
အရေပြားယားယံခြင်းဟာ ပတ်ဝန်းကျင်မှာ တွေ့လေ့တွေ့ထရှိတဲ့ ကျန်းမာရေးပြသနာတစ်ခု ဖြစ်တယ်။ ခန္ဓာကိုယ်အရေပြားနဲ့အရေပြားအောက်ရှိအာရုံကြောငယ်တွေအထိမခံနိုင်အောင် ဖြစ်စေတဲ့အထိ ယားယံ ခြင်းမျိုးကို ခံစားရတတ်တယ်။အာရုံကြောငယ်အထိမခံ ဖြစ်လာရင် နာလာတယ်။ ယားယံတာ ကလည်း တစ်နေရာတည်းမှာ ဖြစ်တယ်။ ဒါ့အပြင် ဝဲ၊ ယားနာများ ပေါက်လို့ ခန္ဓာကိုယ်အနှံ့ ယားယံခြင်းလည်း ဖြစ်တတ်တယ်။ ခြေချောင်းများအကြား၊ လက်ဖဝါး၊ ခြေဖဝါးများအကြား၊ တံတောင်ဆစ်၊ ပေါင်ခြံတစ်ဝိုက် တွေမှာ ယားယံ တတ်တယ်။ ဝဲစိုနဲ့ ဝဲခြောက် နှစ်မျိုးရှိပြီး နှစ်မျိုးလုံးဟာ ကူးစက်တတ်တယ်။ ဝဲယားနာဝဲရောဂါဟာ ကမျဉ်းနီ ပိုးကောင်ငယ်၊ မှို(ဖန်းဂပ်) တစ်မျိုး ဖြစ်တယ်။အရေပြားပေါ်မှာ ပေါက်ပွားကြီးထွား လာခြင်း၊ မစင်စွန့်ရာ မြေကျင်းတူးရာမှအရေပြားပေါ်မှာ ယားယံခြင်း ခံစားရတယ်။ မတည့်တဲ့အစားအစာ များစားမိရင်အဖုအပိမ့်များ ထွက်ခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ ယားယံခြင်းတွေ ဖြစ်တတ်တယ်။ ဆီးချိုဆီးချိုရောဂါ ရှိသူရဲ့ ကိုယ်တွင်းမှာ သန်ကောင်နေ ရှိရင် ယားယံ တတ်တယ်။ သည်းခြေပြွန်ပေါက် ပိတ်ပြီး မျက်လုံး ဝါလာခြင်း၊အသား ဝါလာခြင်း၊ ယားယံခြင်း၊အင်ပြင် ထခြင်း၊ မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း တို့ ဖြစ်တတ်တယ်။ သည်းခြေဆား (Bile Sults) များအူထဲ မဆင်းနိုင်တော့လို့ သွေးကြောများထဲကို ပြန့်နှံ့ပြီး တစ်ကိုယ်လုံး ယားယံခြင်းတွေ ဖြစ်ပေါ်တတ်တယ်။ သည်းခြေ ကျောက်များ၊ သန်ကောင်များ ပိတ်ဆို့ခြင်းကြောင့် ကင်ဆာ ဖြစ်နိုင်တယ်။ ဟော်မုန်းဓာတ်ချို့တဲ့အမျိုးသမီးတွေ ကလေး မီးဖွားခါနီးမှာ ယားယံလေ့ ရှိတယ်။အသက်အရွယ် ကြီးလို့ သွေးဆုံးချိန် နီးရင်လည်း ဟော်မုန်းဓာတ် ချို့တဲ့တဲ့အခါ ယားယံလေ့ ရှိတယ်။ ပွေး၊ ဝဲ၊ နှင်းခူပွေး၊ ဝဲ၊ နှင်းခူတို့ လက်ချောင်း၊ ခြေချောင်း၊ ချိုင်း၊ ပေါင်ခြံမှာ ပေါက်ရင် မခံမရပ်နိုင်အောင် ယားယံ တတ်တယ်။ ကြမ်းပိုး ကိုက်ခြင်း၊ ပင့်ကူလျှပ်ခြင်း၊ မိတ်ထွက်ခြင်းတွေ ကလည်း ယားယံ တတ်တယ်။အထူး