အစာရေမျိုပြွန်ကင်ဆာ
ondoctor.com.mm
|
2019-08-07



အစာရေမျို ပြွန်ကင်ဆာ

အစာလည်းဆေး၊ ဆေးလည်းအစာ ဟူသော စကားပုံရှိသည်။ မှန်ပါသည်။ သို့သော် ယနေ့ခေတ်တွင်အစားအသောက်အမျိုးအစားများစုံလင်ရုံမကအစားအသောက်များသည်လည်းအရောင်စုံအနံပါစုံလင်များပြားလာခဲ့သည်။ ထိုသို့အစားသောက်များတွင်အရောင်အနံစုံလာသည်နှင့်အမျှ လူတို့တွင်ဖြစ်ပွားသော ရောဂါများလည်းအမျိုးစားစုံလာသည်။

ယခုတစ်ခါတင်ပြလိုတာကတော့အစာရေမျိုပြွန်ကင်ဆာအကြောင်းပါ။ ကျွန်တော်တို့နေ့စဉ် ပါးစပ်မှစားသောက်သောအစားအသောက်များသည်အစာရေမျိုပြွန်ကို ဖြတ်သန်းပြီးမှသာအစာအိမ်ကိုရောက်သည်။ ထိုအစာရေမျိုပြွန်သည် ၂၅ စင်တီမီတာ (၁၀ လက်မ) နီးပါး ရှည်သည်။အစာရေမျိုပြွန်ကို ၃ ပိုင်းခွဲထားသည် ။

လည်ပင်းတွင်ရှိသောအပိုင်း၊ ရင်ဘတ်တွင်ရှိသောအပိုင်းနှင့် ဗိုက်တွင်ရှိသောအပိုင်းတို့ ဖြစ်သည်။အစာရေမျိုပြွန်ကင်ဆာသည်အသက် ၆၀ နှင့်အထက်အမျိုးသားများတွင် ပိုအဖြစ်များသည် ။အစာရေမျိုပြွန်ကင်ဆာအမျိုးအစား ၂ မျိုးရှိသည်။


ဒီကင်ဆာဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ဓါတုဆိုးဆေးပါသောအစားအစာများကို ရေရှည်စားမိခြင်း၊ မှိုတက်နေသော လတ်ဆတ်မှုမရှိသောအစားအစာများစားခြင်း၊ နေ့စဉ်အသုံးပြုသော ဟင်းခတ်များထဲတွင်မှိုများပါခြင်း (ဥပမာ ငရုတ်သီးမှို) ဆေးလိပ်၊အရက်၊ ကွမ်းအစားများခြင်း တို့ဖြစ်သည် ။
GERD (Gastro Esophageal Reflux Disease) ရှိသူများ နောက်ပြီး Plumer Vinson Syndrome ရှိသူများ တွင် ဖြစ်နိုင်ချေ ပိုများသည်။

ဒီကင်ဆာရဲ့လက္ခဏကတော့ မျိုရခက်ခြင်းပါပဲ။အစောဆုံးအနေနဲ့ကတော့ မျိုချတဲ့အခါမှာခိုးလုခုလုဖြစ်ပီး ပုံမှန်မဟုတ်သလိုခံစားရတာပါ။အစပထမမှာအစာမာကိုမျိုရခက်မယ် ။ နောက်ပိုင်းပျော့တဲ့အစာပါမမျိုနိုင်တော့ဘူး။ နောက်ဆုံး ရေတို့၊အရည်တို့တောင်မှမမျိုနိုင်တော့ဘူး ။အသံပြောင်းလာမယ်။ ထူးခြားတာက မျိုရခက်ပေမယ့်အများအားဖြင့် နာကျင်မှုမရှိတတ်ဘူး။အစာမျိုရခက်တဲ့နောက်ပိုင်းမှာအသံပြောင်းလာရင်တော့အလားအလာမကောင်းဘူး ။ ပြန်ရည်ဂလင်းတွေရောင်တာတွေလည်းဖြစ်နိုင်တယ်။

မျိုရခက်တိုင်းတော့အစာရေမျိုပြွန်ကင်ဆာလို့ တပ်အပ်မပြောနိုင်ဘူး ။ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့လိုတယ်။ ဘာတွေလုပ်ရမလဲဆိုတော့ မှန်ပြောင်းကြည့်ပြီးအသားစယူစစ်ဆေးတာ၊ ဆေးဓါတ်မှန်ရိုက်တာ တွေပါ ။ တကယ်လို့စစ်တာ ရှိခဲ့ရင်တော့ ကင်ဆာဘယ်ကိုပျံနေလဲသိဖို့အတွက် ရင်ဘတ်ဓါတ်မှန်ရိုက်တာ ၊ စီတီရိုက်တာ ၊အာထရာဆောင်းရိုက်တာ (USG) စတာတွေပါဆက်လုပ်ရပါမယ် ။

ကုသတဲ့နေရာမှာ ၂ ပိုင်းရှိတယ် ။ ကင်ဆာကအဆင့်နိမ့်တယ် ၊ ကုလို့ပျောက်တယ်ဆို (curative therpy) ကိုသုံးတယ်။ ကင်ဆာကပြန့်လည်းပြန့်နေပြီ ၊ကုလို့မပျောက်တော့ဘူးဆိုရင် (Palliative therapy) ကိုသုံးတယ်။ Curative therapy မှာ နည်းလမ်းနှစ်ခုပါပါတယ်။ ခွဲစိတ်ကုသတာနဲ့ ဓာတ်ကင်ကုသ ဆိုပြီး ၂ မျိုးပါတယ်။

Palliative Therapy ရဲ့ ရည်ရွယ်ချက်ကတော့ လူနာခံစားရသက်သာအောင်လုပ်ပေးတာပါ။ တစ်နည်းအားဖြင့်အစာတို့ရေတို့ပြန်မျိုနိုင်အောင်ပါ ။ နည်းလမ်းတွေကတော့ ဓါတ်ကင်တာ ၊ ကင်ဆာဆေးနဲ့ကုတာ ၊ ပိုက်ထည့်တာ၊ စတန့်ထည့်တာ ၊လေဆာပစ်တာ စတာတွေပါ ။ နောက်ဆုံးပြောချင်တာကတော့ ဒီအစာရေမျိုပြွန်ကင်ဆာက 5 Year Survival Rate(ကင်ဆာလို့သိတဲ့အချိန်ကစပြီး နောက်၅နှစ်အတွင်းအသက်ရှင်ဖို့ရာခိုင်နှုန်း)အလွန်နည်းပါတယ် ။

ဒါ့ကြောင့် မိမိတို့အစာရေမျိုချတဲ့အခါမှာ ထူးဆန်းနေတာမျိုးဖြစ်ခဲ့ရင် ဆရာဝန်ဆီချက်ချင်းသွားပြီး စမ်းသပ်စစ်ဆေးသင့်ပါတယ်လို့အကြံပြုချင်ပါတယ်။

Author; Dr.528




Some text some message..