
ရေနွေးပူလောင်၊ မီးပူလောင်တဲ့အခါ ကျွန်တော်တို့တစ်တွေဟာအိမ်သုံးဆေးအဖြစ် သွားတိုက်ဆေးကိုအလွယ်တကူ သုတ်လိမ်းကြတာ ထုံးစံလိုလို ဖြစ်နေပါပြီ။ တကယ်လည်း ထင်ထားလောက်အောင် ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြုံခဲ့ရသေးတာလည်း ပါပါတယ်။
သွားတိုက်ဆေးတဲ့မှာ ပရုပ်အေးဓာတ်အနည်းငယ်ပါတဲ့အတွက် ပူလောင်မှုတွေ သက်သာတယ်လို့အားလုံး ခံစားမိပြီး၊ သွားတိုက်ဆေးကိုအပူလောင်တဲ့အခါတိုင်း ပေါပေါလောလော သုံးစွဲခဲ့ကြတာပါ။အခုတော့ ဒေါက်တာတွေက ဒီနည်းဟာအလွန်မှားယွင်းကြောင်း ကြောက်စရာ ဓာတ်ပုံတွေနဲ့ သက်သေပြခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ နာမည်ကျော် တရုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ SouthChinaMorning Post က ဖော်ပြခဲ့ပါတယ်။
မလေးရှားအမျိုးသမီးငယ်တစ်ဦးဟာ ဆီပူလောင်တဲ့ဒဏ်ရာကို သက်သာစေဖို့ သွားတိုက်ဆေးတွေ လိမ်းခဲ့ပါတယ်။ ဒါပေမယ့် ပုံမှာ မြင်ရတဲ့အတိုင်း လက်ဟာ ဆိုးဆိုးရွားရွားအခြေအနေကို ရောက်လာခဲ့တာကြောင့် ဆေးရုံကို ချက်ချင်းပြေးခဲ့ရပါတယ်။
Image by
Daniel Albany
from
Pixabay
သူမကို တာဝန်ယူကုသပေးရတဲ့ ဒေါက်တာ Kamarul Ariffin ကအပူလောင်တဲ့ဘယ်ဒဏ်ရာကိုမဆို သွားတိုက်ဆေး သုတ်လိမ်းရင် ဘေးထွက်ဆိုးကျိုးတွေ ရှိလာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ သွားတိုက်ဆေးမှာ ပါတဲ့ဓာတ်တွေကအသားရေဓာတ်မတည့်မှုနဲ့ ယောင်ရမ်းမှုကို ဖြစ်စေမှာပါတဲ့။
Jika anda mengalami kelecuran, jangan letak ubat gigi, minyak gamat, tepung, kicap, telur dan sebagainya di kawasan lecuran.
Ia boleh menyebabkan inflamasi yang lebih teruk dan berisiko terkena jangkitan.
pic.twitter.com/ikNKYgFGtd
— Kamarul Ariffin (@dr_chaku)
June 12, 2019
အခုနောက်ပိုင်း ထွက်ရှိလာတဲ့ သွားတိုက်ဆေးတွေဟာ ဓာတုဓာတ်ပေါင်းတွေ ပိုမိုပါဝင်လာပြီး၊အထူးသဖြင့် သွားတိုက်ပြီး သွားဖုံးလေးအေးနေအောင် ပရုပ်အေးတွေ ထည့်သွင်းအသုံးပြုတာ များပြားလာခဲ့ပြီ ဖြစ်ပါတယ်။ သွားတိုက်ဆေးအပြင်အပူလောင်ဒဏ်ရာတွေအတွက်သုံးတဲ့ တစ်ခြားအိမ်တွင်းဆေးတွေလည်း ရှိပါသေးတယ်။
ကြက်ဥ၊ ဂျုံမှုန့်၊ ပဲကြာညို့အစသဖြင့်ကို သုံးတတ်ကြပါတယ်။ ဒါတွေကလည်း နည်းလမ်းမှန်တဲ့ ကုသမှုတွေ မဟုတ်ပါဘူးတဲ့။ မီးပူလောင်တာနဲ့ လက်မှာဝတ်ထားတဲ့ ရတနာတွေ၊ လက်ပတ်နာရီတွေ၊အဝတ်အစားတွေကိုအမြန်ချွတ်ပစ်သင့်တယ်လို့ Ariffin က ပြောပါတယ်။
Image by
Pexels
from
Pixabay
ယင်းနောက် သဘာဝရေထဲမှာအပူလောင်တဲ့ဒဏ်ရာကို (၁၀)မိနစ်မှ (၁၅)မိနစ်လောက်အထိ စိမ်ထားဖို့ လိုပါတယ်။ ရေခဲရေ၊ ရေခဲတုံး လုံးဝမသုံးသင့်ပါဘူး။ နောက် ချက်ချင်း ဆေးခန်းကို ပြေးသင့်ပါတယ်လို့အကြံပေးထားပါတယ်။ ဒေါက်တာတွေက ပိုပြီးသင့်တော်တဲ့ဆေးနဲ့ ကုကြမှာပါ။
သွားတိုက်ဆေးကုမ္ပဏီကြီးဖြစ်တဲ့ Colgate က သူတို့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်မှာလည်း ဒီသတိပေးမှုကို တရားဝင်ပြုလုပ်ခဲ့ပါတယ်။ သွားတိုက်ဆေးမှာထည့်သွင်းထားတဲ့ Abrasive နဲ့ Detergent တွေဟာ သွားတွေကို တိုက်ချွတ်ဖို့အတွက်အထူးထည့်သွင်းထားတာတွေဖြစ်ကြောင်း၊ တစ်ခြားနည်းလမ်းနဲ့အသုံးမပြုသင့်ကြောင်း ရှင်းလင်းခဲ့ပါတယ်။
လင်းသုတ (Shwemom)