လက်အရေပြား ခြောက်သွေ့ ကြမ်းတမ်းမှု ကွဲအက်မှုတွေကို ခံစားဖူးကြမှာပါ။ လက်ဆိုတာက လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာအလုပ်များပြားစွာ လုပ်ရတဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။အလုပ်တော်တော်များများအတွက်အသုံးပြုရတဲ့အရာလည်းဖြစ်ပါတယ်။ လူတော်တော်များများကတော့ လက်တွေကို ဂရုစိုက်တယ်ဆိုရင်လည်းအလွန်ကိုနည်းပါးတဲ့အချိန်ပဲဖြစ်ပါတယ်။ ဒီလိုဂရုမစိုက်ခြင်းရဲ့အကျိုးရလဒ်ကတော့ လက်အရေပြားတွေအို မင်းရင့်ရော်ပြီး ကြမ်းတမ်းခြောက်သွေ့ လာခြင်းပဲဖြစ်ပါတယ်။ လက်အရေပြားတွေ ကြမ်းတမ်းခြောက် သွေ့လာခြင်းဟာ စိတ်မချမ်းမြေ့စရာ ဖြစ်ရပ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလိုကြမ်းတမ်းခြောက်သွေ့မှုကို သင့်တင့်လျှောက်ပတ်တဲ့ ကုသမှုမျိုး မပြုလုပ်ဘူးဆိုရင်တော့အရေပြား ကွဲအက်လာမှုတွေနဲ့အတူ ရောဂါပိုး ကူးစက်လာမှုတွေကို ခံစားရ လာနိုင်ပါတယ်။ ဒီလို ခြောက်သွေ့ကြမ်းတမ်းမှုတွေကို ကုစားဖို့အတွက် သင်စားသုံးနေတဲ့အစားအစာတွေကိုအသုံးပြုနိုင်တဲ့အိမ်တွင်းဖြစ် ကုထုံးနည်း လမ်းလေးတွေရှိနေပါတယ်။ ဒီနည်းလမ်းတွေကအစိုဓာတ်ကို ဖြည့်စွမ်းပေးမှာ ဖြစ်တာကြောင့် ခြောက်သွေ့ ကြမ်းတမ်းမှုတွေကိုအရေပြားပေါ်မှ goodybye လို့ နှုတ်ဆက်လမ်းခွဲနိုင်မှာ ဖြစ်ပါတယ်။ လက်အရေပြားတွေ ခြောက်သွေ့ ကြမ်းတမ်းလာခြင်းဟာအကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။အေးလွန်းတဲ့လေ၊ နေရောင်ခြည်၊ ရေအေး၊ စိုထိုင်းစ ကျဆင်းမှု၊ ဓာတုပစ္စည်း လက်အလွန်အကျွံဆေးခြင်း၊ လက်ကိုဆပ်ပြာ ရေနှင့်အမြဲလို ထိတွေ့စေခြင်း၊ ဆေးဝါးများနှင့် ဓာတ်မတည့်မှုဖြစ်ခြင်းစတာတွေကြောင့် ပဲဖြစ်ပါတယ်။ သင့်ရဲ့လက်အရေပြားဟာ ကြမ်းတမ်း၊ ခြောက်သွေ့ နေတယ်ဆိုရင်တော့ ချောမွေ့နူးညံ့ သွားအောင်အာဟာရဓာတ်တွေ့ဖြည့်စွမ်းပေးဖို့ လိုပါတယ်။ သင့်တော်တဲ့ Product ပစ္စည်းနဲ့ မှန်ကန်တဲ့ Skin care ပြုလုပ်ပေးရပါမယ်။ ဒါ့ပြင်ရိုးရှင်းလွယ်ကူတဲ့အိမ်တွင်းကုထုံးနည်း လမ်းတွေကလည်း သင့်ရဲ့လက်တွေကို နူးညံ့ချောမွေ့ပြီး နုပျိုလာစေမှာ ဖြစ်ပါတယ်။အုန်းဆီကိုအသုံးပြုပေးလို့ ရပါတယ်။ ဒါဟာအင်မတန်မှ ရိုးရှင်းလွယ်ကူပြီးအကျိုးသက်ရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။အုန်းဆီကိုအနည်းငယ်နွေးအောင်လုပ်ပြီး လက်အရေပြားမှာ ပွတ်လိမ်းပါ။ ပြီးနောက် ၅ မိနစ်ခန့် ပွတ်သပ်နှိပ်နယ်ပေးပါ။ ဒါဟာ ညအိပ်ရာမဝင်မီမှာ ညစဉ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ် ပြီးတဲ့အခါမှာ ချည်သား လက်အိတ်လေးစွပ်ပြီးအိပ်မယ်ဆိုင် တော့အကောင်းဆုံးရလဒ်ကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့ပြင်အုန်းဆီနေရာမှာ ထောပတ်သီး၊ Jojoba နဲ့ ဗာဒံဆီတို့ကိုအသုံးပြုပြီး