ချယ်ရီသီးလေးတွေက သင့်ကိုဒီလိုကျန်းမာရေးကောင်းကျိုးတွေပေးနိုင်
trend.com.mm
|
2019-07-04

ချယ်ရီသီးစားရတာကြိုက်တဲ့သူတွေအတွက်တော့ သတင်းကောင်းလေးပါပဲ။စားလိုက်ရင် ချိုချဉ်အရသာလေးနဲ့ ချယ်ရီသီးဟာ သင့်ကိုဒီလိုကောင်းကျိုးတွေယူဆောင်လာပေးနိုင်ပါတယ်။ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေလဲ ကြည့်လိုက်ပါဦး








*Antioxidant ကြွယ်ဝ
Antioxidant ဆိုတာ ဆဲလ်တွေပျက်စီးစေတဲ့ oxidation တွေကို ချေဖျက်တိုက်ခိုက်ပေးတဲ့ဓာတ်တစ်မျိုးပါ။ဒီလို Antioxdant ဟာ ချယ်ရီသီးမှာများစွာပါဝင်ပါတယ်။ဒါကြောင့်အူမကြီးကင်ဆာ၊အဆုတ်ကင်ဆာစတဲ့ကင်ဆာတွေအပြင်အယ်လ်ဇိုင်းမားရောဂါလည်းမဖြစ်ပွားအောင် ကာ
ကွယ်ပေးနိုင်ပါတယ်။








*ဦးနှောက်အတွက်လည်းကောင်းမွန်
ချယ်ရီသီးစားခြင်းဟာအစာအိမ်အတွက်ကောင်းမွန်ဗိုက်ပြည့်စေရုံသာမက ဦးနှောက်ရဲ့လုပ်ဆောင်ပုံကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။မှတ်ဉာဏ်လျော့ကျခြင်းမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွက်မကောင်းတဲ့ Side effect တွေလည်းမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။








*အရက်နာကျခြင်းမှ ကာကွယ်ပေးနိုင်
Happy Friday မှာသောက်စားပျော်ပါးပြီးနောက်တစ်ရက်အိပ်ရာထရင် တစ်ချို့သူတွေကအရက်နာကျတတ်ပါတယ်။ဒီလိုအရက်နာကျတာကိုကုုသနိုင်ဖို့ ချယ်ရီသီးက ကူညီပေးနိုင်ပါတယ်။ချယ်ရီသီးမှာအရက်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မအီမသာဖြစ်ခြင်းတွေကို မြန်ဆန်စွာချေဖျက်ပေးနိုင်တဲ့သဘာဝဓာတ်တွေအများကြီးပါဝင်နေတာဖြစ်ပါတယ်။


*Gym ပုံမှန်လုပ်သူတွေအတွက်အကျိုးရှိ
Gym ကစားပြီးကုန်ဆုံးသွားတဲ့အားအင်တွေ၊ပင်ပန်းနာကျင်မှုတွေကို ချယ်ရီသီးက ပြန်လည်ကုသပေးပြီးအားအင်တွေပြန်လည်ဖြည့်တင်းပေးပါတယ်။ကြွက်သားတွေရဲ့ လုပ်ဆောင်ပုံကိုပိုပြီးကောင်းမွန်လာစေပါတယ်။








*ဝိတ်ကျစေတယ်
ထူးထူးခြားခြားပါပဲ။ချယ်ရီသီးစားတာဟာ သင့်ကိုဝိတ်ကျစေပါသတဲ့။ချယ်ရီသီးမှာအမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် ဆာလောင်မှုကိုခဏလေးနဲ့ဖြေဖျောက်ပေးနိုင်ပါတယ်။ချယ်ရီသီးပန်းကန်လုံးတစ်လုံးစာလောက်ကို နေ့လည်စာမစားခင်စားပေးတာဟာထမင်းနည်းနည်းပဲစားဖြစ်စေသလို ဇီဝဖြစ်စဉ်ကိုလည်းပိုပြီးမြန်ဆန်လာစေပါတယ်။သရေစာအနေနဲ့စားမယ်ဆိုရင်လည်း ချယ်ရီသီးမှာ ၅ ကယ်လိုရီသာပါဝင်တဲ့အတွက် ဝိတ်မတက်စေပါဘူး။








*ကောင်းကောင်းအိပ်ပျော်စေ
ချယ်ရီသီးဖျော်ရည်ကို ညအိပ်ရာမဝင်ခင်သောက်သုံးပေးတာဟာ ကောင်းမွန်စွာအိပ်စက်စေတဲ့ melatonin ဟော်မုန်းဓာတ်ကို ပိုပြီးထုတ်ပေးနိုင်လာပါတယ်။ဒါကြောင့် ညဘက်လည်းကောင်းကောင်းအိပ်ပျော်ပြီး တရေးနိုးအိပ်ရေးပျက်တာတွေလည်းမဖြစ်စေတော့ပါဘူး။ဒါကြောင့်ညစောစောအိပ်ရာဝင်ချင်သူတွေ၊အိပ်မပျော်လို့စိတ်ညစ်နေသူတွေ ချယ်ရီသီးဖျော်ရည်ကိုသောက်သုံးပေးသင့်ပါတယ်။

