
အရေပြားနှင့် ကြွက်သားအလွှာကြားမှာရှိတဲ့အဆီဆဲလ်များပေါင်းပြီးအလုံးအကျိတ်ဖြစ်လာခြင်းဖြစ်သည်။ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်နိုင်သည်။ လည်ပင်း၊ ကျောကုန်း၊ ပခုံး၊ ဂျိုင်း စသည့်နေရာများတွင် ပိုအဖြစ်များသည်။အဆီကျိတ်သည် မနာကျင်ပါ၊ ကိုင်ကြည့်လျှင် ပျော့ပျော့ကလေးဖြစ်ပြီး နေရာအနည်းငယ် ရွေ့သွားတတ်သည်။ တစ်လုံးတည်းလည်းဖြစ်နိုင်သည်။ တစ်ပြိုင်နက်တည်းအကျိတ်များစွာလည်းဖြစ်နိုင်သည်။အဆီကျိတ်သည်ကင်ဆာကျိတ်လုံးဝ မဟုတ်ပါ။လက္ခဏာများ- ကိုင်ကြည့်လျှင် ပျော့ပျော့အိအိဖြစ်နေခြင်း- ထိလိုက်ရုံမျှဖြင့်အနည်းငယ်ရွေ့သွားခြင်း-အရွယ်အစားသေးခြင်း (အများအားဖြင့် ၂လက်မ (သို့) ၅စင်တီမီတာ ပတ်လည်ရှိတတ်သည်)၊ သို့သော် နှစ်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းကြီးလာနိုင်ပါသည်။-အပေါ်အရေပြားတွင်အလုံးဖြစ်ရုံမျှအပ မည်သည့်ပြောင်းလဲမှုမှ မရှိခြင်း- မနာကျင်ခြင်းမှတ်ချက်။ ။အကျိတ်သည် နာကျင်လာလျှင်၊အရေပြားတွင် ပုံမှန်အရောင်မဟုတ်ဘဲ ပြောင်းလဲမှုရှိလာလျှင် ကင်ဆာဟုတ်၊ မဟုတ်စစ်ဆေးရန် သက်ဆိုင်ရာတတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်ပြသတိုင်ပင်ရပါမည်။ဖြစ်ပွားရသောအကြောင်းရင်းများ ဖြစ်ပွားရသည့်အကြောင်းအရင်းကို တိတိကျကျမပြောနိုင်ပေ။- မျိုးရိုးလိုက်၍ ဖြစ်တတ်သည်။- တခါတရံတွင် ထိခိုက်ဒဏ်ရာတခုခုရပြီးနောက်ပိုင်းမှအဆီကျိတ်ပေါ်လာတတ်သည်။အကြောင်းရင်းကိုမူ တိတိကျကျမပြောနိုင်ပေ။မှတ်ချက်။ ။အဝလွန်၍အဆီကျိတ်ဖြစ်သည်ဆိုသော ယူဆချက်မှာ လုံးဝမဟုတ်ပါ။ ဖြစ်နိုင်ချေများသူများ-အသက် ၄၀မှ ၆၀ကြားရှိသော လူလတ်ပိုင်းများ- မိဘမျိုးရိုးတွင်အဆီကျိတ်ဖြစ်ပွားခဲ့ဖူးသော ရာဇဝင်ရှိသူများ- ရောဂါအချို့နဲ့လည်း တွဲ၍ဖြစ်နိုင်သည်။ ( ဥပမာ - Adiposis dolorosa, Cowden's Syndrome, Gardner's Symdrome, Madelung's disease )မှတ်ချက်။ ။ ကလေးငယ်များတွင်အဆီကျိတ်ဖြစ်ပွားသည်မှာအလွန်ရှားပါသည်။နောက်ဆက်တွဲ ပြဿနာများ-အဆီကျိတ်သည် တဖြည်းဖြည်းနှင့်အရွယ်အစားကြီးလာကာအာရုံကြောများကို ဖိမိပါက နာကျင်နိုင်သည်။-အချို့အဆီကျိတ်များသည်အရွယ်အစားအလွန်ကြီးမားလာသဖြင့် မိမိ၏ပုံပန်းသွင်ပြင်၊ စိတ်ခံစားမှုများကို ထိခိုက်စေနိုင်သည်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆိုအလုံးအကျိတ်ပေါ်ပါက သက်ဆိုင်ရာတတ်ကျွမ်းနားလည်သောဆရာဝန်နှင့် ပြသရပါမည်။ သို့မှသာ ကင်ဆာကျိတ် ဟုတ်၊ မဟုတ် သိရှိနိုင်မည်။စစ်ဆေးမှုများ- ဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုလုပ်ရုံဖြင့်အဆီကျိတ် ဟုတ်၊ မဟုတ် သိနိုင်သည်။- ပိုသေချာစေရန်အကျိတ်မှအသားစယူ၍ စစ်ဆေးနိုင်သည်။- Ultrasound (တီဗွီဓာတ်မှန် ရိုက်ခြင်း)၊ MRI (သံလိုက်ဓာတ်မှန် ရိုက်ခြင်း)၊ CT scan (ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း) တို့ကို ကင်ဆာကျိတ်ဟု သံသယရှိပါကပြုလုပ်ပါသည်။ကုသခြင်း၂လက်မနှင့် ၂လက်မအောက်အဆီကျိတ်များ -အများအားဖြင့် ကုသရန်မလိုအပ်ပါ။ - သို့သော် နာကျင်လာလျှင်၊အကျိတ်ရှိနေခြင်းကို မကြိုက်လျှင် တတ်ကျွမ်းသောဆရာဝန်နှင့် ပြသကာ ထုံဆေးဖြင့် ခွဲထုတ်ခြင်း၊ စတီးရွိုက်ဆေးဖြင့် သေးအောင်ပြုလုပ်ခြင်း၊အဆီစုပ်ထုတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။၂လက်မနှင့်အထက်အဆီကျိတ်များ -အလွန်ကြီးသောအဆီကျိတ် (Giant Lipoma)ဟု သတ်မှတ်သည်။အာရုံကြောကို ဖိမိနိုင်၍ နာကျင်စေခြင်း၊ ပုံပန်းသွင်ပြင်ကို ထိခိုက်စေခြင်း၊အဝတ်အစားဝတ်ရာတွင်အခက်အခဲဖြစ်ခြင်းများ ကြုံတွေ့နိုင်သည်။ ထို့ကြောင့် သက်ဆိုင်ရာခွဲစိတ်ဆရာဝန်နှင့် ခွဲထုတ်ရန်လိုအပ်သည်။ကာကွယ်ခြင်း- ကာကွယ်၍ မရပါ။အခြားသိသင့်သောအချက်များ ခွဲစိတ်ထုတ်ပြီးသောနေရာတွင်အဆီကျိတ်ပြန်ဖြစ်သည်မှာ မရှိသလောက်အလွန်ရှားပါးပါသည်။Dr. Khine.W.Y.SanRef: Mayo Clinic, Web MD, Healthlineသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။