ပွတ်သပ်နှိပ်နယ် ပေးနိုင်ပါတယ်။ ပျားရည်ဟာ သဘာဝအစိုဓာတ်ကို ပေးစွမ်းနိုင်ပြီးအင်တီအောက်အီးဒင့်ဓာတ်တွေ ပေါင်းစပ်ပါဝင်နေပါတယ်။ သင့်လက်အသားအရေရဲ့အစိုဓာတ်ကို ဖြည့်စွမ်းထိန်း သိမ်းပေးနိုင်ပြီး နူးညံ့ချောမွေ့မှုကို ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ လက်အရေပြားကို ပျားရည်အနည်းငယ်နှင့်နေ့စဉ် (၁ဝ) မိနစ်ခန့်နူးညံ့စွာ ပွတ်သုတ်ပေးပါ။ ပြီးနောက် ရေနွေးနွေးလေးနှင့်ဆေးချ ပေးရပါမယ်။ ဒါ့အပြင် ပျားရည်နှင့် ဂရစ်စလင်း တို့ကို ဆတူရောပြီးလည်းအသုံးပြုပေးနိုင်ပါ သေးတယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ပျားရည် ၂ ဇွန်းမှာ သံလွင်ဆီနဲ့ သံပရိုရည်တို့ကို ပေါင်းစပ်ပြီး လက်အရေပြားမှာ ပွတ်သပ် လိမ်းကျံပါ။ သေချာစွာ နှံ့စပ်သွားပြီ ဆိုရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီအိမ်တွင်း ကုထုံးကိုတော့ တစ်ပတ်မှာ ၃ ကြိမ် (သို့မဟုတ်) ၄ ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်မှာ Lactic acid ပါဝင်တာကြောင့် သဘာဝ cleanser လို့တောင်ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ကြေးချွတ်နိုင်တဲ့အစွမ်းသတ္တိပါရှိတာကြောင့်အရေပြားပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ဒိန်ချဉ်စားပွဲတင်ဇွန်း ၁ ဇွန်းခန့်နဲ့ လက်အရေ ပြားကို ၅ မိနစ်ခန့်ပွတ်သပ်နှိပ်နယ်ပေးပါ။ နှိပ်နယ်ပြီးနောက် ၁ဝ မိနစ်ခန့်ထားကာ ရေနွေးနွေးလေးနှင့် ဆေးချပါ။ ဒါဟာ လက်အရေပြားတွေ နူးညံ့ချောမွေ့ လာစေဖို့ တစ်နေ့တစ် ကြိမ်ပြုလုပ် ရမည့်နည်းလမ်းပဲ ဖြစ်ပါတယ်။ ကွေကာကြမ်းအနည်းငယ်၊ သံလွင်ဆီနဲ့ စတော်ဘယ်ရီသီးအရွယ်တော် ၃ လုံး (သို့) ၄ လုံးခန့်ကို ပေါင်းစပ်ပြီးတော့လည်းအသုံးပြု နိုင်ပါသေးတယ်။ ပြုလုပ်ရမယ့် ပုံစံကတော့ ကွေကာကြမ်း၊အနည်းငယ်ကို ရေအနည်းငယ် နှင့် ဆန်ပြုတ်ကဲ့သို့ ပျစ်ခဲအောင်ကြိုချက်ပါ။အရွယ်တော် စတော်ဘယ်ရီသီး ၃ လုံး (သို့) ၄ လုံးခန့်ကို ခြေမွပြီး ပေါင်းစပ်ပေးပါ။ ထိုထဲသို့ သံလွင်ဆီ ၃ ဇွန်းခန့်ရောစပ်ပါ။အားလုံး ပေါင်း စပ်ပြီးသွားတဲ့အခါမှာတော့ ခြောက်သွေ့နေတဲ့ လက်အရေပြားကို သုတ်လိမ်းပြီး ညင်သာစွာနှိပ် နယ်ပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပြီး ခြောက်သွေ့တဲ့ တာဝါစ နဲ့ ပြန်သုတ်ပေးနိုင်ပါတယ်။ နူးညံ့ချောမွေ့တဲ့ လက်အရေပြားကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက်အလွယ်ကူဆုံးနည်းလမ်းတွေကို ရွေးချယ်ဖော်ပြပေးထားခြင်းပဲ ဖြစ်ပါတယ်။ သင်နှစ်သက်ရာနည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ပျိုမေများ နုပျိုစိုပြည်မှုကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။ Credit :အေမီချို သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။