Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
healthcare.com.mm
|
2019-06-21


အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်-ကလေးဖွါးတာဟာ ‘အသက်ဖက်နဲ့ ထုပ်ထားရသလို’အန္တရာယ်ကြီးလှတယ်။ ဒီလို မျိုးပွါးကျန်းမာရေး ကိစ္စတွေနဲ့ သေဆုံးကြရတဲ့ ထိပ်ဆုံးအကြောင်းရင်းတွေထဲမှာ သားပျက်ရာ ပိုးဝင်တာလဲပါတယ်။ လူတွေအများဆုံးနေကြရပြီး၊ ဆင်းရဲမွဲတေမှုအများဆုံးရှိတဲ့ နေရာဒေသတွေမှာ ပိုများတယ်။ ဒီအထဲမှာ တရားမဝင် ကိုယ်ဝန်ဖျက်ရာကနေ ဖြစ်ကြရတာက တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကိုအမျိုးသမီးပေါင်း ၆၈ဝဝဝ ယောက်ရှိတယ်။ Septic abortion ဆိုတာ ကိုယ်ဝန်ပျက်ရင်းဖျက်ရင်း ပိုးဝင်လာတာကိုခေါ်တာ။ ပိုးက နည်းအမျိုးမျိုးနဲ့ ဝင်နိုင်တယ်။ ဝင်သွားလို့ သားအိမ်အတွင်းဆုံးအလွှာ ရောင်ရင် Endometritis ဖြစ်မယ်။ သေသေခြာခြာ ဆေးမကုရင် ပိုးက ဆက်ပျံ့နှံ့ လိမ့်မယ်။ နောက်ဆုံး ဗိုက်ကိုအထဲမှာ ဖုံးထားပေးနေတဲ့အလွှာကိုရောင်စေတဲ့ Peritonitis ဖြစ်တာဟာအရေးပေါ်ရောဂါ တစ်ခုပါ။အများဆုံး ဖြစ်မှှာတော့ (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်ပါတယ်။ သားပျက်ရာ ပိုးဝင်သူတွေ ရာသီထိန်မယ်၊ ဖျားမယ်၊ ချမ်းမယ်၊ ဗိုက်နာမယ်၊ မွေးလမ်းကနေ သွေးဆင်းမယ်၊ ဆင်းတာကအနံ့ရှိမယ်၊ ခါးကိုက်မယ်၊ သွေးဖိအား ကျနေမယ်၊ ကိုယ်မပူဘဲအေးနေတာလဲ ရှိတတ်တယ်၊ ဆီးအောင်တာဖြစ်ဖြစ် ဆီးနဲတာဖြစ်ဖြစ် ရှိမယ်၊အသက်ရှူတာ ခက်မယ်၊ လိင်ကတဆင့် ကူးစက်ရောဂါ လက္ခဏာတွေနဲ့ တွဲနေတတ်တယ်၊ ကိုယ်လဲပူ၊ ဗိုက်လဲအတင်းနာလို့အူအတက်ရောင်တာနဲ့ မှားတတ်တယ်။ ပုံမှန်ကိုယ်ဝန် ဆိုတာလဲ မမေ့ရဘူး။ ဆီးလမ်း ပိုးဝင်တာတွေနဲ့ ဆင်တူတာကို ခွဲခြားရမယ်။ သွေးဆင်း ပုံမမှန်တာ၊ ရှော့ခ်ရတာနဲ့ သွေးထဲ ပိုးဝင်တာတွေနဲ့လဲ ဆင်တူတတ်တယ်။ ရာသီလာချိန် နာတာ၊ ထိခိုက်မိတာ။ ဒါတွေအပြင် မျိုးဥအိမ်အလုံး၊ မွေးလမ်းကြောင်းရောင်၊ မျိုးဥအိမ် လိမ်နေတာ၊ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်၊ ရိုးရိုးကိုယ်ဝန်၊ သားအိမ်ပြင်ပကိုယ်ဝန်တည်တာ၊ တခြားရှားပါးတာတွေလဲ ရှိသေးတယ်။ မြန်မာပြည်မှာ ကိုယ်ဝန်ကို တမင်တကာ ဖျက်တာ တရားဥပဒေက