
Chancroid ရောဂါသည် ဘက်တီးရီးယားကြောင့်ဖြစ်သော STD ဖြစ်သည်။ စောစီးစွာ ဆေးဝါးဖြင့် ပျောက်ကင်းအောင် ကုသနိုင်သည်။ လက္ခဏာများ • နာကျင်၍ သွေးထွက်လွယ်သော၊ ပျော့သောအနာတစ်လုံး (သို့) တစ်လုံးမက၊ လိင်အင်္ဂါ (သို့) စအို တွင်ပေါက်တတ်သည်။ • ပေါင်ခြံတွင် နာကျင်သောအကြိတ်များပေါ် လာတတ်သည်။ •အဖျားအနည်းငယ် ရှိတတ်သည်။ သင်ကိုယ်ဝန်ဆောင်နေ ပါက Syphilisအတွက်သွေးစစ်ကြည့်ပါ။ လိင်အင်္ဂါအနာများအား သန့်ရှင်းစွာထားရမည်။ နေ့စဉ်ဆပ်ပြာဖြင့် ဆေးကြောပြီးခြောက်သွေ့အောင် သေချာစွာသုတ်ရမည်။ သုတ်သည့်အဝတ်ကို မည်သူနှင့်မျှရောမသုံးပါနှင့်။အရေးကြီးမှတ်ချက်များ လိင်ဆက်ဆံရာတွင် AIDS ပိုးသည်အနာများမှတဆင့် လွယ်ကူစွာ ကူးစက်နိုင်သည် HIV/ AIDSအားပြန့်ပွားခြင်းမှ ကာကွယ်ရန် သင် (သို့မဟုတ်)သင့်အဖော့်အနာပေါက်နေပါက လိင်ဆက်ဆံခြင်းမပြုပါနှင့်။ လိင်အင်္ဂါရေယုန် လိင်အင်္ဂါရေယုန်များသည် လိင်မှတဆင့် ကူးစက်တတ်သော Virus ပိုးကြောင့်ဖြစ်သည်။ ၎င်းတို့သည် လိင်အင်္ဂါနှင့် ပါးစပ်တွင်ဖြစ်တတ်သည်။ လပေါင်းများစွာ(သို့)နှစ်ပေါင်းများစွာအနာများဖြစ်လိုက် ပျောက်လို ရှိတတ်သည်။ ရေယုန်အပျောက် ကုသရန် ဆေးမရှိသော်လည်း သက်သာရန် ကုသမှုပေးနိုင်သည်။ ပါးစိပ်၌ဖြစ်သောရေယုန်အားလုံးသည် လိင်ဆက်ဆံမှုကြောင့်မဟုတ်ပါ။ ကလေးငယ်များနှင့် လူကြီးများအအေးမိလျှင် (သို့)အဖျားရှိလျှင်ပါးစပ်များ၌ ရေယုန်ပေါက်နိုင်သည်။ AIDS ရှိသူများသည် တစ်ကိုယ်လုံး ရေယုန်ပေါက်နိုင်ပြီး ပျောက်ကင်းရန်လည်း ကြာတတ်သည်။ လက္ခဏာများ • လိင်အင်္ဂါ (သို့) ပေါင်ပေါ်ရှိအရေပြား၌ ကျဉ်ခြင်း၊ ယားယံခြင်း (သို့) နာကျင်ခြင်း။ • လိင်အင်္ဂါ၌ သေးငယ်သောအရည်ကြည်ဖုဖြစ်ပြီးအနာပေါက်ခြင်း။ • ရေယုန်ပထမဦးဆုံးအကြိမ်ပေါက်ပါက ၃ ပတ် (သို့) ထို့ထက်ပိုကြာတတ်သည်။အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်းနှင့် ပေါင်တွင်းရှိအကြိတ်များ ရောင်လာခြင်းတို့ ဖြစ်တတ်သည်။ • နောက်တစ်ကြိမ် ပေါက်သောရေယုန်မှာ မပြင်းထန်လှပါ။ ကုုသမှု နေထိုင်ရ သက်သာစေရန်အောက်ပါတို့ကို ပြုလုပ်နိုင်သည်။ • နာသည်ဟ ုခံစားရလျှင်ရခြင်းအနာပေါ်သို့ရေခဲအုံပါ။ •အဝတ်အားလက်ဘက်ခြောက်ထည့်ထားသောအရည်ထဲစိမ်၍အနာပေါ်အုံပေးပါ။ • သန့်ရှင်းသော ရေအေးထည့်ထားသည့် ဇလုံထဲတွင်ထိုင်ပါ။ • ရေကို ဆိုဒါမှုန့်(သို့) ကော်မှုန့်နှင့်ရောနယ်ပြီးအနာပေါ်အုပ်ပါ။ •အကယ်၍အနာလက္ခဏာများ တစ်ကြိမ်ပြီး တစ်ကြိမ်ပြန်ပေါ်နေပါက Acyclovir ဆေးကိုသုံးကြည့်ပါ။ ဤဆေးသည် ရေယုန်အား မပျောက်ကင်းစေနိုင်သော်လည်း အနာသက်သာစေပြီး ရောဂါလက္ခဏာများအား လျှင်မြန်စွာပျောက်ကင်းစေနိုင်သည်။အရေးကြီးသောမှတ်ချက်များ •အနာကိုင်ပြီးပါက လက်ကိုဆပ်ပြာဖြင့်သေချာစွာဆေးကြောပါ။ • သင့်မျက်စိနှင့် သင့်ကလေး၏မျက်နှာတို့ကို လက်နှင့်မထိပါနှင့်။ မျက်စိတွင်ပေါက်သော ရေယုန်သည်အလွန်စိုးရိမ်စရာဖြစ်သည်။ • ရေယုန်ပေါက်နေစဉ် လိင်မဆက်ဆံပါနှင့်။ ရေယုန်ကို သင့်အဖော်အား လွယ်ကူစွာ ကူးစက်စေနိုင်သည်။ ကိုယ်ဝန်ဆောင်နေစဉ်ရေယုန်ပေါက်ခြင်း ကိုယ်ဝန်ဆောင်နေစဥ်ရေယုန်ပေါက်ပြီး မီးဖွားစဉ်အနာရှိနေသောအမျိုးသမီးများသည် ရောဂါအား ကလေးထံသို့ ကူးစက်စေနိုင်သည်။ ကလေးအတွက်အလွန်ပင်အန္တရာယ်ရှိစေနိုင်သည်။ ဆေးရုံ၌သာ ကလေး မွေးရန် ကြိုးစားပါ။ ကလေးအား ခွဲမွေးပေးခြင်း (သို့) မွေးဖွားလာပြီးပါကအထူးဆေးများပေးနိုင် လိမ့်မည်။ ReF: WEAVE စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက်အမျိုးသမီးများအား ပညာပေးရေးအဖွဲ့ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။