ကြွက်တွေသောင်းကျန်းလို့ စိတ်ညစ်နေရင် ဒီနည်းလမ်းလေးတွေကိုသုံးပါ
trend.com.mm
|
2019-06-12




အိမ်တိုင်းမဟုတ်ရင်တောင်အိမ်တော်တော်များများဟာ ဒီကြွက်ပြဿနာကိုရင်ဆိုင်နေရပါတယ်။ကြွက်တွေဟာသူ့ဘာသာအစာရှာတယ်ဆိုပေမဲ့
တစ်ခါတစ်ရံတော့ လူသားတွေအတွက် ကျန်းမာရေးပြဿနာတွေယူဆောင်လာပါတယ်။အနည်းဆုံးတော့ သိမ်းထားတဲ့ပစ္စည်းတွေ ကြွက်ကိုက်ခံရတာ၊
အစားအသောက်တွေကြွက်စားသွားတာစတဲ့အသေးအမွှားလေးတွေကြုံရပါတယ်။ကိုယ်က ကြွက်တွေကိုလည်းမသတ်ချင်ဘူးဆိုရင်ဒီနည်းလေးတွေနဲ့
ကြွက်ပြေးအောင်လုပ်နိုင်ပါတယ်။ဘယ်လိုနည်းလေးတွေလည်းကြည့်လိုက်ပါဦး


*မုန့်ဖုတ်ဆိုဒါ





မုန့်ဖုတ်ဆိုဒါဟာ ကြွက်တွေဝေးဝေးပြေးစေဖို့ကူညီပေးနိုင်ပါတယ်။ကြွက်တွေသွားလာတတ်တဲ့နေရာမျိုးမှာမုန့်ဖုတ်ဆိုဒါမှုန့်တွေဖြူးထားလိုက်ပါ။မုန့်ဖုတ်ဆိုဒါ
ရဲ့အနံ့ကြောင့် ကြွက်တွေလာမှာမဟုတ်တော့ပါဘူး။သတိထားရမှာကတော့ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေ မုန့်ဖုတ်ဆိုဒါအနားမရှိဖို့ပါပဲ။စားမိရင်
အဆိပ်ဖြစ်စေနိုင်ပါတယ်။


*ပူစီနံအဆီ








ပူစီနံအဆီဟာလည်းအနံ့ပြင်းတဲ့အတွက် ကြွက်တွေဟာ ဝေးဝေးရှောင်ပါတယ်။ကြွက်တွေဟာအနံ့ပြင်းပြင်းတွေကိုမခံနိုင်ကြပါဘူး။ဒါကြောင့်
သင့်မှာ ပူစီနံအဆီရှိရင် ကြွက်တွေကျက်စားရာ နေရာအနီးတစ်ဝိုက်မှာ ပူစီနံအဆီဆွတ်ထားတဲ့ဂွမ်းလုံးလေးတွေကိုချထားပါ။ရက်အနည်းငယ်ကြာရင်တော့
အဲ့ဒီဂွမ်းလုံးလေးတွေကို ပြန်သိမ်းဖို့ မမေ့ပါနဲ့။


*အိမ်သန့်ရှင်းရေးလုပ်ပါ








ကြွက်တွေပြေးစေမယ့်နည်းလမ်းတစ်ခုကအဲ့ဒီနေရာတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ပေးဖို့ပါပဲ။ကြွက်တွေဟာ မှောင်မည်းညစ်ပတ်တဲ့နေရာတွေမှာသာ
နေထိုင်ကြပါတယ်။အစားအသောက်အကြွင်းအကျန်တွေရှိနေတဲ့နေရာ၊အမှိုက်သရိုက်တွေရှိနေတဲ့နေရာမျိုးရှိနေရင် ကြွက်တွေဟာ ပြေးမှာမဟုတ်ပါဘူး။
ဒါကြောင့် ကိုယ့်အိမ်ပတ်ဝန်းကျင်ကိုလည်းသန့်ရှင်းအောင်ထားဖို့လိုအပ်ပါတယ်။


*လေးညှင်းပွင့်








လေးညှင်းပွင့်တွေ ချထားတာကလည်း ကြွက်တွေပြေးစေပါတယ်။အပေါ်မှာပြောခဲ့တဲ့အတိုင်း ကြွက်တွေဟာအနံ့ပြင်းပြင်းတွေ
မခံနိုင်ပါဘူး။ဒါကြောင့် လေးညှင်းပွင့်တွေချထားတာကလည်း ကြွက်တွေထွက်ပြေးစေပါတယ်။ကြွက်တွေသွားလာတတ်တဲ့နေရာတွေ၊
ဗီရိုအနောက်တွေ၊ကုတင်အောက်တွေစတဲ့နေရာတွေမှာ ချထားရင် ကြွက်တွေလာတော့မှာမဟုတ်ပါဘူး။


