ဘက်တီးရီးယား
လို့ ဆိုလိုက်တာနဲ့ လူတွေကို ဒုက္ခပေးတဲ့ ရောဂါပိုးတွေအဖြစ် မှတ်ထားကြတာများပါတယ်။ လူတွေ မှတ်ထားကြသလိုပဲ ဘက်တီးရီးယားတိုင်းက ဆိုးတာလား။ ဘက်တီးရီးယားတိုင်းက မဆိုးပါဘူး။ ဥပမာပြောရရင် စစ်တပ်နဲ့ တောခိုနေတဲ့ သူပုန်တွေလိုပေါ့။ နှစ်ဘက်လုံးကတော့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်နေပေမယ့် တစ်ဘက်က တိုင်းပြည်ကိုအကျိုးပြုတာ တစ်ဘက်ကဆိုးကျိုးတွေပေးတာ။ နောက်ဆုံးကျ သူတို့ပဲအချင်းချင်းပြန်တိုက်ရတာပဲ။ ဆိုးတဲ့ ဘက်တီးရီးယားတွေဆိုတာ ကိုယ်ခန္ဓာပြင်ပက ဘက်တီးရီးယားတွေကို ပြောတာပါ။အပြင်က ဝင်လာတာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ နဂိုတည်းက ရှိနေတဲ့ ဘက်တီးရီးယားတွေရှိပါတယ်။ သူတို့ကတော
့အကျိုးပြု ဘက်တီးရီးယား
( Probiotics) တွေပါ။အပြင်က ဝင်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ သူတို့က တာဝန်ယူရပါတယ်။ ကိုယ်တွင်းစစ်တပ်ကြီးပေါ့။
အကျိုးပြု ဘက်တီးရီးယား ( Probiotics) ဆိုတာဘာလဲ ။ ။
အကျိုးပြု ဘက်တီးရီးယား ( Probiotics) တွေဟာ
အူလမ်းကြောင်
းမှာအခြေချနေထိုင်တဲ့ ဘက်တီးရီးယားအုပ်စုတွေပါ။ ဒီ Probiotics တွေဟာ
အစာခြေစနစ်
ကြီး ကျန်းမာဖို့အဓိက တာဝန်ယူရပြီး စားလိုက်တဲ့အစားအစာတွေကို ခြေဖျက်ဖို့နဲ့ နုနယ်သေးတဲ့ကလေးရဲ့
အူလမ်းကြောင်
းထဲ ပြင်ပကဝင်လာတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့အတွက် သူတို့ က မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။အပြင်က မကောင်းတဲ့ ဘက်တီးရီးယားတွေကို နိုင်ဖို့အတွက် ဒီကိုယ်တွင်းစစ်တပ်ကြီး့အကျိုးပြု ဘက်တီးရီးယား ( Probiotics) တွေအားအင်ပြည့်ဝနေဖို့လိုပါတယ်။ ဒီလိုအားရှိနေမှ ကျန်းမာတဲ့ ကိုယ်ခန္ဓာဖြစ်အောင် သူတို့က စောင့်ရှောက်ပေးမှာကိုး။ ဒီတော့အကျိုးပြု ဘက်တီးရီးယား( Probiotics) တွေအားရှိဖို့အတွက် သူတို့အစာဖြစ်တဲ့အကျိုးပြု ဘက်တီးရီးယားအာဟာရ (
Prebiotics
) တွေလိုအပ်ပါတယ်။
အကျိုးပြု ဘက်တီးရီးယားအာဟာရ ( Prebiotics ) ဆိုတာ ဘာလဲ ။ ။
အကျိုးပြု ဘက်တီးရီးယား
( Probiotics ) တွေအတွက်
lcFOS
လို
Prebiotics
တွေလိုအပ်ပါတယ်။ Prebiotics ဆိုတာအူထဲမှာ ချေဖျက်စုပ်ယူလို့မရပေမယ့်အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီးအူတွင်းဘက်တီးရီးယားတွေအတွက်အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ်
