ကလေးများကိုအနှီးဖြင့် ထွေးထုပ်ထားကြရသည်။အိမ်မှာ နေသည့်အခါအနှီးသုံးသည်။အပြင်ထွက်သည့်အခါ ဒိုင်အေပါဝတ်ပေးကြရသည်။ ကလေးကအနှီးထဲ ဒိုင်အေပါထဲမှာပင်အပေါ့အလေးစွန့်သည်။ ထိုစိုနေ၊ ပေနေသောအနှီး၊ ဒိုင်အေပါများ မလဲဘဲကြာကြာထားလိုက်ပါက ဆီးပူ၊ မစင်အပူလောင်တတ်သည်။ ယင်းအဖြစ်ကို ကလေးတိုင်းနီးပါး ကလေးဘဝတွင် တစ်ကြိမ်မဟုတ်တစ်ကြိမ် ခံစားရကြရသည်။ ထိုအခါ ပေါင်ခြံ၊ တင်ပါး စသည်တို့တွင် နီရဲယားယံတတ်သည်။ တစ်ခါတစ်ရံအစားအသောက်ထဲတွင် ပါသောအရာအချို့ တို့ကြောင့်လည်း ထိုသို့ ယားတတ်သည်။ ပိုးဝင်သွားပါကထိုယားယံနေသော နေရာတွင် ပြည်ဖုများပေါက်ကာ ပြောင်တင်း နေတတ်သည်။အလွန်နာသည်။ ဆရာဝန်နှင့်အရင်ပြရန် •အနှီးစားထားသောနေရာတွင် ပိုးဝင်ကာအရေပြားကွဲအက်နေလျှင်၊ သို့မဟုတ် သွေးထွက်လျှင်။ •အဖျားပါ ဝင်လာလျှင်။ မိမိဘာသာ ဆောင်ရွက်နိုင်သောကိစ္စများအနှီး မစားစေရန်နှင့်အနှီးစားယားနာပိုး မဝင်နိုင်စေရန် ကာကွယ်ကုသနိုင်သော နည်းများစွာရှိသည်။အောက်ဖော်ပြပါအိမ်သုံးနည်းနှင့်ပင် သုံးလေးရက်ကြာပါကအဆိုပါယားနာ ပျောက်သွားနိုင်ပါသည်။ •အနှီး၊ ဒိုင်အေပါ စသည်တို့ကို မကြာခဏလဲပေးရမည်။ မွေးကင်းစဆိုပါက နို့တိုက်ပြီးတိုင်း လဲပေးရမည်။ တစ်ရက် ၆ ကြိမ်ခန့်လဲပေးရမည်။ ကလေးတွင်အနှီးစား၊ ယားနာပေါက်နေပါက မကြာခဏပင် လဲပေးနေရမည်။ • မွှေးရနံ့ပါသောအရေပြားအတွက် သုံးသည့်အလှကုန်များထဲတွင် နီရဲနေသောအရေပြားကို ပိုနာစေသောအရာများ ပါသကဲ့သို့ ဆပ်ပြာမွှေးတို့ကမူအရေပြားရှိ သဘာဝအဆီများကိုဖယ်ရှား ပစ်တတ်သည်။ သဘာဝအဆီများကို ဖယ်ရှားပစ်တတ်သည်။ ထိုအခါအရေပြားပိုခြောက်ကာ ကွဲအက်လာတတ်သည်။ •အနှီးများ၊ ဒိုင်အေပါများကို ဇီဝပစ္စည်းများ မပါသော ဆပ်ပြာမှုန့်များဖြင့် လျှော်ပါ။ ရေနိုင်နိုင်သုံး၍ ဆပ်ပြာစင်အောင်ညှစ်ပစ်ပါ။ • မိခင်နို့၊ နို့ဘူးအပြင်အခြားအစာများ စကျွေးပါက ကလေးအဖို့အစားအသောက်အသစ်ဖြစ်စေမည့်အစာများကို တစ်နေ့တစ်မျိုးစီသာကျွေးပါ။ သို့မှသာအရေပြား နီရဲယားယံလာပါက