nutritional Neuroscience ရဲ့ လေ့လာချက်အရကြွက်တွေနဲ့စမ်းသပ်ကြည့်တဲ့အခါ ရှားစောင်းလက်ပတ်ဟာ စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျဆင်းမှုတွေကိုလျှော့ချပေးနိုင်ပြီး သင်ယူမှုစွမ်းရည်တိုးတက်ကောင်းမွန်လာစေတယ်လို့တွေ့ရှိလာရပါတယ်။ကြွက်တွေနဲ့စမ်းသပ်ကြည့်ပြီးတဲ့နောက် လေ့လာချက်တော်တော်များများအရ ဒီသက်ရောက်မှုအကျိုးကျေးဇူးဟာ လူသားတွေလည်းအလားတူရရှိတယ်လို့ တွေ့ရှိလာခဲ့ပါတယ်။ရှားစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့တစ်ခွက်သောက်ပေးရင်သိသာတဲ့ရလဒ်တစ်ခုမြင်တွေ့ရမှာအသေအချာပါပဲ။




Some text some message..