*Dryer Sheet တွေသုံးပေးနိုင်









Unicode

အိမ်တိုင်းမဟုတ်ရင်တောင် အိမ်တော်တော်များများဟာ ဒီကြွက်ပြဿနာကိုရင်ဆိုင်နေရပါတယ်။ကြွက်တွေဟာသူ့ဘာသာအစာရှာတယ်ဆိုပေမဲ့တစ်ခါတစ်ရံတော့ လူသားတွေအတွက် ကျန်းမာရေးပြဿနာတွေယူဆောင်လာပါတယ်။အနည်းဆုံးတော့ သိမ်းထားတဲ့ပစ္စည်းတွေ ကြွက်ကိုက်ခံရတာ၊အစားအသောက်တွေကြွက်စားသွားတာစတဲ့ အသေးအမွှားလေးတွေကြုံရပါတယ်။ကိုယ်က ကြွက်တွေကိုလည်းမသတ်ချင်ဘူးဆိုရင်ဒီနည်းလေးတွေနဲ့ကြွက်ပြေးအောင်လုပ်နိုင်ပါတယ်။ဘယ်လိုနည်းလေးတွေလည်းကြည့်လိုက်ပါဦး

*မုန့်ဖုတ်ဆိုဒါမုန့်ဖုတ်ဆိုဒါဟာ ကြွက်တွေဝေးဝေးပြေးစေဖို့ကူညီပေးနိုင်ပါတယ်။ကြွက်တွေသွားလာတတ်တဲ့နေရာမျိုးမှာမုန့်ဖုတ်ဆိုဒါမှုန့်တွေဖြူးထားလိုက်ပါ။မုန့်ဖုတ်ဆိုဒါရဲ့အနံ့ကြောင့် ကြွက်တွေလာမှာမဟုတ်တော့ပါဘူး။သတိထားရမှာကတော့ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေ မုန့်ဖုတ်ဆိုဒါအနားမရှိဖို့ပါပဲ။စားမိရင်အဆိပ်ဖြစ်စေနိုင်ပါတယ်။

*ပူစီနံအဆီပူစီနံအဆီဟာလည်း အနံ့ပြင်းတဲ့အတွက် ကြွက်တွေဟာ ဝေးဝေးရှောင်ပါတယ်။ကြွက်တွေဟာ အနံ့ပြင်းပြင်းတွေကိုမခံနိုင်ကြပါဘူး။ဒါကြောင့်သင့်မှာ ပူစီနံအဆီရှိရင် ကြွက်တွေကျက်စားရာ နေရာအနီးတစ်ဝိုက်မှာ ပူစီနံအဆီဆွတ်ထားတဲ့ဂွမ်းလုံးလေးတွေကိုချထားပါ။ရက်အနည်းငယ်ကြာရင်တော့အဲ့ဒီဂွမ်းလုံးလေးတွေကို ပြန်သိမ်းဖို့ မမေ့ပါနဲ့။

*အိမ်သန့်ရှင်းရေးလုပ်ပါကြွက်တွေပြေးစေမယ့်နည်းလမ်းတစ်ခုက အဲ့ဒီနေရာတစ်ဝိုက်ကို သန့်ရှင်းရေးလုပ်ပေးဖို့ပါပဲ။ကြွက်တွေဟာ မှောင်မည်းညစ်ပတ်တဲ့နေရာတွေမှာသာနေထိုင်ကြပါတယ်။အစားအသောက်အကြွင်းအကျန်တွေရှိနေတဲ့နေရာ၊အမှိုက်သရိုက်တွေရှိနေတဲ့နေရာမျိုးရှိနေရင် ကြွက်တွေဟာ ပြေးမှာမဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်အိမ်ပတ်ဝန်းကျင်ကိုလည်းသန့်ရှင်းအောင်ထားဖို့လိုအပ်ပါတယ်။

*လေးညှင်းပွင့်လေးညှင်းပွင့်တွေ ချထားတာကလည်း ကြွက်တွေပြေးစေပါတယ်။အပေါ်မှာပြောခဲ့တဲ့အတိုင်း ကြွက်တွေဟာ အနံ့ပြင်းပြင်းတွေမခံနိုင်ပါဘူး။ဒါကြောင့် လေးညှင်းပွင့်တွေချထားတာကလည်း ကြွက်တွေထွက်ပြေးစေပါတယ်။ကြွက်တွေသွားလာတတ်တဲ့နေရာတွေ၊ဗီရိုအနောက်တွေ၊ကုတင်အောက်တွေစတဲ့နေရာတွေမှာ ချထားရင် ကြွက်တွေလာတော့မှာမဟုတ်ပါဘူး။

*Dryer Sheet တွေသုံးပေးနိုင်Dryer Sheet တွေဟာလည်း ကြွက်တွေဝေးဝေးပြေးအောင်ကူညီပေးနိုင်ပါတယ်။အနံ့ပြင်းလွန်းတဲ့ Dryer Sheet တွေကို ကြွက်တွေလာတတ်တဲ့နေရာတွေမှာ ချထားပေးတာမျိုး၊Dryer sheet တွေနဲ့သုတ်ထားတာမျိုးလုပ်ပေးထားပါ။အနံ့ပြင်းတဲ့အတွက် ကြွက်တွေက အဲ့ဒီနေရာကိုမလာနိုင်ပါဘူး။ဒီအတိုင်း နှစ်ရက်ခြား တစ်ခါလောက်လုပ်ပေးမယ်ဆိုရင် သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ကြွက်တွေအိမ်မှာရှိတော့မှာမဟုတ်ပါဘူး။




Some text some message..