မာနတွေကြီးခဲ့ပြီး သေခါနီးအချိန်ကျမှ ခွင့်လွှတ်ပေးကြပါဆိုတဲ့ ထိုင်းရုပ်ရှင်မင်းသား
လောကကြီးဟာအင်မတန်တရားကျဖို့ကောင်းပါတယ်။ လူတွေဟာအောင်မြင်နေချိန်၊ စွမ်းဆောင်နိုင်ချိန်မှာ မာနတွေကြီး၊ လူတစ်ဖက်သားကိုအဖက်မတန်သလို ဆက်ဆံခဲ့ပေမယ့် သင်္ခါရသဘောတရားအရ နောက်ဆုံးထွက်သက်ကို ရောက်လာတဲ့အချိန်မှာတော့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာအမှားတွေသာဖြစ်တယ်ဆိုတာကို ဝမ်းနည်းကြေကွဲနောင်တတရားတွေ စက္ကန့်မလပ်ခံစားရင် လူနာကုတင်လေးပေါ်မှာ နောက်ဆုံးအချိန်ကို စောင့်နေရတဲ့အဖြစ်ပျက်က တစ်ကယ် သနားစရာကောင်းပါတယ်။
ထိုင်းနိုင်ငံရဲ့ တက်သစ်စ ရုပ်ရှင်မင်းသားတစ်ဦးဟာ တီဘီ(အဆုတ်နာ) ရောဂါဝေဒနာကို ခံစားရင်း သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ဆေးရုံပေါ်မှာ ခက်ခဲစွာကျော်ဖြတ်နေရကြောင်းနှင့် ဆေးကုသရန်အလှုငွေများ လိုအပ်နေပါကြောင်းကို ထိုင်းအဆိုတော် ရုပ်ရှင်မင်းသမီးဖြစ်တဲ့ ‘Maxim’ က သူ့ရဲ့ လူမှုကွန်ယက်ပေါ်ကနေ ပရိသတ်တွေကိုအသိပေးပြောကြားလိုက်ပါတယ်။
တီဘီရောဂါဝေဒနာကိုအလူးအလဲခံစားနေရတဲ့ ရုပ်ရှင်မင်းသား “သီဖန်သနာဝပ်” က ဗီဒီယိုရုပ်သံနဲ့ “ကျွန်တော်ဟာ တစ်ချိန်က မာနကြီးခဲ့ပါတယ်၊ ပြောမှားဆိုမှားတွေ ရှိခဲ့ရင် ခွင့်လွှတ်ကြပါလို့” မျက်ရည်လည်ရွှဲနဲ့ ပရိသတ်တွေအားလုံးကို တောင်းပန်ခဲ့ပါတယ်။
ဒါ့အပြင် ဆီးချိုဝေဒနာခံစားနေရတဲ့ မိခင်ဖြစ်သူကိုလည်းအစားအသောက် မှန်မှန်စားပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ မှာကြားခဲ့ပါတယ်။
VID
ရုပ်သံမှာ သူပြောခဲ့တာတွေကတော့ “ပထမဦးဆုံးအနေနဲ့အားလုံးကို လူကိုယ်တိုင်တွေ့ပြီး နှုတ်ဆက်စကား မပြောနိုင်တော့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်အရင်က လူတွေအပေါ် မာနကြီးပြီး ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်။အခုဆိုရင် ကျွန်တော်ဟာ တီဘီ(အဆုတ်နာ)ရောဂါကြောင့်အတော်ကြီးကို နေထိုင်မကောင်းဖြစ်နေပါတယ်၊အခုဆိုရင်အသည်းကို ကူးစက်နေပါပြီ။အရမ်းလည်းပိန်နေပြီးတော့ ခုခံနိုင်စွမ်းမရှိတော့တော့တဲ့အခြေအနေပါ။အားလုံးကျွန်တော်ကို့ သနားညှာတာစိတ်နဲ့ ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါတယ်။ ပြီးတော့ ဖြစ်နိုင်ရင်အားလုံးပဲ တီဘီကာကွယ်ဆေးလည်း မဖြစ်မနေထိုးထားကြစေချင်ပါတယ်။ ကျွန်တော့်ရဲ့ နောက်ဆုံး ထွက်သက်မတိုင်ခင်မှာအားလုံးကို ရင်ထဲက လေးလေးစားစား တောင်းပန်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
‘Maxim’ ကတော့ “သီဖန်သနာဝပ်” ဟာအခုလို နေမကောင်းဖြစ်နေတာ ၅ လခန့်ကြာနေပြီဖြစ်ပြီး သူ့ကို ကူညီကြဖို့တိုက်တွန်းထားပါတယ်။အလှူငွေများကို Krung Thai Bank ရဲ့ Saving account 5470672794 နဲ့အကောင့်အမည် Phumthanawat Boonlue Pradit ဖြစ်ကြောင်း ဖော်ပြထားပါတယ်။