မပေါက်စေချင်သောအမွှေးများ
ရှက်လည်း ရှက်ပါတယ် ရှက်လည်းရှက်ပါဘူးဆိုပြီး ဘောင်းဘီအတိုဝတ်ချင်သူ၊ ရေကူးဝတ်စုံ ဝတ်ချင်သူအမျိုးသမီးများအနေဖြင့် ရိတ်သော်လည်းအဆင်မပြေသော မိမိရဲ့မိန်းမကိုယ်ပေါ်ရှိအမွှေးများ သဘာဝနည်းဖြင့် ဖယ်ရှားနည်းများကို ရေးသားပေးလိုက်ပါတယ်။
သဘာဝနည်းဖြင့် ဖယ်ရှားခြင်းသည် ဒဏ်ရာမရခြင်း၊ ဓာတုဗေဒလိမ်းဆေးများကြောင့် လောင်ကျွမ်းခြင်းစသည့် ဒုက္ခကင်းဝေစေပါမယ်။ သဘာဝနည်းဖြင့်မဖယ်ရှားခင်အမွှေးအမျှင်များကို ညှပ်ပေးပါ၊ မိမိနဲ့မတည့်တဲ့ပစ္စည်းများမသုံးပါနဲ့။
(1) သကြား
သင့်အိမ်မှာ ရှိသောသကြား ၃ ဇွန်း၊ လိမ္မော်တဇွန်းနှင့် ပျားရည်ရောစပ်ကာအဆိုပါအမွှေးနေရာကို လိမ်းပေးပါကအမွှေးများ ပျော့၍ ဖယ်ရှားရလွယ်ကူစေပါတယ်။
(2) ကုလားပဲအမှုန့်
ကုလားပဲမှုန့် တခွက်ကို ဆားနှင့် ရေရောမွှေကာနေ့စဉ်အမွှေးနေရာကို လိမ်းပေးပါ။အဆိုပါနည်းသည်အချိန်ယူရသည်ဆိုသော်လည်းအမွှေးများအလိုလိုကျွတ်ကာ ဆိုးကျိုးမရှိပါ။
(3) ပျားရည်
ပျားရည်နှစ်ဇွန်းနှင့် သကြားတစ်ဇွန်း ရောသုတ်လိမ်းခြင်းသည်အမွှေးဖယ်ရှားနည်းသည်အမွှေးကောက်များမရှိပါကအလွန်အသုံးဝင်ပါတယ်။
(4) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ကို ပျားရည်နှင့်ရောပါ၊အပူပေးပါ၊အဆိုပါအရော ခပ်နွေးနွေးကိုအမွှေးအမျှင်များနေရာသို့ သုတ်လိမ်းပေးပါ။အဆိုပါနည်းသည်အမွှေးအမျှင်ဖယ်ရှားရန်အကောင်းဆုံးနည်းများထဲမှ တစ်ခုဖြစ်ပါတယ်။
(5) လိမ္မော်ရည်
လိမ္မော်ရည်နှင့် ပျားရည်ရောစပ်ကာ ပူနွေးပေးပါ။အဆိုပါအရည်ကို မိမိရဲ့အမွှေးနေရာသို့ လိမ်းပေးပါ။အမွှေးရိတ်ပြီး နောက်သုတ်လိမ်းရန်အကောင်းဆုံးအရည်ဖြစ်ပါတယ်။
(6)အားလူးနှင့် ပဲနီကလေး
အားလူးအမှုန့်နှင့် ပဲနီကလေးအမှုန့်ပြုလုပ်ပါ။အဆိုပါအမှုန့်များကို ပျားရည်ရောကာအပူပေးပါ။ ရလာသောအရည်ပစ်ပစ်ကိုအမွှေးအမျှင်ဖယ်ရန် ထူထူလေးလိမ်းပေးပါ။အကောင်းဆုံးအိမ်တွင်းပြုလုပ်သော နည်းတစ်နည်းပါ။
(7) oatmeal နှင့် ပျားရည်
oatmeal နှင့် ပျားရည်ရောလိမ်းပြီးအမွှေးဖယ်ရှားနည်းသည်လည်းအလွယ်ကူဆုံးအိမ်တွင်းနည်းတစ်နည်းပါ။
အဆိုပါနည်းများ သုံးပြီးနောက် ဆီးခုံပေါ်သိုရေခဲကပ်ပေးပါက မွှေးညင်းပေါက်များပိတ်ကာအရေပြားပိုးကူးစက်မှု ကာကွယ်ပေးပါတယ်။ မိန်းမကိုယ်ကို နေ့စဉ်သန့်ရှင်းအောင် ဆေးကြောပေးပါ။အဆိုပါ ဆီးခုံအရေပြားကို ချေးချွတ်နည်းများ လုံးဝမပြုလုပ်သင့်ပါ။အရေပြားပွန်းပဲ့ ဒဏ်ရာရရှိနိုင်ပါတယ်။
ကောင်းကျိုးနှင့် ဆိုးကျိုး
ဆီးခုံအမွှေးများကို ဖယ်ရှားခြင်းသည် ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုးလုံး ဖြစ်စေပါတယ်။
ကောင်းကျိုးအနေဖြင့်
(1) စိတ်ဝင်စားမှု ခံရခြင်း
ဆီးခုံအမွှေးများ ဖယ်ရှားထားသောကြောင့် သန့်ရှင်းနေသည်ဟု ယုံကြည်ကာ စွဲဆောင်မှု ပိုမိုစေပါတယ်။
(2)လိင်ဆက်ဆံမှုအဆင်ပြေခြင်း
ဆီးခုံအမွှေးများမရှိသောကြောင့် လိင်ဆက်ဆံရာတွင် ဆက်ဆံမှုအဆင်ပြေကာအထိအတွေ့နူးညံ့မှု ပိုမိုခံစားမှု ရရှိစေနိုင်ပါတယ်။
(3) တကိုယ်ရည်သန့်ရှင်းမှု
ဆီးခုံမွှေးရှိခြင်းသည်အပူ၊ ချွေးနှင့်ပိုးမွှားများ ကပ်ညှိနေသောကြောင့် မလိုလားအပ်သော ရောဂါကူးစက်မှု ဖြစ်စေသောကြောင့် ဆီးခုံမွှေးမရှိခြင်းသည် တကိုယ်ရည်သန့်ရှင်းမှု ကောင်းစေပါတယ်။
ဆိုးကျိုးများ
– ရောဂါကူးစက်လွယ်ခြင်း
ဆီးခုံမွှေးတွင် ရောဂါပိုးကပ်ညှိနိုင်သော်လည်းအရေပြားကို ဖုံးအုပ်ကာကွယ်သောကြောင့် မရှိပါက ရောဂါပိုး ပိုမိုကူးစက်လွယ်နိုင်ပါတယ်။အမွှေးဖယ်ရှားစဉ်အရေပြားဒဏ်ရာ ရလွယ်နိုင်ပါတယ်။ မလိုလားအပ်သော ထိခိုက်ရှနာမှတဆင့် ကူးစက်ရောဂါ ပျံ့ပွားလွယ်ပါတယ်။
အဆင်ပြေကြပါစေ ……..
Dr . ပြည့်ရှင်း