သဖြင့်အလွန်ပူပြင်းတဲ့နွေအခါ၊ ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရတဲ့အရေပြားများအညိုအမည်းစွဲပြီး ယားယံ တတ်တယ်။ မိန်းမကိုယ် ယားယံခြင်းအမျိုးသမီးအတော်များများမှာ တွေ့ရပြီး သားမွေးလမ်းကြောင်း တစ်လျှောက် ထရိုင်ခိုမိုနပ် (Trichomonura) ရောဂါကြောင့်အဖြူဆင်းပြီး ယားယံစေတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းပြီး ဆေးဝါး သုံးစွဲမှု မရှိသော မိန်းမများမှာအတွေ့များတယ်။ စအိုဝ ယားယံခြင်းစအိုဝ ယားယံခြင်းမှာ ချွေးထွက်လွန်ကဲခြင်း၊ မစင်စွန့်ပြီး စအိုဝ စင်ကျယ်အောင် မဆေးခြင်း၊အူထဲမှာ သန်ကောင် ရှိခြင်းတို့ဟာ စအိုဝ ယားယံစေတယ်။ တုတ်ကောင် စွဲကပ်ရင် ညဘက်မှာ စအိုအပြင် ထွက်လာ တတ်တဲ့အတွက်အလွယ်တကူ ဖမ်းလို့ ရနိုင်တယ်။ လူတိုင်း နှစ်စဉ် တစ်နှစ်မှာ သန်ချဆေး နှစ်ကြိမ် သောက်သင့် ပါတယ်။ ယားယံတဲ့အခါ မကုတ်မိအောင်ယားယံတဲ့အခါ မကုတ်မိအောင် ခြေသည်း၊ လက်သည်းအရှည်မထားရပါ။အိပ်ပျော်နေစဉ် ကုတ်မိတတ်တဲ့အတွက် တတ်နိုင်သလောက်အရေပြားယားနာရောဂါများ မဖြစ်ပွား မပြန့်နှံ့စေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရု စိုက်သင့်တယ်။အရေပြားအထူးကု သို့မဟုတ် တတ်ကျွမ်းသော ဆရာဝန်နဲ့ ပြသင့်တယ်။ ယားယံခြင်း မဖြစ်ရန်ယားယံခြင်း မဖြစ်စေဖို့ ခန္ဓာကိုယ်အရေပြားကို သန့်ရှင်းစွာ ထားရမယ်။ မိတ်ဖု ပေါက်ရင် ဘာစကေဘီ သို့မဟုတ် မဲဇင်ကယ်ဆေး လိမ်းပေးနိုင်တယ်။ပါးလွှာပြီး လေဝင်လေထွက် ကောင်းတဲ့အဝတ်အထည်များကို ဝတ်သင့်တယ်။နေ့စဉ် ရေမှန်မှန်ချိုး၊ ခြောက်အောင်သုတ်၊ ဆေးလိမ်း၊ ဝဲဆေး၊ ဘာစကေဘီ၊ စကီနာ စသည်ဖြင့် လိမ်းပြီး သန်ချဆေး သောက်သင့်တယ်။အမျိုးသမီးများဟာ တင်းကျပ်တဲ့အဝတ်အစားတွေ မဝတ်သင့်ဘူး။အဝတ်အစားအသစ်ဆိုရင် လျှော်ပြီးမှ ဝတ်သင့်တယ်။ ထရိုင်ခိုမိုနပ် ရောဂါဖြစ်ရင် မက်ထရိုတဆေး သို့မဟုတ် ဆရာဝန်ညွှန်တဲ့ ဆေး သုံးနိုင် တယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက် ခံယူ သင့်ပါတယ်။ Ref: ဒေါက်တာ လွင်သန့် (ဆေး-၂)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။