
ကျောရိုးတစ်လျှောက်ပုံမှန်အတိုင်းရှိသည့်အကွေးအကောက်ထက်ပို၍ ကိုင်းနေခြင်း၊ကုန်းနေခြင်းကိုဆိုလိုပါသည်။အချို့သူများတွင် ကုန်းနေသည့်အတွက် မည်သည့် ပြဿနာမျှမရှိသော်လည်းအချို့တွင်မူ ခါးနာခြင်း၊ တောင့်ခြင်း၊ ကျောရိုးတစ်လျှောက်နာခြင်း၊ မောပန်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ခါးကုန်းကိုင်းခြင်းသည် ပို၍ဆိုးလာပါကအသက်ရှူခြင်းအစာစားခြင်းတို့တွင်ပါအခက်အခဲရှိလာနိုင်ပါသည်၊ဖြစ်ပွားရသောအကြောင်းရင်းများပုံမှန်ကျောရိုးတိုင်သည် ခေါင်းခွံမှစ၍ တင်ပါးဆုံရိုးအထိ တောက်လျှောက်ရှှိပြီးအချို့နေရာ(ခါး) တွင်ကော့နေသော်လည်းအချို့နေရာ(ရင်ဘတ်ကျောရိုး)တွင်အနည်းငယ်ကိုင်းနေတတ်သည်။ ထိုပုံမှန်အတိုင်း ကိုင်းခြင်းထက် ပိုသွားသောကြောင့်ဖြစ်သည်၊- ငယ်စဉ်အခါက နေထိုင်မှုပုံစံမှားယွင်းခြင်း - ခေါင်းငုံ့၍ထိုင်ခြင်း လှုပ်ရှားခြင်း၊ မှီစောင်း၍ ထိုင်ခြင်း၊ လေးလံသောကျောပိုးအိတ်များကို ငယ်စဉ်ကတည်းကလွယ်ခြင်း- Congenital kyphosis - မွေးရာပါခါးကိုင်းခြင်း- Osteoporosisအရိုးပွခြင်း -အရိုးပွ၍ကျိုးလွယ်ပြီး ကုန်းခြင်း- Spondylosis -အရိုးကျီးပေါင်းတက်ခြင်း- Spina bifida - ကျောရိုးဖြစ်ပေါ်မှု ပုံမမှန်ခြင်း- Paget’s disease - မကောင်းသောအရိုးအသစ်များဖြစ်ပေါ်လာခြင်း- Neurofibromatosis -အာရုံကြောကိုထိခိုက်သည့် မွေးရာပါရောဂါ- Muscular atrophy - မွေးရာပါကြွက်သားကျုံ့ရောဂါ- Tuberculosis -အရိုးတီဘီ- Cancer -အရိုးကင်ဆာ- Trauma - ကျောရိုးထိခိုက်မိခြင်းနောက်ဆက်တွဲ ပြဿနာများ- ရုပ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်ခြင်း- စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း- ခါးဆစ်ရိုးများကြားထဲရှိအကြောများပျက်စီးခြင်း-အကြောများပျက်စီးသည့်အတွက် ဆီးနှင့်ဝမ်းလုပ်ဆောင်ချက်များ ယိုယွင်းခြင်း၊ ဆီးမလုံခြင်း၊ ဝမ်းမလုံခြင်း- ခြေလက်များထုံကျင်ခြင်း- ကိုယ်နေဟန်လှုပ်ရှားမှု မထိန်းနိုင်ခြင်း- ကုန်းနေသည့် ကျောရိုးသည်အဆုတ်ကိုဖိထားသည့်အတွက်အသက်ရှူရခက်ခဲခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်တတ်သည်။စစ်ဆေးမှုများ ဆရာဝန်မှကျောရိုးကိုစမ်းသပ်ခြင်း- ကျောရိုးဓာတ်မှန်ရိုက်ခြင်း- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း- သံလိုက်ဓာတ်မှန်ရိုက်ခြင်း- သွေးစစ်ခြင်း- ရောဂါအတွက်လိုအပ်သည့် သွေးစစ်ခြင်း (ဥပမာ- Screening test for tuberculosis)ကုသခြင်းလူအများစုတွင်ကုသမှုအလိုအပ်ပေ။ နေထိုင်မှုပုံစံမှား၍ဖြစ်ပေါ်သည့် ခါးကုန်းခြင်းတွင် posture ခန္ဓာကိုယ်အနေအထားကို မှန်အောင်ပြုလုပ်ခြင်းဖြင့် ပုံမှန်အတိုင်းပြန်ဖြစ်နိုင်ပါသည်။ပုံမှန်အနေအထား မဟုတ်ဘဲရှိနေသည့် ကျောရိုးတိုင်ရောဂါသည် ကလေးအသက်ကြီးလာသည်နှင့်အမျှ ကွေးခြင်းရပ်တန့်သွားသည်။ - နာကျင်မှုအတွက်အကိုက်အခဲပျောက်ဆေးသောက်ခြင်း- လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ဥပမာ-ယောဂကျင့်စဉ်- Bracing - ခါးနာလျှင်ပတ်သည့် ခါးပတ်အထက်ပါကုသနည်းများဖြင့် မသက်သာပါက ခွဲစိတ်နည်းဖြင့်ကုသနိုင်ပါသည်၊- ခွဲစိတ်နည်းဖြင့် မွေးရာပါခါးကုန်းခြင်းကိုကုသခြင်း၊ Ref: NHS choices, UKသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။