ခွင့်မပြုပါ။ လုပ်ပေးသူမှာလဲအပြစ်ရှိတယ်။ တရားဝင် ဆေးရုံ-ဆေးခန်းတွေမှာ လုပ်တာရပေမဲ့လဲ ကိုယ်ဝန်ဖျက်ခြင်းမှာ နောက်ဆက်တွဲတွေ မကင်းပါ။ ရောဂါနောက်ဆက်တွဲ၊ မေ့ဆေး နောက်ဆက်တွဲ၊ ဆေးဝါးနောက်ဆက်တွဲ၊ ခွဲစိတ်မှုနောက်ဆက်တွဲ။ တချို့မှာ သားအိမ ပေါက်ထွက်သွားတာ တွေ့ရတတ်တယ်။အူထိခိုက်ထားတာ၊ ဆီးအိမ် ထိခိုက်တာတွေလဲ ဖြစ်နိုင်တယ်။ ပိုးက သွေးထဲရောက်သွားတာလဲအတော်ဆိုးတယ်။ ဘာလို့ဖြစ်ရသလဲ • သားပျက်လို့ ထွက်ရမဲ့အရာတွေက သားအိမ်ထဲမှာ ကျန်နေရာကနေလဲ ဖြစ်တယ်။ • ဖျက်ဘို့သုံးတဲ့ ပစ္စည်း နည်းတွေကြောင့်လဲ ဖြစ်တယ်။ • မွေးလမ်းကြောင်းထဲမှာအမြဲလိုလို ရှိနေကြတဲ့ (ဗက်တီးရီးယား) တွေကအထက်ကို တက်လာရာကနေ ဝင်နိုင်သလို လိင်ကတဆင့် ကူးစက်ရောဂါပိုးတွေကြောင့်လဲ ဖြစ်တယ်။ ပိုးအမျိုးအစားတွေကတော့ E coli, B beta-hemolytic Streptococci, Staphylococcal, Bacteroides, Neisseria gonorrhoeae, Chlamydia trachomatis, Clostridium perfringens, Mycoplasma hominis နဲ့ Haemophilus influenza တွေ ဖြစ်တယ်။ ဘာတွေလုပ်ရမလဲ •အာလ်ထွာဆောင်းရိုက်၊ • (hCG) ကိုယ်ဝန် ဆီးစစ်တာ လုပ်မယ်။ • ပိုးဝင်နေရင် တစ်ခါတည်း D and C သားအိမ် မခြစ်သေးဘဲ နေရသေးတယ်။ • ဒါမှမဟုုတ် Oxytocin ဆေးသွင်းတာနဲ့ ကျစေရမယ်။ • လိုအပ်ရင် Dextrose Water, Dextrose Saline, Ringer’s Lactate, Normal Saline ဆေးသွင်းပေး၊ •အောက်စီဂျင်လဲ လိုခြင်လိုမယ်။ • ဆေးရုံရောက်တာနဲ့ ဆေးစစ်-သွေးစစ်တာတွေ လုပ်မယ်။ • နာနေတာ၊ ဖျားနေတာတွေအတွက် Antibiotics ဆေးတွေ ပေးမယ်။ • မေ့ဆေးအတွက် ပြင်ဆင်မယ်။ • သွေးသွင်းဘို့ လိုနိုင်တယ်။ • သားအိမ်ကအလုပ်မလုပ်ရင် Oxytocin ဆေးသွင်းပေးမယ်။ ဒါမှမဟုတ် Intracervical vasopressin or Carboprost tromethamine ဆေးကို သားအိမ်အဝထဲ ထည့်ပေးမယ်။ • D and C သားအိမ်ခြစ်တာ လုပ်ရနိုင်တယ်။ ခြစ်ပြီးနောက်မှာလိုလို့ ထပ်လုပ်ရတာလဲ ရှိတယ်။ • မရတဲ့အဆုံး သားအိမ် ထုတ်ပြစ်ရသူလဲ ရှိနိုင်သေးတယ်။ ကိုယ်ဝန် ပျက်ရင်း ဖျက်ရင်း ပိုးဝင်လာတာကို ဘယ်လိုကုသမလဲ •အရေးပေါ်မီးယပ်ရောဂါလို့ သတ်မှတ်တယ်။ ပိုးအမျိုးတွေကများလို့အသုံးပြုတဲ့ ပဋိဇီဝဆေးတွေကလဲ များလှတယ်။ Antibiotics Tripple Regime ပိုးသေဆေး (၃) မျိုး တွဲပေးရတယ်။ (၁) Ampicillin 1-2G တနေ့ ၄ ကြိမ်၊ ၂၄-၄၈ နာရီ။ (၂) Metronidazole 500 mg တစ်နေ့ ၃ ကြိမ်၊ ၂၄-၄၈ နာရီ။ (၃)Gentamycin 80 mg တစ်နေ့ ၃ ကြိမ်၊ ၅ ရက်။ (၄) တခြားပိုးသေဆေးတွေကတော့ Cephalosporins IV Cefuroxime 750-1500 mg တနေ့ ၃-၄ ကြိမ်၊ ၂၄-၇၂ နာရီ။ Ofloxacin, Ciprofloxacin 400 mg တနေ့ ၁ ကြိမ်။ • D and C ပိုးသေဆေးပေးပြီး သားအိမ်ခြင်းခြင်း၊ • မေ့ဆေးနဲ့လုပ်မယ်။ သားအိမ် ပေါက်မသွားအောင်အထူးသတိထားပါ။ • နာတာသက်သာအောင် IM Pethadine 100 mg ၄-၆ နာရီတခါထိုးပေးပါ။ Promethazine 25 mg ၈-၁၂ နာရီတခါ၊ ၂၄-၄၈ နာရီအထိ တွဲထိုးပါ။ • ATT 0.5 mg + Human Immuno Tetanus Globulin 250-500 IU မေးခိုင်ကာကွယ်ဆေး (၂) မျိုးထိုးပေးပါ၊ နောက်တွဲဖြစ်နိုင်တာတွေကတော့ - E. Coli, Klebsiella, Proteous, Bacteroids ဆိုးတဲ့ပိုးတွေကနေထွက်တဲ့အဆိပ်အတောက်ကြောင့် Septic Shock (ရှော့ခ်) ဖြစ်နိုင်တယ်။အရေးပေါ်ဆေးကုသမှုလုပ်ရမယ်။ ကိုယ်ဝန်ဖျက်ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ - ဒီမေးခွန်းလဲအခုတလော ဖြေနေရပါတယ်။ ဆေး (၃) မျိုးသုံးတယ်။ တချို့က တမျိုးထဲ၊ တချို့က ၂ မျိုးထဲသာသုံးတယ်။ (၁) Cytotec (ဆိုက်တုတက်) ရဲ့ ဘေးထွက်-ဆိုးကျိုးများ -အန်၊ လေတက်၊ ဝမ်းချုပ်၊ ခေါင်းကိုက်၊ ရာသီလာစဉ်နာခြင်း၊ ရာသီမမှန်ခြင်း (၂) Mifepristone (Mifeprex ) ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ - ပျို့၊အန်၊ ဝမ်းပျက်၊အားနည်း၊ ခေါင်းမူး။ ဒီလိုဖြစ်နောက ၂၄ နာရီကျော်အထိကြာရင် ဆရာဝန်ပြပါ။ သွေးဆင်းမယ် (ကိုယ်ဝန်အရင့်အနုအပေါ်မူတည်မယ်)၊ ကြွက်တက်သလို နာမယ်။ ဗိုက်နာမယ်။ တချို့မှာ ဖျားမယ်။ (၃) Methotrexate ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ -အန်၊အစာမကျေ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မောပန်း၊ မျက်စိကြည့်မကောင်း။အရေအတွက်နည်းသူတွေမှာ (အလာဂျီ) ရတာနဲ့ ဆိုးဝါးတာတွေဖြစ်နိုင်။ Credit : ဒေါက်တာတင့်ဆွေ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..