ဆီးချိုသမားတွေ စားသင့်တဲ့အသီး ၁ဝ မျိုး
healthcare.com.mm
|
2019-08-06


ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့နေ့စဉ်ဘဝပိုင်ဆိုင်ဖို့ စားသောက်မပုံစံ၊ လေ့ကျင့်ခန်း၊အိပ်စက်မှု၊ စိတ်ဖိစီးခြင်း နည်းပါးမှုစတာ တွေလိုအပ်တဲ့အပြင် သွေးတွင်းဂလူးကို့စ်အဆင့်ကိုအကောင်းဆုံးထိန်း ထားနိုင်ဖို့ကလည်းအထူးလိုအပ်လှပါတယ်။ သစ်သီးတွေဟာချိုတဲ့ သဘာဝရှိတာကြောင့် ဆီးချိုရောဂါရှင်တွေအသီးရှောင်ရမယ်လို့ မှတ်ယူထားကြပေမယ့် တချို့သော သစ်သီးတွေက သွေးတွင်းသကြား ဓာတ်ကို ထိန်းထားပေးတဲ့ စွမ်းအင်ရှိတာကြောင့်အကျိုးဖြစ်စေတဲ့အသီးတွေအကြောင်း မျှဝေချင်ပါတယ်။ ပန်းသီး ကြွပ်ကြွပ်လေးနဲ့အရည်ရွှမ်းချိုမြတဲ့ ပန်းသီးမှာ ပျော်ဝင်နိုင်စွမ်းရှိတဲ့အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ချယ်ရီသီး ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊အမျှင်ဓာတ်နဲ့ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိပါတယ်။အနက်ရောင်သပြေသီး သွေးတွင်း သကြားဓာတ်နဲ့ပတ်သက်ပြီးအကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါကုသရာမှာအသုံးများပါတယ်။ မာလကာသီး ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့အမျှင်ဓာတ်ကြွယ်ဝပြီး မာလကာသီး မှာပါတဲ့အာဟာရဓာတ်တွေက ပုံမှန်သွေးတွင်း သကြားပမာဏရှိအောင် ထိန်းထားပေးနိုင်ပါတယ်။ ဂရိပ်ဖရု(ရှောက်ခါးသီးကြီး)အမေရိကန်ဆီးချိုအဖွဲ့အစည်းရဲ့ စူပါသီးနှံပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် ကူညီပေးပြီး ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ဆီးချိုဖြစ်ရင်လည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ထောပတ်သီး သွေးတွင်းသကြားပမာဏကို ထိန်းထားပေးပြီး ဆီးချိုဝေဒနာရှင်တွေ နှလုံးရောဂါနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ စတော်ဘယ်ရီ မလိုအပ်တဲ့အဆီတွေကို ဖယ်ရှားပေးပြီး သွေးဖိအားပုံမှန်ဖြစ်အောင် သွေးတွင်းသကြားပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ လိမ္မော်သီး ကိုယ်အလေးချိန် လျော့ကျစေပြီး ဆီးချိုရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားပမာဏ ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။ သစ်တော်သီး ဗီတာမင်အေ၊ ဘီဝမ်း၊ စီနဲ့အီး၊အမျှင်ဓာတ်တွေကြောင့် သွေး တွင်းသကြားဓာတ်ကို ထိန်းပေးပြီး ကိုလက်စထရောကျစေကာ ကိုယ်ခံ စွမ်းအားကောင်းစေပြီးအစာချေဖျက်မှု ကောင်းစေပါတယ်။ ကီဝီသီး ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုပြီး ဗီတာမင်အစုံလည်းပါတာကြောင့်ဆီးချိုသမားတွေ လက်စွဲစားပေးသင့်ပါတယ်။ Credit : မြန်မာတို့အတွက်မြန်မာ့ ဆေးမြီးတိုများ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..