မည်သည့်အစားအသောက်ကြောင့် ဖြစ်သည်ကို ဖော်ထုတ် သိရှိနိုင်မည်။ လက်တွေ့နည်းများအနှီးလဲခြင်း လိုက်နာကျင့်သုံးကြည့်ခြင်းဖြင့်၊အနှီးစား၊ ယားနာပျောက်စေသည့်အပြင် ပြန်မဖြစ်စေရန်လည်း ကာကွယ်ပေးနိုင်ပါသည်။ •အနှီး၊ ဒိုင်ပါအေလဲတိုင်း ရှေးဦးစွာတစ်သျှူးစက္ကူအခြောက် (သို့မဟုတ်) ဂွမ်းစသုံးကာအညစ်အကြေးများအားလုံးကိုသုတ်ပစ်ပါ။ ပြီးလျှင် ရေဆွတ်ထားသော ဂွမ်းစ၊ ရေစွတ်စက္ကူတို့ဖြင့် သန့်ရှင်းရေး ထပ်လုပ်ပေးပါ။ စိုနေသောနေရာများကို မျက်နှာသုတ်ပုဝါနုနုဖြင့်တို့ဖိကာ ခြောက်သွေ့အောင် ဆောင်ရွက်ပေးပါ။ ဖိမပွတ်ရ။ •အနှီး၊ ဒိုင်အေပါလဲစဉ်မှာ ကလေးကို မည်သည့်အရာနှင့်မှ မထွေး၊ မထုပ်ရ။ ကလေးအောက်ပိုင်း တစ်ပိုင်းလုံးကို လွတ်လပ်စွာ လေသလပ်ခံပေးထားပါ။ ၁ဝ မိနစ်ခန့်ကြာသည်အတိုင်းထားပါ။ ခြေကားယား၊ လက်ကားယားနှင့် လွတ်လပ်စွာ လွှတ်ထားပေးလိုက်ပါ။ ထိုသို့ လေသလပ်အခြောက်ခံ ထားပေးခြင်းကြောင့် ခန္ဓာကိုယ်ရှိ ချောင်ကျသော၊အလင်းရောင်ရောက်ခဲသော၊ စိုစွတ်နေသော၊အပူအောင်းကာ နွေးနေတတ်သော နေရာများတွင် မှိုပိုးတို့ မပေါက်ပွားနိုင်စေရန် ကာကွယ်ပေးနိုင်ပါသည်။ ဆေးဝါး ဇင့်နှင့် ကြက်ဆူဆီ ခရင်မ် ကလေးအရေပြား ဆီးပူမလောင်စေရန် သုံးသည်။အစိုဓာတ် မအောင်းစေနိုင်စွမ်း ရှိသဖြင့် ကလေးအရေပြားကို မထိမိစေရန် ကာကွယ်ပေးသည်။ •အနှီးသစ်ဖြင့် မထွေးရ၊ မထုပ်မီ၊ ထိုနေရာများကို သွပ် (ဇင့်) နှင့် ကြက်ဆူဆီပါသောအရေပြား ကာကွယ်ရေး ခရင်မ်တို့ဖြင့် လိမ်းပေးပါ။ • ကလေးအရေပြားပေါ် လာစိုစွတ်သောအညစ်အကြေးများကို ဖယ်ရှားပေးနိုင်စွမ်း ရှိသည့်တစ်ခါသုံး ဂျဲလ်ဒိုင်အေပါ သို့မဟုတ်အနှီးများကိုသာအသုံးပြုပါ။အရေပြား ကာကွယ်ရေး ခရင်မ်၊ ပေါင်ခြံ၊ တံကောက်ကွေးစသော နေရာများရှိအရေပြားပါ်တွင် ပါးပါးလူးထားပေးပါ။အသုံးပြုပုံ သန့်စင်ပြီးအနှီးသစ်လဲခါနီးမှ ခြောက်သွေ့နေသောအရေပြားပေါ်တွင် ပါးပါးလူးပေးပါ။ ဘေးထွက်ဆိုးကျိုးမရှိ။ သတိပြုရန်မရှိ Credit : ဒေါက်တာသန်းထွဋ် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။