အမျိုးသားတွေ ရင်သားဆူထွက်လာတာ ဘာကြောင့်လဲ
hellosayarwon.com
|
2019-07-29


ပတ်ဝန်းကျင်မှာအသက်လတ်ပိုင်းအမျိုးသားတွေ ရင်သားတွေ ဆူပြီး

နို့သီးခေါင် းကအရှေ့ကို ရှည်ထွက်နေတာမျိုးပေါ့။ လူတော်တော်များများက ဒါကို

အဝလွန် တယ်၊အသက်ကြီးလို့ ဖြစ်တယ်လို့ ထင်ကြပေမယ့် တကယ်ကတော့ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းတွေက နည်းနေပြီး သူ့နေရာမှာ မဟော်မုန်းတွေ များနေတာကြောင့်ပါ။ ဒီအခြေအနေကိုတော့ Gynecomastiaအမျိုးသားများ ရင်သားကြီးထွားလာတဲ့ ရောဂါလို့ ခေါ်ကြပါတယ်။

ကျားဟော်မုန်းနဲ့ မဟော်မုန်းဆိုတာဘာလဲ။
ရောဂါအကြောင်း မပြောခင်အရေးပါတဲ့ ဟော်မုန်း ၂မျိုးအကြောင်းအရင်ရှင်းပြပါ့မယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ

ကျားဟော်မုန် း (Testosterone) နဲ့ မဟော်မုန်း (Estrogen) ဆိုပြီး ၂မျိုးလုံး ရှိပါတယ်။ ယောက်ျားလေးတွေမှာတော့ ကျားဟော်မုန်းပိုများပြီး မိန်းကလေးတွေမှာ မဟော်မုန်း ပိုများပါတယ်။ ဒီဟော်မုန်း ၂မျိုးလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်အလွန်အရေးပါတယ်။

လိင်စိတ်ဆန္ဒ ကို နှိုးဆွပေးရုံသာမက စိတ်ကျန်းမာရေးနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။အဲ့လိုမဟုတ်ဘဲ ဟော်မုန်းမျှခြေတွေက ကမောက်ကမ ဖြစ်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ကျားဟော်မုန်းတွေ နည်းသွားနိုင်လဲ။
ကျားဟော်မုန်း ထုတ်လုပ်မှုအများဆုံးအချိန်ဟာ

လူပျိုေ ဖာ်ဝင်ကာစ ဆယ်ကျော်သက်အရွယ်ဖြစ်ပြီးအသက်အရွယ် ကြီးလာတာနဲ့အမျှ ကျားဟော်မုန်းအထွက် နည်းသွားတတ်ပါတယ်။ တချို့အမျိုးသားတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့

ကျားဟော်မုန် းတွေ နည်းတာမျိုးတွေလည်း ရှိပါတယ်။ ကျောင်း၊ လုပ်ငန်းခွင်

စိတ်ဖိစီးမှု များလွန်းတာ၊ စိတ်ကျန်းမာရေးပြဿနာတွေ၊အိမ်တွင်းရေး၊အချစ်ရေးအဆင်မပြေတာ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါ၊ ဝှေးစေ့ကင်ဆာ၊ ကင်ဆာကုထုံး ကုသမှုခံယူတာ၊ မတော်တဆ လိင်တံနဲ့ ဝှေးစေ့ကို ထိခိုက်မိတာအစရှိတဲ့အခြေအနေတွေကြောင့် နည်းသထက် နည်းသွားတတ်ပါတယ်။

ကျားဟော်မုန်းနည်းတဲ့အခါ ကိုယ်ခန္ဓာမှာ ဘာပြောင်းလဲမှုတွေ ဖြစ်လဲ။
အဓိကအမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ နည်းလာမယ်။

သုက်ပို းကောင်တွေ နည်းလာမယ်။ တဖြည်းဖြည်းနဲ့ လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်ပြီး ပန်းသေပန်းညှိုးဖြစ်လာမယ်။ စိတ်သွားတိုင်း ကိုယ်မပါတော့ဘဲ လိင်မှုကိစ္စဆောင်ရွက်ရမှာ စိတ်ထဲက မလိုလားတော့ဘဲ ဖြစ်လာမယ်။ ကိုယ်ခန္ဓာမှာလည်

