အိန္ဒိယနိုင်ငံတွင် ဦးခေါင်း သုံးလုံးနဲ့ မိန်းကလေး မွေးဖွား (ရုပ်သံ)
popolay.com
|
2019-07-23

ဆေးပညာလောကတွင် မှတ်တမ်းတင်ရမည့် ဦးခေါင်းသုံးလုံးပါရှိသော ကလေးငယ်တစ်ဦးကို ဇူလိုင်လ ၁၁ ရက်နေ့ကအိန္ဒိယနိုင်ငံအတ္ထာပရာဒက်ရှ်ပြည်နယ်ဆေးရုံမှာမွေးဖွားခဲ့ပါတယ်။
ကလေးက မိန်းကလေးဖြစ်ပြီး ဦးခေါင်းသုံးလုံးမှာအမွှာများလို တွဲဆက်နေသည့်အတွက် ဆရာဝန်များအနေနဲ့ ခွဲစိတ်နိုင်မည့်နည်းလမ်းကို ရှာဖွေကာ ခွဲစိပ်ပေးသွားမည်ဖြစ်သည်။



ကိုယ်ဝန်ဆောင်မိခင်ဖြစ်သူက ပီလူးရာရွာငယ်လေးမှ ဖြစ်ပြီး ကလေးမီးဖွားစဉ် မခံမရပ်နိုင်အောင် နာကျင်မှုကိုခံစားခဲ့ရပါတယ်။ ကလေးမွေးလာတဲ့အခါမှာ ဦးခေါင်း သုံးလုံး ပါရှိနေတာကြောင့် ဆရာဝန်တွေကိုယ်တိုင်အံ့သြထိတ်လန့်ခဲ့ရပါတယ်။
ကလေးငယ်ရဲ့ ဦးခေါင်းခွံနောက်ဖက်မှာအဖုကြီးနှစ်ခု ကြီးမားစွာငေါထွက်နေပြီး ရုပ်ရှင်တွေထဲက ဂြိုလ်သားနဲ့တောင် ဆင်တူတယ်လို့ ကလေးမီးဖွားစဉ်အတူရှိနေတဲ့ ဆရာဝန်ဖြစ်သူက ဆိုပါတယ်။
အခုလိုဖြစ်ရတာဟာ ကိုယ်ဝန်ဆောင်တွေအနေနဲ့ မဖြစ်မနေအခြေခံအားဖြင့် ကျန်းမာရေးဌါနက ပံ့ပိုးပေးတဲ့ ဆေးဝါးတွေကို မှန်မှန်လိုက်နာဖို့ မိခင်က ပျက်ကွက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။


ကလေးရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာလည်းအပြည့်အဝတိုးတက်မှုမရှိသေးပါဘူး။ ဦးခေါင်းကို စကင်ဖတ်စက်နဲ့ ရိုက်ကြည့်စစ်ဆေးပြီးရင်တော့ ခွဲစိတ်မှုတွေ စတင်တော့မှာဖြစ်ပါတယ်။
အခုလိုအဖြအနေမျိုနဲ့ ကလေးငယ်တွေဟာအသက်ရှင်နိုင်တဲ့အခွင့်အရေး ၅၅% သာ ရှိတယ်လို့ စစ်တမ်းမှတ်ချက်တွေအရ သိရပါတယ်။ ဒါ့အပြင် နို့စို့အရွယ် ကလေးငယ်တွေအနေနဲ့ ခွဲစိတ်ပြီးတဲ့အခါမှာလည်း ရောဂါပိုးဝင်နိုင်တဲ့ ပြဿနာတွေအပြင်အခြားရှုပ်ထွေးလှတဲ့အကြောင်းအရာတွေကြောင့်လည်းအသက်ရှင်နိုင်ဖို့ ၇၅% ခန့်သာရှိကြောင်း သိရှိရသည်။




Some text some message..