Sperm life span သုက်ပိုးတွေ ဘယ်လောက်ကြာကြာရှင်နေနိုင်သလဲ
healthcare.com.mm
|
2019-08-09


ယောကျ်ားလေးရဲ့ သုက်ရည်ထဲက သုက်ပိုးဟာ ခန္ဓာကိုယ်အပြင်ဘက်မှာအချိန်ဘယ်လောက်ကြာကြာ နေနိုင်ပါသလည်း။ တကယ်လို့ သုက်ပိုးဟာ ခနွာကိုယ်အပြင်ဘက်ရောက်ပြီးအချိန်နည်းနည်းကြာမှ မိန်းမအင်္ဂါထဲကို လက်ကနေတဆင့်အနည်းငယ် ကပ်ပါသွားခဲ့ရင်ရော ကိုယ်ဝန်ရနိုင်ပါသလားခင်ဗျာ။ • Sperm သုက်ပိုးက ဘယ်မှာနေတာလဲ သိရမယ်။ သူတို့နေစရာအပါ်မှာမူတည်ပြီး ဘယ်လောက်ကြာကြာ ရှင်နိုင်သလဲ ကွာခြားတယ်။ • သုက်ရည်ကိုအမျိုသမီးရဲ့ ဗဂျိုင်းနားထဲမှာ ထုတ်လွှတ်ရင်အကြာဆုံးအသက်ရှင်နေနိုင်တယ်။ ဗဂျိုင်းနား၊ သားအိမ်အဝနဲ့ သားမအိမ်ထဲ၊ သားအိမ်ပြွန်နေရာတွေမှာ ၃ ရက်ကနေ ၅ ရက်အထိ ရှင်နေကြမယ်။ • ဒါကြောင့်အမျိုးသမီးတွေဟာ တလမှာ တစ်ရက်တည်းမှာသာ မျိုးဥကထွက်ပေမဲ့ မျိုးဥမထွက်ခင် သုက်ပိုးတွေကအရင်ရောက်နေလို့ ရှင်နေသေးရင် ကိုယ်ဝန်ရနိုင်မယ်။ •အလားတူ မျိုးဥထွက်ပြီးနောက် မျိုးဥရှင်နေချိန်အတွင်း သုက်ပိုးနဲ့တွေ့ဆုံပေါင်းစပ်ရင်လဲ ကိုယ်ဝန်ရစေနိုင်တယ်။ • လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်နေရရင် သုက်ပိုးနဲ့အတူထွက်တဲ့ Semen (စီမင်)အရည်ထဲမှာဆိုရင် ရှင်နေနိုင်သေးတယ်။ နာရီအနည်းငယ်လို့ ပြောနိုင်တယ်။ • (စီမင်) ကိုအေးအောင်ထားရင် ပိုကြာကြာထားနိုင်တယ်။ ခဲအောင်လုပ်ထားရင် နှစ်နဲ့အထိထားနိုင်တယ်။ • လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်ပိုးတွေက မိနစ် ၂ဝ ကနေ ၁ နာရီအထိရှင်နိုင်တယ်။ သုတေသန်တချို့က မိနစ်အနည်းငယ်မှ ၁-၂ ရက်လို့ပြောတယ်။ • ဘာမှာကွာသလဲဆိုရင်အပူချိန်၊အစိုဓါတ်၊ ပါတ်ဝန်းကျင်အခြေအနေတွေပေါ်မှာ မူတည်တယ်။အက်စစ်အခြေအနေ၊ ဖိအား၊ စိုထိုင်းဆစတာတွေ။ • ကိုယ်ဝန်ရမှာစိုးရိမ်ရင် သုက်ရည်ကို ဗဂျိုင်းနားနဲ့ ဝေလေကောင်းလေ ဥပဒေသကိုလိုက်နာသင့်တယ်။ • တကယ်တန်း သုက်လွှတ်ခြင်းဖြစ်စဉ် မတိုင်ခင်မျာ စိုစွပ်မှုပေးတဲ့ လိင်စိတ်ကနေဖြစ်စေတဲ့အရည်ထဲမှာ သုက်ပိုးပါနေ-မနေ ကံသေကမ္မပြောမရပါ။ ရာခိုင်နှုန်းနည်းနည်းတော့ ပါနေနိုင်တယ်။ • ပုဝါအစိုထဲ၊အဝတ်စိုထဲ၊ ရေထဲ၊ ရေချိုးကန်ထဲမှာ ပိုနေနိုင်မယ်။ • မျိုးဥသက်တမ်းက ပိုတိုတယ်။ သူ့ကိုယ်ထဲမှာသာရှိနေပေမဲ့ မျိုးဥအိမ်ကနေ ထွက်လာပြီးနောက်မှာ ၁၂ နာရီကနေ ၂၄ နာရီသာ ရှင်တယ်လို့ သုတေသနအများစုက ဆိုတယ်။ တချို့ကတော့ ၇၂ ကနေ ၁၂ဝ နာရီအထိ နေနိုင်တယ်လို့ ပြောတယ်။ • ရှားပါးပေမဲ့ ဖြစ်နိုင်သေးတာကအမျိုးသမီးဟာ တလတည်းမှာ မျိုးဥနှစ်ခုကို ၂၄ နာရီအတွင်းမှာ ထွက်နိုင်တယ်။ တစ်ရက်ကျော်မှထွက်တာလဲ ပြောမရဘူး။ ထွက်လာရင် ၂ ရက်အထိရှင်နိုင်တယ်လို့ ဆိုတာလဲရှိပါတယ်။ • ဒါကြောင့်အများဆုံးရက်တွေကို စုပေါင်းလိုက်ရင် တလမှာ ကိုယ်ဝန်ရနိုင်ခြေက သုက်ပိုးအသက် ၅ ရက်နဲ့ မျိုးဥအသက်၂ ရက်ဖြစ်လို့ (၅ + ၂ = ၇) ရက် ဖြစ်တယ်။ •အကောင်းဆုံး ကိုယ်ဝန်ရစေနိုင်တဲ့ရက်ဟာအမျိုးသမီး မျိုဥမထွက်ခင် ၁ ရက်မှာ ယောက်ျားသုက်ပိုး ဝင်လာစေတာ ဖြစ်တယ်။ Credit : ဒေါက်တာတင့်ဆွေသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..