ညှင်းဆိုတာ မှိုရောဂါ တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာသေးငယ်သော ခပ်ပြားပြားအကွက်လေးတွေ ပေါ်လာပါတယ်။ ယားယံတာမျိုးရှိနိုင်သလို၊အကွက်သေးသေးလေးတွေပေါင်းပြီးအကွက်အကြီးကြီးထိလည်း ဖြစ်သွားနိုင်ပါတယ်။အဖြစ်များတဲ့ နေရာတွေကတော့ ရင်ဘတ်၊ ကျောနဲ့ လက်မောင်းတွေ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ပေါင်ခြံအပေါ်ပိုင်း၊ လည်ပင်းနဲ့ မျက်နှာတွေမှာ လည်းတွေ့ရတတ်ပါတယ်။ ညှင်းကွက်တွေက ပုံမှန်အရေပြားထက်အရောင်မှိန်တာ ရှိနိုင်သလိုအရောင်ပိုရင့်တာလည်း ရှိနိုင်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မှိုတွေကတစ်ဆင့် ဖြစ်နိုင်သလိုအရေပြားပေါ်မှာ ပုံမှန်ရှိနေတဲ့ မှိုကနေတစ်ဆင့် ဖြစ်စေတာလည်းရှိပါတယ်။ ပုံမှန်အားဖြင့် နေ့စဉ်ရေချိုးခြင်းဖြင့်အရေပြားအပေါ်လွှာက သေဆုံးနေသော ဆဲလ်များနှင့် မှိုတွေကို ဖယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပူအိုက်တဲ့ ရာသီရောက်လာတဲ့အခါ မှိုတွေကပိုပြီး မြန်မြန်ပေါက်ပွား လာကြပါတယ်။အဲ့ဒီအခါမှာအရေပြားမှာရှိတဲ့ ပုံမှန်အတိုင်းအဆထက် မှိုတွေပွားလာပြီး ညှင်းကွက်တွေ ပေါ်လာပါတယ်။ ပူပြင်းပြီး စိုထိုင်းဆများကာ ချွေးထွက်များတဲ့အချိန် တွေမှာအဖြစ်များပါတယ်။ ညှင်းကိုဖြစ်စေတဲ့အခြားအကြောင်းအရာတွေကတော့ - ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် တခြားရောဂါအခံတစ်ခုကြောင့် ကိုယ်ခံအားနည်းခြင်း - ဆေးဝါးအချို့ကြောင့်လည်းဖြစ်စေနိုင်ပါတယ် ( စတီးရွက်၊ ပိုးသတ်ဆေး၊ သန္ဓေတားဆေး) ဘယ်လိုကုလို့ရလဲ။ မှိုသတ်ဆေး (antifungul agents) တွေပါတဲ့ ခေါင်းလျှော်ရည်၊ လိမ်းဆေး နဲ့ဆပ်ပြာအဆီတို့ကို သုံးနိုင်ပါတယ်။အလွယ်ကူဆုံးကတော့ မှိုသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည် (Selsun Blue)ကို ညှင်းပေါက်နေတဲ့အရေပြားပေါ် လိမ်းဆေးအနေနဲ့ သုံးပေးခြင်းလည်း လုပ်နိုင်ပါတယ်။ တစ်ရက် နှစ်ကြိမ်နဲ့ ၂ ပတ်လောက် ဆက်တိုက်သုံးသင့်ပါတယ်။ တချို့အရမ်းဆိုးတဲ့ လူနာတွေမှာတော့ မှိုသတ်ဆေးတောင့်တွေ သောက်ခိုင်းတာမျိုး ရှိပါတယ်။ ဒါပေမယ့်အသည်းရောဂါရှိသူ၊ နှလုံးရောဂါ ရှိသူတွေမှာတော့ မသောက်သင့်ပါဘူး။ ညှင်းကွက်လေးတွေ ပုံမှန်အရာင်ပြန်ပြောင်းသွားဖို့အတွက်ဆိုရင်တော့ လနဲ့ချီပြီးအချိန်ကြာနိုင်ပါတယ်။ ပျောက်သွားပြီး နောက်ပိုင်းလည်း ပေါ်လိုက်ပျောက်လိုက် တောက်လျှောက်ဖြစ်နေနိုင်ပါတယ်။အသက်ကြီးလာတော့ မှ လုံးဝပျောက်သွားတတ်ပါတယ်။ ခဏခဏ ညှင်းပြန်ပေါက်နေရင်တော့အဝတ်အစားမှာ ကပ်တွယ်နေတဲ့ မှိုတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတာမျိုးရှိပြီးအဝတ်ကိုအခြောက်လျှော်ခြင်း ဒါမှမဟုတ် ရေပူပူဖြင့် လျှော်ခြင်းများ လုပ်နိုင်ပါတယ်။ ညှင်းပေါက်ခြင်းအတွက် ကောင်းတဲ့အိမ်တွင်းနည်းလမ်းများလည်းရှိပါတယ်။ - ရှားစောင်းလက်ပတ်အဆီလိမ်းပေးခြင်း -အုန်းဆီလိမ်းပေးခြင်း - ဒိန်ချဉ်ကို ဖြစ်တဲ့နေရာမှာ လိမ်းပြီး မိနစ်၂ဝ လောက်အကြာမှာ ရေနွေးနဲ့ဆေးကြောပေးခြင်း - ကြက်သွန်ဖြူကိုကြိပ်ယူထာတဲ့အရည်ကို လိမ်းထာပြီး မိနစ်၂ဝအကြာမှာ ရေချိုးပေးတာခြင်း စတာတွေ လုပ်ပေးနိုင်ပါတယ်။ Credit : MyatPwint သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။