အမျိုးသားများကအမျိုးသမီးများထက် ပို၍ နောက်ကျောဘက်မှာ ဝက်ခြံပေါက်လေ့ရှိုကြပါတယ်။အဲဒီဝက်ခြံတွေ ဘယ်လိုပျောက်ကင်းအောင် လုပ်ရမယ် မသိဖြစ်နေသူများအတွက်၊အောက်ပါကုထုံးများဖြင့် စမ်းသပ်ကြည့်စေလိုပါတယ်။ ၁။အဝလွန်သူများ၊အဆီပြန်သောအရေပြားများနဲ့ စိတ်ဖိစီးတဲ့အခါမျိုးတွေမှာ ကျောကုန်းတွင် ဝက်ခြံများစွာ ထွက်ရှိလာတတ်တာကြောင့် စိတ်အပန်းဖြေခြင်း၊ ယောဂကျင့်ခြင်း၊အသက်ပြင်းပြင်းရှူခြင်း၊အိပ်ရေးဝဝအိပ်ခြင်း၊ တရားမှတ်ခြင်း (အာနာပါန ရှူခြင်း)၊ စိတ်ညစ်စရာမပြေလည်မှုများကို မေ့ပျောက်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်းတို့ ပြုလုပ်ပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကလည်း နောက်ကျောဘက်ရှိ ချွေးပုပ်များထွက်လာကာအရေပြားပေါ်မှအဆိပ်အတောက်များ ပြေ၍ ဝက်ခြံပျောက်စေပါတယ်။ ၂။ ကျောကုန်းရှိ ဝက်ခြံများက ယားယံလေ့ရှိတာကြောင့် လက်ဖြင့်ညှစ်ခြင်း၊ ပွတ်တိုက်ခြင်း၊ ကုတ်ဖဲ့ခြင်းမလုပ်ပါနှင့်။ ထိုသို့ပြု ခြင်းဖြင့် ဝက်ခြံအဖုမှထွက်လာသော သွေးနှင့်အရည်ကြည်များက နောက်ထပ် ဝက်ခြံအသစ်များအလျင်အမြန်ပွားလာစေပါတော့တယ်။ ၃။ green tea (ခေါ်) လ္ဘက်စိမ်းရွက်တို့က ကျောကုန်းပေါ်ရှိ ဝက်ခြံတို့ကို သက်သာစေတဲ့အပြင်၊ ဝက်ခြံပေါက်ပြီးသောအရေပြားကို ပြန်လည်အားသစ်လောင်းပေးနိုင်တာကြောင့်၊ လက်ဖက်စိမ်းရွက်တို့ကို ကြိတ်ချေလိမ်းခြင်း (သို့မဟုတ်) ၎င်းဆေးဘက်ဝင်အပင်ဖြင့် ပြုလုပ်ထားသောအရေပြားလိုးရှင်းကရင်မ်သုံးခြင်း (သို့မဟုတ်) လက်ဖက်စိမ်းရွက်အဆီလိမ်းခြင်းတို့ပြုလုပ်ပေးပါ။ ၄။ ရှာစောင်းလက်ပတ်အပင်ကအရေပြားအတွက်အကောင်းဆုံးအဖော်မွန်ဖြစ်လို့၊ ၎င်းအပင်၏ ဂျယ်လီဖြင့် ကျောဘက်အနှံ့အသားထဲထိ စိမ့်အောင်လိမ်းပေးပါ။ ၅။ မှိုမတက်စေရန်လည်းကောင်း၊အက်စ္စပရင်ဆေးပြားတွင်လည်းကောင်း၊ ဆိုးဆေးများတွင်လည်းကောင်း salicylicအက်ဆစ် (ခေါ်) ဓာတုပစ္စည်းတစ်မျိုးကို ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ထိုအက်ဆစ်က နောက်ကျောဘက်ရှိ ဝက်ခြံဖုများကိုလည်း ထိထိရောက်ရောက်သက်သာစေလို့salicylicအက်ဆစ်ပါသောကိုယ်တိုက်ဆပ်ပြာကို ရွေးချယ်သုံးပေးပါ။ (သို့မဟုတ်) anti bacteria ပါသော ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။ ၆။အတွင်းခံအကျီ ကြပ်ကြပ်မဝတ်ပါနှင့်။ ချွေးထွက်၊ လေပိတ်ပြီး ဝက်ခြံများကို ပိုမိုယားယံစေပါတယ်။ ၇။ လက်နှစ်ဘက်ရှိ လက် ၁၀ ချောင်းက နောက်ကျောအနှံ့ချေး (ဂျီး) ညှော်များကို ပြောင်စင်အောင် မတိုက်ချွတ်နိုင်ပါဘူး။ ထို့ကြောင့် ရေချိုးခန်းသုံးတာဝါ (သို့မဟုတ်) ရေမြှုပ်တာဝါကို နောက်ကျောဘက် ကန့်လန့်၊ ဒေါင်လိုက် ပုံစံအမျိုးမျိုးဖြင့် တိုက်ချွတ်ဆေးကြောပါ။ ၈။ ထိုနည်းတူ ရေချိုးပြီးနောက် နောက်ကျောရှိဆပ်ပြာရည်အကြွင်းအကျန်များကို