
ပုံမှန်ယေဘုယျအားဖြင့် ဗီတာမင်စီ ဆိုတာနဲ့အချဉ်သီးတွေဖြစ်တဲ့ သံပုရာသီးတို့ လိမ္မော်သီးတို့ကိုပဲ ပြေးမြင်မိကြတယ်မဟုတ်ပါလား။
တကယ်တော့အသီးတွေအားလုံးထဲမှာမှ မာလကာသီးဟာ ဗီတာမင်စီအများဆုံး ပါဝင်တဲ့အသီးဖြစ် ပါတယ်။ ပုံမှန်ဆိုအများအားဖြင့် လိမ္မော်သီး ကို ဗီတာမင်စီအများဆုံးလို့သိကြပေမဲ့ မာလကာသီးမှာပါဝင်တဲ့ ဗီတာမင်စီအရေအတွက်ဟာ လိမ္မော်သီးထက် ၄ ဆ ပိုများပါတယ်။
အခုလို မာလကာသီးပေါများတဲ့ ရာသီကာလမှာ မိတ်ဆွေတို့အတွက် မာလကာသီးမှာ ပါဝင်တဲ့အာဟာရဓာတ်နဲ့ မာလကာသီးစားခြင်းမှ ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ဝေမျှပေးလိုက်ပါတယ်။
မာလကာသီးတစ်လုံးမှာအများဆုံးပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ ကိုယ်ခန္ဓာမှာ ဖြစ်ပွားတဲ့ထိခိုက်ရှနာ ဒဏ်ရာများကိုအမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။ ယားနာ၊ ခူနာအစရှိတဲ့အရေပြားရောဂါများမှ ရရှိ လာတဲ့အနာများကိုလဲအကျက်မြန်စေပါတယ်။အထူးသဖြင့် ဗီတာမင်စီဓာတ်ဟာ မျက်စိကို ပိုမိုအားကောင်းလာစေဖို့အထောက်အကူပြုတဲ့အာဟာရဓာတ်တစ်မျိုးပါပဲ။
ဒါကြောင့်အဝေးမှုန်၊အနီးမှုန် နဲ့ ကျန်တဲ့တခြားမျက်စိဝေဒနာများကို ခံစားနေရတယ်ဆိုရင် ဗီတာမင်စီအများဆုံးပါဝင်တဲ့ မာလကာသီးကို စားသုံးသင့်ပါတယ်။
ထို့အပြင် ဗီတာမင်စီက ဆီးချိုးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ်သွေးကြောထဲမှာရှှိတဲ့ Sugar Level ကို Balance ဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါတင်မက မာလကာသီးစားခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တို့ကို ညီမျှစေပြီး သွေးဖိအားကိုလဲ ပုံမှန်ဖြစ်လည်ပတ်နိုင်အောင် ထိန်းသိမ်းပေးပါတယ်။ သွေးဖိအား ပုံမှန်လည်ပတ်လာတဲ့အတွက် နှလုံးသွေးအားကိုလဲကောင်းစေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များ မာလကာသီးကို စားသုံးပေးသင့်ပါတယ်။ မာလကာသီးမှာ ဖောလစ်အက်ဆစ် နဲ့ ဗီတာမင် B-9 တို့ကြွယ်ဝတာကြောင့် မိခင်ဝမ်းဗိုက်ထဲမှာရှိတဲ့ ကလေးငယ် ရဲ့ စိတ်ပိုင်းဆိုင်ရာအားငယ်မှု မဖြစ်ပေါ်လာအောင် ကာကွယ်တားဆီးပေး ပါတယ်။ (ကလေးငယ်ရဲ့ Nervous System (ဦးနှောက်အာရုံကြောဆိုင်ရာ) ပြဿနာကိုဆိုလိုသည်)။ ဒါ့အပြင် ကလေးငယ်မွေးဖွားလာပြီး တဲ့အခါမှာလဲအာဟာရဖြစ်စေတဲ့အစားအသောက်များ စားချင်စိတ်ဖြစ်ပေါ်အောင် ပြုလုပ်ပေး နိုင်ပါတယ်။
အရည်ရွှမ်းတဲ့ မာလကာသီးကို စားခြင်းအားဖြင့် သွားကိုက်ခြင်းကိုလဲအမြန်ဆုံး သက်သာစေပါတယ်။ မာလကာသီးမှာပါဝင်တဲ့အရည်ဟာ ဆိုရင် သွားနှင့် ခံတွင်း ဆိုင်ရာပြဿနာများကို ဖြေရှင်းပေးနိုင်ပါတယ်။
မာလကာသီးစားမှာ Vitamin B3 နဲ့ Vitamin B6 တို့ဟာ ဦးနှောက်အာရုံကြောကို သွေးလည်ပတ်မှုကောင်းအောင်ထိန်းသိမ်း ပေးပါတယ်။ Vitamin B3 နဲ့ B6 တို့ဟာအာရုံကြောတွေကို relax ဖြစ်စေပြီး မေ့လျော့ခြင်း၊ မေ့ပျောက်ခြင်းအစရှိတာတွေ မကြာခဏ ဖြစ်ပေါ်ခြင်းမျိုးကို ပျောက်ကွယ်အောင်လုပ်ဆောင်ပေးပါတယ်။
မာလကာသီးဟာအဝလွန်တဲ့သူများနဲ့ ကိုယ်ခန္ဓာအလေးချိန်လျော့ချဖို့ လိုအပ်နေသူများအတွက်အထောက်အကူပြုပါတယ်။ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီးတို့ထက် ဗီတာမင်ဓာတ်ပိုများတဲ့အပြင် သကြားဓာတ်လဲပိုနည်းတာကြောင့် ဝိတ်ချနေတဲ့သူများအတွက် စားသုံးပေးဖို့အသင့်တော်ဆုံးပါပဲ။
ကလေးငယ်လေးတွေ တုပ်ကွေးရာသီမှာ ရောဂါကြိုတင်ကာကွယ်နိုင်အောင်အချဉ်သီးဖြစ်တဲ့ လိမ္မော်သီးတို့၊ သံပုရာသီးဆိုလဲ သံပုရာရည်ဖျော်တိုက်တာမျိုးတို့ လုပ်လေ့ရှိကြတယ်မဟုတ်ပါလား။ နေမကောင်းတာကြိုတင်ကာကွယ်ဖို့ ကလေးတွေကို မာလကာသီးကျွေးတာမျိုးတော့ဘယ်သူမှ လုပ်လေ့မရှိသေးဘူးလို့ထင်ပါတယ်နော်။ တကယ်တော့ ဗီတာမင်စီဓာတ်က မာလကာသီးမှာအများဆုံးပါဝင်တာမို့အဖျားရောဂါနဲ့ တုပ်ကွေးရောဂါကို ခံစားနေရရင် မာလကာသီးကိုအဓိကထားပြီးစားသုံးသင့်ပါတယ်။