တစ်နာရီအတွင်း ၂ ကြိမ်တိုင် ချစ်တင်းနှောခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေကို ၃ ဆများစေ
healthcare.com.mm
|
2019-07-21


မှန်ကန်တဲ့အစားအသောက်တွေ စားသုံးခြင်းကစလို့ သေချာတဲ့ Position တွေအသုံးပြုခြင်းအထိ နည်းလမ်းအမျိုးမျိုးကိုအသုံးပြုပြီး ဇနီးမောင်နှံတွေဟာ သူတို့ရဲ့ ကလေးရနိုင်တဲ့အခွင့်အလမ်းကို မြှင့်တင်လေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဒါဟာ သိပ်တော့ မထိရောက်လှပါဘူး။ ကလေးရယူဖို့အခက်အခဲရှိတဲ့ ဇနီးမောင်နှံတွေအတွက် ကလေးရစေနိုင်မယ့်အကောင်းဆုံးအခွင့်အလမ်းကတော့အမျိုးသားတွေအနေနဲ့ သုတ်ပိုးအားကောင်းလာပြီး မျိုးပွားနိုင်နှုန်း မြင့်မားလာသည်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်နေဖို့ပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လန်ဒန်မြို့က North Middlesex ဆေးရုံက သုတေသနအသစ်တစ်ခုက ဆွေးနွေးတင်ပြလာတာကတော့ တစ်နာရီအတွင်းမှာ ၂ ကြိမ်တိုင် ချစ်တင်းနှောခြင်းဟာအမျိုးသားတစ်ယောက်ရဲ့ မျိုးအောင်နိုင်စွမ်းကို ၃ ဆ တိတိ မြှင့်တင်ပေးနိုင်တယ်ဆိုတာပါပဲ။ ထို လေ့လာမှုဟာ စုံတွဲ ၇၃ တွဲကို လေ့လာခဲ့ပါတယ်။ ထိုစုံတွဲ ၇၃ တွဲလုံးဟာအမျိုးသားရဲ့ သုတ်ပိုးကိုအမျိုးသမီးရဲ့ သားအိမ်ထဲ တိုက်ရိုက်ထည့်သွင်းထားတဲ့ IUI မျိုးပွားကုသခြင်းကို လုပ်ဆောင်ခဲ့သူတွေပဲဖြစ်ပါတယ်။ ထိုလေ့လာမှုအတွင်းမှာအမျိုးသားတွေကတော့ တစ်နာရီအတွင်း သုတ်ပိုး ၂ ကြိမ် ထုတ်လွှတ်စေပြီး ဒုတိယအကြိမ် မြောက်ထုတ်လွှတ်တဲ့ သုတ်ပိုးကိုတော့ IUI မျိုးပွားကုသခြင်း မှာအသုံးပြုခဲ့ပါတယ်။ နောက်ဆုံး ရလဒ်ကတော့ ၂ဝ ရာခိုင်နှုန်းရဲ့ ကိုယ်ဝန်ရနိုင်ခြေ၊ မျိုးအောင်နိုင်ခြေ ဟာအောင်မြင်ခဲ့တဲ့ ၆ ရာခိုင်နှုန်း ရဲ့ ၃ ဆ ဖြစ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။ ဇနီးမောင်နှံတွေအတွက် ယုံကြည်မှု တစ်ခုရှိနေခဲ့တာကတော့အမျိုးသမီးတွေရဲ့ ဓမ္မတာ ကာလတစ်ဝင်ခန့်မှာအမျိုးသားတွေအနေနဲ့ ချစ်တင်းနှောခြင်းကို ရှောင်ကြည်သင့်တယ် ဆိုတာပါပဲ။ ဒါ့အပြင်အမျိုးသားကျန်းမာရေး ဌာန ရဲ့ ဂိုက်လိုင်းတွေအရတော့ သူတို့အနေနဲ့ ချစ်တင်းနှောခြင်း မတိုင်မီ ၂ ရက်ခန့်ကတည်းက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ် ထားမှသာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးတွေကိုထုတ်လွှတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ဒါပေမယ့် လက်ရှိ သုတေသနအရတော့ လိင်ဆက်ဆံခြင်းကို ပိုမိုပြုပေးခြင်းကသာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးကို ထုတ်လွှတ် နိုင်မယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့လာမှုအရတော့ တစ်နာရီအတွင်း ၂ ကြိမ်ထုတ်ယူထားတဲ့ သုတ်ပိုးတွေမှာ ဒုတိယအကြိမ်မြောက် သုတ်ပိုးတွေဟာ ပိုမို လတ်ဆတ်ပြီးအရည်အသွေးကောင်းမွန်ကာ မျိုးအောင်နိုင်ခြေများတဲ့ သုတ်ပိုးတွေ ဖြစ်နေခဲ့လို့ပါ။ Credit : သစ်ထူးလွင် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..