Source:thefactsite

Unicode



*Antioxidant ကြွယ်ဝ
Antioxidant ဆိုတာ ဆဲလ်တွေပျက်စီးစေတဲ့ oxidation တွေကို ချေဖျက်တိုက်ခိုက်ပေးတဲ့ဓာတ်တစ်မျိုးပါ။ဒီလို Antioxdant ဟာ ချယ်ရီသီးမှာများစွာပါဝင်ပါတယ်။ဒါကြောင့် အူမကြီးကင်ဆာ၊အဆုတ်ကင်ဆာစတဲ့ကင်ဆာတွေအပြင် အယ်လ်ဇိုင်းမားရောဂါလည်းမဖြစ်ပွားအောင် ကာ
ကွယ်ပေးနိုင်ပါတယ်။


*ဦးနှောက်အတွက်လည်းကောင်းမွန်
ချယ်ရီသီးစားခြင်းဟာ အစာအိမ်အတွက်ကောင်းမွန်ဗိုက်ပြည့်စေရုံသာမက ဦးနှောက်ရဲ့လုပ်ဆောင်ပုံကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။မှတ်ဉာဏ်လျော့ကျခြင်းမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွက်မကောင်းတဲ့ Side effect တွေလည်းမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။


*အရက်နာကျခြင်းမှ ကာကွယ်ပေးနိုင်
Happy Friday မှာသောက်စားပျော်ပါးပြီးနောက်တစ်ရက်အိပ်ရာထရင် တစ်ချို့သူတွေက အရက်နာကျတတ်ပါတယ်။ဒီလိုအရက်နာကျတာကိုကုုသနိုင်ဖို့ ချယ်ရီသီးက ကူညီပေးနိုင်ပါတယ်။ချယ်ရီသီးမှာ အရက်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မအီမသာဖြစ်ခြင်းတွေကို မြန်ဆန်စွာချေဖျက်ပေးနိုင်တဲ့သဘာဝဓာတ်တွေအများကြီးပါဝင်နေတာဖြစ်ပါတယ်။


*Gym ပုံမှန်လုပ်သူတွေအတွက် အကျိုးရှိ
Gym ကစားပြီးကုန်ဆုံးသွားတဲ့အားအင်တွေ၊ပင်ပန်းနာကျင်မှုတွေကို ချယ်ရီသီးက ပြန်လည်ကုသပေးပြီး အားအင်တွေပြန်လည်ဖြည့်တင်းပေးပါတယ်။ကြွက်သားတွေရဲ့ လုပ်ဆောင်ပုံကိုပိုပြီးကောင်းမွန်လာစေပါတယ်။


*၀ိတ်ကျစေတယ်
ထူးထူးခြားခြားပါပဲ။ချယ်ရီသီးစားတာဟာ သင့်ကို၀ိတ်ကျစေပါသတဲ့။ချယ်ရီသီးမှာအမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် ဆာလောင်မှုကိုခဏလေးနဲ့ဖြေဖျောက်ပေးနိုင်ပါတယ်။ချယ်ရီသီးပန်းကန်လုံးတစ်လုံးစာလောက်ကို နေ့လည်စာမစားခင်စားပေးတာဟာထမင်းနည်းနည်းပဲစားဖြစ်စေသလို ဇီဝဖြစ်စဉ်ကိုလည်းပိုပြီးမြန်ဆန်လာစေပါတယ်။သရေစာအနေနဲ့စားမယ်ဆိုရင်လည်း ချယ်ရီသီးမှာ ၅ ကယ်လိုရီသာပါဝင်တဲ့အတွက် ၀ိတ်မတက်စေပါဘူး။


*ကောင်းကောင်းအိပ်ပျော်စေ
ချယ်ရီသီးဖျော်ရည်ကို ညအိပ်ရာမဝင်ခင်သောက်သုံးပေးတာဟာ ကောင်းမွန်စွာအိပ်စက်စေတဲ့ melatonin ဟော်မုန်းဓာတ်ကို ပိုုပြီးထုတ်ပေးနိုင်လာပါတယ်။ဒါကြောင့် ညဘက်လည်းကောင်းကောင်းအိပ်ပျော်ပြီး တရေးနိုးအိပ်ရေးပျက်တာတွေလည်းမဖြစ်စေတော့ပါဘူး။ဒါကြောင့်ညစောစောအိပ်ရာဝင်ချင်သူတွေ၊အိပ်မပျော်လို့စိတ်ညစ်နေသူတွေ ချယ်ရီသီးဖျော်ရည်ကိုသောက်သုံးပေးသင့်ပါတယ်။

Source:thefactsite




Some text some message..