အကိုက်အခဲပျောက်ဆေးသောက်သည့်အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်နိုင်
healthcare.com.mm
|
2019-06-09


အကိုက်အခဲပျောက်ဆေးကို ပုံမှန်သောက်တဲ့အမျိုးသားတွေဟာ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာမှုအသစ်အရ သိရှိထားပါတယ်။ ကိုဒင်းအပါအဝင် Opioidအမျိုးအစားအကိုက်အခဲပျောက်ဆေးကို ပုံမှန်သုံးစွဲတဲ့အမျိုးသား တွေမှာအဲဒီ ပြဿနာတွေ ဖြစ်ပေါ်တယ်လို့ သိရပါတယ်။ Opioid ကိုအသုံးပြုတဲ့အမျိုးသားတွေဟာအဲဒီဆေးဝါး မမှီဝဲသူတွေထက် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ ဆိုပါတယ်။ မော်ဖင်း၊အိုက်ဒရို ကော်ဒေါနဲ့အောက်ဆီ ကော်ဒုန်းတွေဟာအသုံးများတဲ့အိုပီဝိုက်အကိုက်အခဲ ပျောက်ဆေးအမျိုးအစားတွေ ဖြစ်ပါတယ်။ ခါးကိုက် ခါးနာ ဝေဒနာရှိတဲ့အမျိုးသားပေါင်း ၁၁၀ဝဝ ယောက်ကို လေ့လာမှုပြုလုပ်ရာမှာအသက် ၆၀ ကျော်အမျိုးသားတွေဟာ ငယ်ရွယ်တဲ့အမျိုးသားတွေထက် ပန်းသေပန်းညှိုဖြစ်တာ ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။အိုပီဝိုက်အမျိုးအစားအကိုက်အခဲ ပျောက်ဆေးကိုအချိန်ကြာကြာ သောက်သုံးသူတွေမှာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားတာကို တွေ့ရှိ ခဲ့ပါတယ်။အိုပီဝိုက်အမျိုးအစား ဆေးဝါးတွေကို ရေရှည်အသုံးပြုရင် ဆေးစွဲတာ၊ ဆေးလွန်ပြီးအသက်ဆုံးရှုံးတာ၊ မကြာခဏအိပ်ရာမှ နိုးတာ၊အသက်ကြီး သူတွေမှာ လိမ့်ကျတာ၊ ဟော်မုန်းထုတ်လုပ်မှု လျော့နည်းတာတွေအပြင်အခုအခါမှာ ပန်းသေပန်းညှိုးပါ ဖြစ်တယ်လို့ သိရပါတယ်။အသက် ၆၀ နဲ့ ၆၉ နှစ်ကြားအမျိုးသားတွေဟာအသက် ၁၈ နှစ်နဲ့ ၂၉ နှစ်ကြားအမျိုးသားတွေထက် ပန်းသေပန်းညှိုး ဆေးဝါးအသုံးပြုမှု ၁၄ ဆ ပိုများပါတယ်။ စိတ်ကျဝေဒနာနဲ့အိပ်ဆေးအသုံးပြုတဲ့အမျိုးသားတွေမှာလည်း ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ Credit : Good Health သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..