း ကြွက်သားထု နည်းသွားတာ၊အရိုးအဆစ်တွေအားနည်းတာ၊ ရင်သားဆူထွက်လာတာ၊ နို့သီးခေါင်းထိပ်ကနေအရည်ကြည်တွေ စိမ့်ထွက်လာတာ၊ ဆံပင်ကျွတ်တာအစရှိတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ကျားဟော်မုန်းနည်းခြင်းနှင့် ရင်သားကြီးခြင်း ဘယ်လိုဆက်စပ်နေလဲ။
ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ ကျားဟော်မုန်းနဲ့ မဟော်မုန်းကို နေ့စဉ်ပုံမှန်ထုတ်လုပ်ပေးပါတယ်။ ကျန်းမာရေးအခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ကျားဟော်မုန်းက နည်းသွားရာကနေ မဟော်မုန်းပမာဏအောက် ရောက်သွားတဲ့အခါ ရင်သားက စတင်ကြီးလာပါတယ်။ ဒီမှာပြောရမယ်ဆိုရင် Estrogen လို့ခေါ်တဲ့ မဟော်မုန်းဆိုတာအမျိုးသမီးတွေမှာ ရင်သားကြီးလာစေဖို့၊အရှေ့ကို ဆူထွက်လာစေဖို့နဲ့ ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာစေဖို့ ကူညီတာပါ။ ဒီသက်ရောက်မှုကြောင့်အမျိုးသားတွေမှာ ရင်သားကြီးလာတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် ဟော်မုန်းပြောင်းလဲမှု များတာကြောင့် ရင်သားဆူထွက်တာမျိုး ဖြစ်တတ်ပေမယ့် ကုသမှုမလိုဘဲ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။အသက်ကြီးတဲ့အမျိုးသားတွေအထူးသဖြင့်အသက် ၄၅နှစ်နောက်ပိုင်းမှာ ဖြစ်တဲ့ ရင်သားဆူထွက်တာကိုတော့ ကုသမှုခံယူမှပဲ ပျောက်ကင်းနိုင်မှာပါ။ စစ်တမ်းကောက်ယူချက်အရအသက် ၅၀ မှ ၈၀အတွင်းအမျိုးသား၄ယောက်မှာ တစ်ယောက်က ရင်သားဆူထွက်တဲ့ပြဿနာကို ကြုံတွေ့နေရပါတယ်။ ရင်သားဆူထွက်လို့ ဘေးအန္တရာယ်တော့ မဖြစ်စေနိုင်ဘူးဆိုပေမဲ့ ကျားဟော်မုန်းနည်းတဲ့ ပြဿနာကတော့ မကုသဘဲ ပစ်ထားလိုက်ရင်အမျိုးသားတွေအတွက် ရေရှည်မှာ ကျန်းမာရေးထိခိုက်လာမှာပါ။

ဒါဆိုရင် ဘယ်လိုကုသမှုခံယူမလဲ။
ကိုယ့်ရဲ့ ရင်သားက ပုံမှန်ထက်ပိုပြီး ကြီးလာတာ၊ ညှစ်လိုက်တဲ့အချိန်အရည်ကြည် ဒါမှမဟုတ် နို့ရည်လေးတွေ ထွက်တာ၊ လိင်စိတ်တွေ နည်းလာတာ၊ လိင်တံ ကောင်းစွာ

မထောင်မတ်နို င်တာအစရှိတဲ့ ပြဿနာတွေနဲ့ တွေ့လာရပြီဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးကုသမှုခံယူတာအကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ လက်ရှိအခြေအနေ၊ သောက်နေရတဲ့ ဆေးတွေ၊ ရောဂါတွေ၊အရင်က ထိခိုက်မှုရှိ မရှိ၊ ဒါမှမဟုတ် လတ်တလော ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပေါ်မူတည်ပြီး ကုသနိုင်မယ့်နည်းလမ်းကို ညွှန်ပြပေးမှာပါ။ ကျားဟော်မုန်းနည်းတဲ့ ပြဿနာအတွက်တော့အရေပြားမှာ သုတ်လိမ်းရတဲ့ ဂျယ်လ်၊ ကပ်ခွာ ဒါမှမဟုတ် ဆေးထိုးသွင်းခြင်းအစရှိတဲ့ ကျားဟော်မုန်းအစားထိုးကုထုံးတွေနဲ့ ကုသမှုခံယူနိုင်ပါတယ်။ ကုသမှုခံယူပြီး သိပ်မကြာခင်မှာပဲ လိင်ပိုင်းဆိုင်ရာမှာ သက်လုံကောင်းတာ၊အားအင်ပြည့်ဝတာ၊ လိင်တံထောင်မတ်နိုင်တာ၊ ကြွက်သားထုတက်လာတာ၊ ရုပ်ရည်နဲ့ ကိုယ်ခန္ဓာအချိုးအစားအရင်ကထက် ပိုကြည့်ကောင်းလာတာ၊ ကောင်းမွန်စွာအိပ်စက်အနားယူနိုင်တာအစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ ကျားဟော်မုန်းနည်းခြင်းနဲ့အမျိုးသားများ ရင်သားဆူထွက်လာတဲ့ ပြဿနာနှစ်မျိုးလုံးကအလွန်အဖြစ်များပြီး ပျောက်ကင်းကုသဖို့လည်း လွယ်ကူတဲ့အတွက် သိပ်ပြီးတော့ စိုးရိမ်စရာမလိုပါဘူး။ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးကုသမှုခံယူနိုင်ရင်တော့အကောင်းဆုံးပါပဲ။  

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။




Some text some message..