ကုန်စင်အောင် ရေများများလောင်းချိုးပြီး၊ မျက်နှာသုတ်ပဝါဖြင့် ကျောအနှံ့ရေများခြောက်သွေ့သွားအောင်ပွတ်တိုက် သုတ်ပေးပါ။ သို့မဟုတ်ပါက ထိုဆပ်ပြာရည်အကြွင်းအကျန်ထဲရှိ ဓာတုပစ္စည်းများကအရေပြားယားယံပြီး ဝက်ခြံအဖုများ ပေါက်ပွားလာစေပါတယ်။ ၉။ ကွေကာအုတ်အကြမ်းများက ကျောကုန်းပေါ်ရှိ ဝက်ခြံများကိုအံ့ဘွယ်သန့်စင်ပေးလို့၊ ကွေကာအုတ်ကို ရေနွေးဖြင့် ပျစ်ပျစ်ဖျော်၍ ထိုဝက်ခြံဖုများအပေါ် ခပ်နာနာပွတ်တိုက်ပေးပါ။ ရက်သတ္တ ၁ -ပတ်အတွင်းမှာပင် သိသိသာသာ လျော့ပါးသွား စေပါလိမ့်မယ်။ ၁ဝ။ ငှက်ပျောသီးမှည့်မှည့်ကို ကြိတ်ချေပြီး၊ နောက်ကျောအနှံ့ ပွတ်တိုက်လိမ်းပေးပါ။ နောက် ၅မိနစ်အကြာမှာ ရေနွေးနွေးမှာနှစ်စိမ်ထားသော မျက်နှာသုတ် ပုဝါနွေးနွေးဖြင့် ကျောကုန်းကို ပွတ်တိုက်သန့်စင်ပေးပါ။ ၁၁။ ရေချိုးပြီးတိုင်း ဆားကြမ်းကို ရေပျစ်ပျစ်ဖျော်၍ ကျောကုန်းမှာအသာအယာပွတ်ပေးပါ။ ထိုဆားပျော်ရည်ခြောက်သွားတဲ့အထိ စောင့်ပြီးနောက်၊ ရေအေးဖြင့် ပြန်လည်ဆေးကြောသန့်စင်ပါ။ တစ်နေ့ ၂-ကြိမ် ထိုသို့ မှန်မှန်လုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း သိသိသာသာ ဝက်ခြံများ လျော့ပါးသွားစေပါတယ်။ ၁၂။ မုန့်ဖုတ်ဆော်ဒါမှုန့်များကလည်းအရေပြားပေါ်ရှိ ဝက်ခြံများအတွက် ဆေးစွမ်းထက်မြက်ကြောင်းအရေပြားအထူးကု ဆရာဝန်များက ထောက်ခံအားပေးကြပါတယ်။ ထိုဆော်ဒါမှုန့်ကို ရေအေးဖြင့် ပျစ်ပျစ်ဖော်၍ ကျောဘက်ရှိ ဝက်ခြံများအပေါ် စက်ဝိုင်းသဏ္ဍာန်အသားထဲထိစိမ့်ဝင်အောင် နှိပ်နယ်လိမ်းကျံပေးပါ။ ၁ဝ-မိနစ်ခန့်အကြာ ရေနွေးနွေးဖြင့် ပြန်လည်သန့်စင်လိုက်ပါ။ ၁၃။ မည်သို့ပင် ဆေးဝါးကုထုံးများ သုံးစေကာမူ၊ နေ့စဉ်ပုံမှန်စားနေသောအစားအသောက်ကလည်းအရေပြားကျန်းမာရေးအတွက်အဓိကကျတာမို့ဆင်ဆင်ခြင်ခြင်စားပါ။ ပြည့်ဝဆီပါသောအစားအစာဟင်းလျာများ၊ ဆီဟောင်းကို ထပ်ခါထပ်ခါ သုံးထားသောအကြော်အလှော်များ၊အဆီမထုတ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများ ရှောင်ပါ။ ရေများများသောက်ပါ။ လတ်ဆတ်ပြီးအရည်ရွှမ်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များများစားပါ။ ဗီတာမင်စီကြွယ်ဝသော ရှောက်ရည်၊ သံပုရာရည်၊ နာနတ်သီးစားပေးပါ။ ၁၄။ စတော်ဘယ်ရီသီး၊ သင်္ဘောသီး၊ ထောပတ်သီးများကအသားအရေကိုသန့်စင်ပေးလို့များများစားပါ။ ထိုအသီးတို့ဖြင့် ပြုလုပ်ထားသော လိုးရှင်း(ကရင်မ်)လိမ်းပေးပါ။ ၁၅။ နနွင်း (စနွင်း) မှုန့်က ဝက်ခြံကဲ့သို့အရေပြားရောဂါအမျိုးမျိုးအတွက် သဘာဝပိုးသတ်ဆေးအဖြစ် ဆေးစွမ်းထက်မြက်စေပါတယ်။ ဂျုံမှုန့်နဲ နနွင်း(စနွင်း)မှုန့်တို့ကို ဆတူရောပြီး၊ ရေသန့်ဖြင့် ပျစ်ပျစ်ဖျော်ကာ၊ ရလာသောအနှစ်ဖြင့် နောက်ကျောဘက်ရှိ ဝက်ခြံများပေါ် တစ်နေ့၂-ကြိမ်ကျ လိမ်းပေးပါ။Credit : ပေါက်ပေါက် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။