အမျိုးသမီးအများစုဟာ ဘရာဝတ်ရတာကို ကြိုက်နှစ်သက်ပြီး ဘရာဝတ်ခြင်းက ရင်သားအလှအတွက် ကောင်းမွန်တယ်လို့အထင်မှားတတ်ကြပါတယ် ။ ဘရာဝတ်ဆင်ခြင်းက ရင်သားအလှအတွက်ရော ကျန်းမာရေးအတွက်ပါ ဆိုးကျိုးများစွာ ရှိတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ် ။ ဘရာကို လုံးဝ မဝတ်သင့်တော့တဲ့အကြောင်းအရင်းတွေကတော့..
၁။ ဘရာဝတ်ခြင်းက ရင်သားတွဲကျမှု ပိုမိုဖြစ်နိုင်ပါတယ် ။ ရင်သားမှာရှိနေတဲ့အရွတ်တွေက သဘာဝအတိုင်း ရင်သားတွဲမကျအောင် ထိန်းသိမ်းပင့်တင်ပေးပါတယ် ။ သို့သော် ဘရာဝတ်ခြင်းကြောင့်အရွတ်တွေ သေးလာပြီးအားနည်းကာ ရင်သားထိန်းသိမ်းမှုမှာအားနည်းသွားပါတယ် ။ ဘရာက ဝတ်ထားတဲ့အချိန်တစ်ခုသာ ရင်သားကို မတွဲအောင် လုပ်ပေးတာပါ။
၂။ဘရာမဝတ်ခြင်းက ရင်သားနှင့် ရင်သားထိပ် (နို့သီးခေါင်း) ကို ပိုပြီး တင်းရင်းစေပါတယ် ။
၃။မကြာခဏ ခေါင်းမူး၊ ခေါင်းကိုက် ၊ကျောနာတတ်ပါသလား ။ ဒါဟာ ဘရာ ကြောင့် ဖြစ်နိုင်ပါတယ်။ တင်းကျပ်တဲ့ ဘရာ ဝတ်ဆင်ခြင်းကြောင့် ခေါင်းမူးခေါင်းကိုက်ခြင်းနှင့် နောက်ကျောနာကြင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ် ။ဘရာမဝတ်ဘဲ နေကြည့်ပါ ၊ ဒီလိုဖြစ်တာတွေ သိသိသာသာ လျော့ကျ သက်သာသွားပါလိမ့်မယ် ။
၄။ ဘရာမဝတ်ခြင်းကအသက်ရှုလို့လည်း ပိုပြီး ကောင်းမွန် လွယ်ကူစေပါတယ် ။
၅။ ဘရာဝတ်ဆင်ခြင်းကြောင့်အရေပြားပေါ်မှာ စွဲထင်တတ်တဲ့အကြောင်း ၊အစင်းအရာတွေမှလည်း ကင်းဝေးစေပါတယ်။
၆။ fitting ကျနေသော ဘရာ ဝတ်ဆင်တဲ့အခါ ရင်သားတဝိုက်အရေပြားမှာအစိုဓါတ်နည်းလာပြီး ခြောက်သွေ့မှုဖြစ်ကာ ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ် ။အမျိုးသမီး တော်တော်များများ လူကြားထဲ ယားယံတာမျိုးတွေ ဖြစ်လေ့ရှိမှာပါ ။ ဘရာမဝတ်ဘဲနေရင်တော့ ဒီဒုက္ခက ကင်းပါပြီ ။
၇။ဘရာမပါဘဲအိပ်စက်ခြင်းက ပိုပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ သက်တောင့်သက်သာအိပ်ပျော်စေပါတယ်။
၈။ပိုက်ဆံကုန်သက်သာတယ် ။ ဘော်လီမဝတ်တော့ ဝယ်စရာမလိုဘူး ။ မဝယ်တော့ ပိုက်ဆံမကုန်ဘူးပေါ့
၉။ ဘရာမဝတ်ဆင်ခြင်းကြောင့် သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။
၁၀။ တစ်ခါတစ်ရံမှာ ဘရာနဲ့ ကိုယ်ဝတ်မယ့်ဖက်ရှင် လိုက်၊မလိုက် ကို စဉ်းစားရတာလည်းအလုပ်တစ်ခုပါ ။ ဒါ့ကြောင့်အနောက်နိုင်ငံကအနုပညာရှင်တွေ တစ်ခါတစ်လေ ဘရာမပါဘဲ လျှောက်သွားကြတယ်လို့ ထင်ပါတယ် ။အဓိကကတော့ ဘရာမပါလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေရင်အထာကျကျ လှနေတာပါပဲ။
CHAN (ရွှေအင်းလေး)