အမျှင်ဓာတ်ေ
တွဖြစ်ပါတယ်။ lcFOS ဆိုတာ prebiotic တစ်မျိုးဖြစ်တဲ့ long chain fructo-oligosaccharides ရဲ့အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့
အကျိုးပြုဘက်တီးရီးယာ
းလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီး မွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒ့အပြင် Prebiotics တွေကအစာချေဖျက်နိုင်စွမ်းနဲ့အာဟာရနဲ့သတ္တုဓာတ်တွေစုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေတဲ့အပြင် ခွန်အားတိုးစေပြီး ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီတော့ခိုင်းနှိုင်းပြောရရင် ရှေ့တန်းရောက်နေတဲ့ စစ်သား
အကျိုးပြု ဘက်တီးရီးယား
( Probiotics ) တွေကို ရိက္ခာတွေ ဖြစ်တဲ့အကျိုးပြု ဘက်တီးရီးယားအာဟာရ ( Prebiotics ) တွေ ပို့ပေးရသလိုပေါ့။ ဒီနေရာမှာ ရိက္ခာပို့ဖို့တာဝန်ယူတဲ့သူဟာ မေမေတို့ ဖြစ်သွားပါပြီ။
ဒီလို ( Prebiotics ) တွေကို ဘယ်ကနေရသလဲ ။ ။
(
Prebiotics
) တွေကို ဂျုံပြောင်းနှံတွေ၊ သစ်သီး၊အသီးအရွက်တွေနဲ့ တခြားအမျှင်ဓာတ်များတဲ့အစားအစာတွေကနေ ရရှိနိုင်တယ်ဆိုပေမယ့် ဒီဓာတ်ဟာ မိခင်နို့မှာ ပါဝင်ပြီးသားဖြစ်တာကြောင့် ကလေးတွေအတွက်ကတော့ မိခင်နို့ကနေပဲအဓိက ရမှာပါ။ ဒါဆို
မိခင်နို့
မသောက်ရတဲ့ ကလေးတွေဆို ဘယ်လိုလုပ်မလဲ။ ။ မိခင်နို့မသောက်ရတဲ့ကလေးတွေဆိုတော့ သူတို့အတွက်အာဟာရကအာဟာရဖြည့်စွက်နို့မှုန့်တွေကနေအဓိက ရတာကြောင့် lcFOS လို Prebiotics ပါတဲ့
နို့မှုန့်ေ
တွကို ကလေးကိုရွေးချယ်တိုက်ဖြစ်ဖို့အရေးကြီးပါတယ်။ ဒါမှ ကလေးအစာခြေစနစ်အတွက် စိတ်ချရပြီးအပြင်က ရောဂါပိုးတွေလည်း မဝင်နိုင် ခုခံအားလည်း ကောင်းလာမှာ ဖြစ်ပါတယ်။ ဒီတော့အချုပ်ပြန်ပြောရရင် ကောင်းတဲ့ဘက်တီးရီးယားတွေလည်း ရှိသေးတာကြောင့် ဘက်တီးရီးယားတိုင်းက လူဆိုးမဟုတ်ပါဘူး။ ရှင်သန်ပေါက်ဖွားရတဲ့ နယ်မြေပေါ်မူတည်ပြီးအကောင်းနဲ့အဆိုး ကွဲပြားသွားတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုးတဲ့ဘက်တီးရီးယားတွေကို နှိမ်းနင်းဖို့အတွက် ကောင်းတဲ့ဘက်တီးရီးယားတွေရှိဖို့လိုအပ်တာကြောင့် သူတို့ရဲ့အာဟာရဖြစ်တဲ့ Prebiotics (အကျိုးပြုဘက်တီးရီးယားအာဟာရ) ကလည်းအရေးကြီးတယ်နော်။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။