"ဝလို့ လှလို့" ဆိုတဲ့အဆိုရှိခဲ့ပေမယ့်အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်လာကြတဲ့ ခေတ်ကြီးမှာအဝလွန်ခြင်းဟာ ပြသနာတစ်ရပ် ဖြစ်လာပါတယ်။ ဝလာတာနဲ့အမျှ ခန္ဓာကိုယ် ကြည့်မကောင်းတော့လို့ စိတ်ညစ်ရ၊အဝတ်အစားအတွက်လည်း ဒုက္ခရောက်ရ၊ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက်လည်း စိတ်ပူရနဲ့ မသက်သာလှပါဘူး။ ဝစေတဲ့အကြောင်းမှာအဓိကက လူနေမှုပုံစံကြောင့် ဖြစ်ပါတယ်။ - လှုပ်ရှားမှုနည်းခြင်း၊အဆီအဆိမ့်နဲ့ ကယ်လိုရီများတဲ့ သရေစာတွေအစားများခြင်းတွေကြောင့် စားသမျှ ကယ်လိုရီတွေဟာ ခန္ဓာကိုယ်ကလိုအပ်တဲ့ ပမာဏထက်ပိုလျှံကာအဆီတွေအဖြစ် ပြောင်းလဲသွားပြီး ဝဖြိုးလာရခြင်းပဲ ဖြစ်ပါတယ်။ - ဝလာမှအဆီချမယ်လို့ စိတ်မကူးဘဲ မဝအောင် ကြိုတင်ဂရုစိုက်သင့်ပါတယ်။ - ဝနေတဲ့သူတွေကလည်း ကိုယ့်ကိုယ်ကိုအချိန်မီပြုပြင်ပါ။ - ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တဲ့အဆီချဆေးတွေကိုအားမကိုးဘဲ လူနေမှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့အဆီကျပြီးအမြဲသွယ်လျနေမယ့်အပြင် ကျန်းမာလှပလာမှာ သေချာပါတယ်။ - လွယ်လွယ်လေးပါ။ သင့်တော်တဲ့ ကယ်လိုရီပမာဏကို ရရှိအောင်စားပြီးအဲဒီကယ်လိုရီတွေကို များများ လောင်ကျွမ်းသွားအောင် လုပ်နိုင်ရင်ရပါပြီ။ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပါ။အရေးကြီးဆုံးအချက်ပါ။ - ခိုင်မာတဲ့ ဆုံးဖြတ်ချက်မရှိပဲနဲ့ ကိုယ့်စိတ်ကို ကိုယ်မနိုင်ဘနဲ့တော့ ဘယ်အရာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။အဆီအဆိမ့်နဲ့အချိုတွေကို ရှောင်ကြဉ်ပါ။ - ကယ်လိုရီများတဲ့အဆီအဆိမ့်တွေ၊အချိုတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ - သရေစာတွေလည်း လျှော့စားပါ။ -အသင့်စားသုံးနိုင်တဲ့အစားအစာတွေ ဖြစ်တဲ့ ပီဇာ၊ ဘာဂါ၊ ကွတ်ကီး၊အချိုရည်၊ Snack တွေကို ဝေးဝေးကရှောင်ပါ။ -အေးခဲထားတဲ့အစာတွေမှာလည်းအဆီတွေနဲ့ ဆားဓာတ်တွေပါဝင်လို့ ရှောင်ကြဉ်သင့်ပါတယ်။ - ကိုယ်အလေးချိန်ကို ထိန်းဖို့အတွက်ကတော့အိမ်မှာ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကအကောင်းဆုံး ဖြစ်ပါတယ်။အမျှင်ဓာတ်ပါတဲ့ စားစရာတွေကို များများစားပေးပါ။ -အမျှင်ဓာတ်ပါတဲ့ စားစရာတွေကအစာချေရာမှာ နှေးကွေးစေတဲ့အတွက် ဗိုက်ပြည့်နေလို့အစားထပ်စားချင်စိတ်ကို လျှော့ချပေးပါတယ်။ - ထို့ပြင် ခန္ဓာကိုယ်ကအဆီပိုတွေကို ဖယ်ရှားရာမှာလည်းအထောက်အကူပေးပါတယ်။ - ဆန်လုံးညို၊ ဘာလီ၊အုတ်ဂျုံ၊အညိုရောင် ပေါင်မုန့်စတဲ့အုတ်ဂျုံနှင့်လုပ်သောအစားအစာများ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေနဲ့အသီးအနှံတွေကို များများစားပေးပါ။ - ဂျပန်လူမျိုးတွေဟာအဆီကျစေဖို့ မနက်တိုင်း ငှက်ပျောသီး တစ်လုံးစားပြီး ရေ ၂ ဖန်ခွက် သောက်ကြပါတယ်။ မျှတတဲ့အစားအသောက်ပုံစံ ဖြစ်ပါစေ။ - ကာဗိုဟိုက်ဒရိတ်၊အဆီနဲ့အသားတွေကို မျှတအောင် စားပေးပါ။ - မျှတတဲ့အစားအသောက်ပုံစံမှ သင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေကို ပေးစွမ်းနိုင်သလို ကိုယ်အလေးချိန် လျှော့ချရာမှာလည်းအထောက်အကူ ပေးပါတယ်။ - Vitamin D, Omega-3 နဲ့ Omega-6 Fatty acids တွေကအဆီကျစေပြီး vitamin A,C နဲ့ E ကလည်းအဆီဆဲလ်တွေထဲမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ -အနီရောင်အသားတွေကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ -အစပ်တွေကလည်း ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်တွေကို မြန်ဆန်စေလို့အဆီတွေကို မြန်မြန် ချေဖျက်ပေးနိုင်ပါတယ်။ ခဏခဏစားပါ -အစားကို တစ်ခါထဲအများကြီးမစားဘဲ နည်းနည်းနဲ့ ခဏခဏစားပေးပါ။ - ၃ ခါအများကြီး စားမယ့်အစား ၆ ခါ နည်းနည်းစီ ခွဲစားပါ။ - ထိုအခါ သွေးတွင်းသကြားဓာတ်ကို ထိန်းထားနိုင်ပြီး ဆာလောင်ခြင်းကို ဟန့်တားပေးပါတယ်။ စားသောက်မှုပုံစံ ပြောင်းပါ။ - မနက်စာကိုအာဟာရ ပြည့်ဝတဲ့အစားအစာတွေနဲ့အများကြီးစားပါ။ - ဒါပေမယ့်အိပ်ရာမဝင်ခင် ၃ နာရီအလိုက စပြီးတော့ ဘာမှမစားမိပါစေနဲ့တော့။ - စားနေကျ ပန်းကန်ထက် ပိုသေးတဲ့ ပန်းကန်နဲ့စားပါ။ -အစားကို ဖြည်းဖြည်းချင်း ဝါးစားပါ။အစားပိုစားချင်စိတ်ကို ထိန်းပေးပါလိမ့်မယ်။ - တီဗီကြည့်ရင်း ဒါမှမဟုတ်အင်တာနက်သုံးရင်းအစားစားရင်အစားစားချင်စိတ် ပိုပြင်းပြနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။အရောင်များရဲ့ စွမ်းအားကိုအသုံးချပါ။ - ထမင်းစား စားပွဲဝန်းကျင်မှာအနီ၊အဝါ၊ လိမ္မော်တို့လိုအရောင် တောက်တောက်တွေ ရှိနေရင်အစားစားချင်စိတ်ကို ပိုဖြစ်စေပြီးအပြာရောင်လိုအရောင် မှိုင်းမှိုင်းတွေကတော့အစားစားချင်စိတ်ကို လျော့ကျစေပါတယ်။ ရေများများသောက်ပါ။ - ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်က မလိုအပ်တော့တဲ့အညစ်အကြေးတွေကို သန့်စင်စေပါတယ်။ - ဗိုက်လည်း ပြည့်နေစေလို့အစားအများကြီး စားချင်စိတ်မဖြစ်အောင် ထိန်းပေးပါတယ်။ - ဝိတ်တက်စေတဲ့အချိုရည်၊အရက်၊ ဘီယာတွေအစား ရေကိုပဲသောက်ပါ။ - ရိုးရိုးရေထက် ရေနွေးတွေက ဝိတ်ချရာမှာအထောက်အကူပြုပါတယ်။ - ရေနွေးကြမ်းကို ကိုယ်အလေးချိန် ကျအောင် သောက်သုံးကြပါတယ်။ တစ်ပတ်တစ်ခါ ကိုယ့်ကိုယ်ကိုဆုချပါ။ - ရေခဲမုန့်၊ ပီဇာစတဲ့ မိမိအရမ်းကြိုက်ပေမယ့် ရှောင်နေရတဲ့ စားစရာတွေကို တစ်ပတ်တစ်ခါတော့ စားပါ။ - စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး စားချင်တာ စားနိုင်ပေမယ့်အာသာပြေရုံသာ စားဖို့ သတိရှိပါ။ နေ့တိုင်း ကိုယ်လက်လှုပ်ရှား ကစားပေးပါ။ -အေရိုးဗစ်၊ ရေကူး၊ စက်ဘီးစီးခြင်း တို့လိုအားကစား မလုပ်နိုင်ရင်တောင် လမ်းလျှောက်ပေးပါ။ - ကားမစီးဘဲ လမ်းလျှောက်သွားလို့ရရင် လမ်းလျှောက်ပါ။ - ဓာတ်လှေကားကို မသုံးဘဲ လှေကားနဲ့အတက်အဆင်းပြုပါ။ - Gym မှာသွားပြီး မိမိခန္ဓာကိုယ်ရဲ့အဆီချချင်တဲ့အစိတ်အပိုင်းအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းတွေနဲ့အဆီချနိုင်ပါတယ်။ - ယောဂကျင့်စဉ်တွေကလည်း ကိုယ်အလေးချိန် လျော့နည်းစေဖို့အထောက်အကူ ပေးပါတယ်။ ဗီတာမင်ဒီလုံလောက်စွာရရှိပါစေ။ - နံနက်ခင်းနေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ပေးပါ။ - ဗီတာမင်ဒီကြွယ်ဝတဲ့အစားအစာတွေကို များများစားပေးပါ။ - ဗီတာမင်ဒီ လုံလောက်စွာ မရရှိရင် ဘယ်လောက်ကောင်းတဲ့အဆီချနည်းလမ်းပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုကိုလျှော့ချပါ။ - တရားထိုင်ခြင်း၊အသက်ရှုလေ့ကျင့်ခန်း လုပ်ခြင်းတို့နဲ့ မိမိမှာရှိတဲ့ စိတ်ဖိစီးမှုကို လျှော့ချပါ။ -အကောင်းမြင်ပါ။ - တစ်နေ့ကိုအနည်းဆုံး ၈ နာရီအိပ်ပါ။ - စိတ်ဖိစီးမှုကြောင့်အစားပိုစားပြီး ပိုဝလာနိုင်လို့ ဖြစ်ပါတယ်။ နည်းလမ်းလေးတွေကအရမ်းကိုရှိးရှင်းလွယ်ကူပါတယ်။ လုပ်နိုင်လေအကျိုးရှိလေမို့ ကြိုးစားကြည့်ကြပါနော်။ Credit: မီးချောလေး သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။