Evening Primrose Oil လေးရဲ့အသုံးဝင်ပုံ
hellosayarwon.com
|
2019-08-15

လေဒီလေးတွေ တော်တေ်ာများများအလှအပအတွက်သောက်ကြတဲ့ Evening Primroseအကြောင်းလေးနည်းနည်းလောက်ပြောပြချင်တာပါ။ Evening Primrose ကအလှအပအတွက်ပဲအသုံးဝင်တာလားဆိုတော့ မဟုတ်ပါဘူး။အခြားအသုံးဝင်တာတွေလည်းရှိပါသေးတယ်နော်။ ဒီဆောင်းပါးလေးကနေတဆင့် Evening Primrose လေးရဲ့အသုံးဝင်ပုံလေးကိုပြောပြပေးပါရစေနော်။

Evening Primrose Oil ကိုဘယ်ကရ
ပန်းဝါဝါလေးတွေပွင့်တဲ့ မြောက်အမေရိကမျိုးရင်းဝင်အပင်ရဲ့အစေ့ကနေထုတ်ယူထားတဲ့အဆီပါ။ လေဒီလေးတို့အတွက် သဘာဝကပေးတဲ့ဆေးတစ်မျိုးပေါ့။အများဆုံးတွေ့ရတာက  Evening Primrose Oil ကို

Omega 6 fatty acid နဲ့ရောစပ်လို့ လေဒီလေးတို့ ကျန်းမာရေးအတွက်သောက်သုံးကြတာများပါတယ်။ တကယ်တော့  Evening Primrose Oil ကလေဒီလေးတို့ရဲ့

အလှအပ အတွက်တင်မဟုတ်ဘဲအခုလိုလေးတွေလည်း ဆေးဖက်ဝင်ပါသေးတယ်။

Evening Primrose Oil ရဲ့ ဆေးဖက်ဝင်ပုံက
သဘာဝအဆီအနှစ် တစ်ခုဖြစ်တဲ့ Evening Primrose Oil  လေးကအခုလိုမျိုးဆေးဖက်ဝင်ပါတယ်နော်။ ဆီးချိုရှိသူတွေမှာအာရုံကြောထိခိုက်ပျက်စီးတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ် ဆီးချိုရှိသူတွေအနေနဲ့ နေ့စဉ် Evening Primrose Oil  ကိုတစ်လုံးစီသောက်သုံးမယ်ဆိုရင်

ဆီးချိုေ ကြာင့်

အာရုံကြောတွေ ထိခိုက်တာကို သိသိသာသာသက်သာလာစေမှာပါ။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါအသုံးပြုလို့ရပါတယ်။

အရိုးပြတာ ကို ကာကွယ်ပေးတယ်

ငါးကြီးဆီ ၊ ကယ်လ်ဆီယမ်တို့လိုမျိုးပဲအရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။အသက်ကြီးတာကြောင့်ဖြစ်တဲ့အရိုးဆုံးရှုံးမှုတွေကို ကာကွယ်ပေးသလိုအရိုးပါးတာ၊အရိုးပွတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်နော်။

အရေပြားြ ပဿနာတွေ သက်သာစေတယ်အရေပြားမှာဖြစ်တတ်တဲ့

ယားနာ ၊ နှင်းခူတို့လိုမျိုး

အရေပြားပြဿနာတွေ ကို သက်သာစေပြီး

အသားအရေ ကို စိုပြည်လှပလာစေနိုင်ပါတယ်။အသားလှချင်တဲ့ လေဒီလေးတို့အတွက်ကတော့ မိတ်ဆွေကောင်းပေါ့။

ဝက်ခြံ နဲ့ဝက်ခြံအမာရွတ်တွေကိုလျော့ပါးစေတယ် ဝက်ခြံတွေထွက်၊ ကုတ်မိဖဲ့မိလို့အမာရွတ်တွေဖြစ်နေတာကြောင့် စိတ်ညစ်နေလား လေဒီ Evening Primrose Oil  လေးရဲ့အကူအညီယူလိုက်ပါနော်။ ဝက်ခြံတွေထွက်တာကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကို တဖြည်းဖြည်းချင်းလျော့ပါးလာစေမှာပါ။

သွေးမဆုံးခင်လက္ခဏာတွေ ကို သက်သာစေနိုင်တယ် သွေးမဆုံးခင်မှာခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ သွေးဆုံးအကြိုလက္ခဏာအနေနဲ့ ခံစားရလေ့ရှိတဲ့အသားတွေ ပူစပ်ပူလောင်ဖြစစ်တာ၊အသားအရေနဲ့

ဆံသာ းခြောက်သွေ့တာတွေကိုပါသက်သာစေနိုင်တာပါ။အိပ်ပျော်စားဝင်စေတယ် ညညကောင်းကောင်းအိပ်မပျော်တာကအလှပျက်စေသလို

နေ့စဉ်လုပ်ဆောင်မှုတွေ ကိုလည် ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာတွေက ကင်းဝေးပြီး ညတိုင်း ကောင်းမွန်စွာအိပ်ပျော်ချင်တယ်ဆိုရင်တော့ Evening Primrose Oil လေးကအသုံးဝင်ပါတယ်။ ခေါင်းအစခြေအဆုံးလှပစေဖို့ Evening Primrose Oil လေးကိုအသုံးပြုပြီးအခုပဲအကောင်အထည်ဖော်လိုက်ရအောင်လား ................

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။




Some text some message..